ဟာလန်းရဲ့တန်ကြေးကို ၇၅ သန်းတောင် သတ်မှတ်ထားပေမယ့် ခေါ်ယူဖိ့ုအသင့်ဖြစ်နေတဲ့ မန်ယူ

Photo Credit

Photo Credit

ယူနိုက်တက်နည်းပြ အိုလီဂန်နာဆိုးလ်ရှားကတော့ တိုက်စစ်အင်အားဖြည့်တင်းဖိ့ု ဆဲလ်ဘတ်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူလိုနေပါတယ်။

Photo Credit

မန်ချက်စတာယူနိုက်တက်အသင်းဟာ အဆိုပါ နော်ဝေသားကို ၂၀၁၇ ခုနှစ်က နည်းပြဆိုးလ်ရှားကိုင်တွယ်ခဲ့တဲ့ မိုလ်ဒီအသင်းမှာ ကစားခဲ့စဉ်ကတည်းက စောင့်ကြည့်နေခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ဆဲလ်ဘတ်အသင်းက ကစားသမားရဲ့ တန်ကြေးကို ပေါင် ၇၅ သန်းသတ်မှတ်ထားပေမယ့် ဆိုးလ်ရှားရဲ့ တပည့်ဟောင်းကို ယူနိုက်တက်က ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

Photo Credit

ဟာလန်းဟာ ဥရောပမှာ အလားအလာရှိတဲ့ လူငယ်ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ယူနိုက်တက်လိုပဲ အာဆင်နယ်၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်နဲ့ ဘိုင်ယန်မြူနစ်အသင်းတိ့ုကလည်း အပြိုင်ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

Photo Credit

မန်စီးတီးနဲ့ လိဒ်ယူနိုက်တက်အသင်းတို့ရဲ့ကွင်းလယ်ကစားသမားဟောင်းလည်းဖြစ် ဟာလန်းရဲ့ ဖခင်လည်းဖြစ်တဲ့ အက်ဖ်အင်ဂီကတော့ ယူနိုက်တက်ကို သွားရောက်မှာ မတားမြစ်ပေမယ့် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့တာက ဟာလန်းအတွက် မှားယွင်းလိမ့်မယ်လို့ ယုံကြည်နေတယ်ဆိုပြီး ဂျာမန်ရှိသတင်းတွေက ရေးသားနေကြပါတယ်။

Photo Credit

ဟာလန်းကစားတဲ့နေရာက ယူနိုက်တက်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖိ့ုဒ်ကစားတဲ့နေရာ ဖြစ်နေတာကြောင့် ဆိုးလ်ရှားရဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့ ယူနိုက်တက်ရဲ့ အကြီးအကဲတွေကတော့ ဟာလန်းကို ခေါ်ယူဖို့ ဆွေးနွေးတိုင်ပင်နေကြပါတယ်။

Photo Credit

ဟာလန်းကို ဆဲလ်ဘတ်အသင်းက ပေါင် ၄.၅ သန်းနဲ့သာ ခေါ်ယူခဲ့တာဖြစ်ပြီး နော်ဝေသားဟာ ၂၀၁၉-၂၀ရာသီမှာ ၁၈ ပွဲ ပွဲထွက်ကစားပြီး ၂၆ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၆ ကြိမ်နဲ့ ဟက်ထရစ် ၅ ကြိမ် ရရှိထားပါတယ်။

Photo Credit

Zawgyi

ဟာလန္းရဲ႕တန္ေၾကးကို ၇၅ သန္းေတာင္ သတ္မွတ္ထားေပမယ့္ ေခၚယူဖိ႔ုအသင့္ျဖစ္ေနတဲ့ မန္ယူ

ယူႏိုက္တက္နည္းျပ အိုလီဂန္နာဆိုးလ္ရွားကေတာ့ တိုက္စစ္အင္အားျဖည့္တင္းဖိ႔ု ဆဲလ္ဘတ္တိုက္စစ္မွဴး ဟာလန္းကို ေခၚယူလိုေနပါတယ္။
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အဆိုပါ ေနာ္ေဝသားကို ၂၀၁၇ ခုႏွစ္က နည္းျပဆိုးလ္ရွားကိုင္တြယ္ခဲ့တဲ့ မုိလ္ဒီအသင္းမွာ ကစားခဲ့စဥ္ကတည္းက ေစာင့္ၾကည့္ေနခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္မွာ ဆဲလ္ဘတ္အသင္းက ကစားသမားရဲ႕ တန္ေၾကးကို ေပါင္ ၇၅ သန္းသတ္မွတ္ထားေပမယ့္ ဆိုးလ္ရွားရဲ႕ တပည့္ေဟာင္းကို ယူႏိုက္တက္က ေခၚယူဖို႔ ျပင္ဆင္ေနပါတယ္။
ဟာလန္းဟာ ဥေရာပမွာ အလားအလာရွိတဲ့ လူငယ္ကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး ယူႏိုက္တက္လိုပဲ အာဆင္နယ္၊ ရီးရဲလ္မက္ဒရစ္၊ ဂ်ဴဗင္တပ္စ္နဲ႔ ဘိုင္ယန္ျမဴနစ္အသင္းတိ႔ုကလည္း အၿပိဳင္ေခၚယူဖို႔ စိတ္ဝင္စားေနၾကပါတယ္။
မန္စီးတီးနဲ႔ လိဒ္ယူႏိုက္တက္အသင္းတို႔ရဲ႕ကြင္းလယ္ကစားသမားေဟာင္းလည္းျဖစ္ ဟာလန္းရဲ႕ ဖခင္လည္းျဖစ္တဲ့ အက္ဖ္အင္ဂီကေတာ့ ယူႏိုက္တက္ကို သြားေရာက္မွာ မတားျမစ္ေပမယ့္ ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႕တာက ဟာလန္းအတြက္ မွားယြင္းလိမ့္မယ္လို႔ ယံုၾကည္ေနတယ္ဆိုၿပီး ဂ်ာမန္ရွိသတင္းေတြက ေရးသားေနၾကပါတယ္။
ဟာလန္းကစားတဲ့ေနရာက ယူႏိုက္တက္တိုက္စစ္မွဴး မားကပ္စ္ရက္ရွ္ဖိ႔ုဒ္ကစားတဲ့ေနရာ ျဖစ္ေနတာေၾကာင့္ ဆိုးလ္ရွားရဲ႕ နည္းျပအဖြဲ႕ဝင္ေတြနဲ႔ ယူႏိုက္တက္ရဲ႕ အၾကီးအကဲေတြကေတာ့ ဟာလန္းကို ေခၚယူဖို႔ ေဆြးေႏြးတိုင္ပင္ေနၾကပါတယ္။
ဟာလန္းကို ဆဲလ္ဘတ္အသင္းက ေပါင္ ၄.၅ သန္းနဲ႔သာ ေခၚယူခဲ့တာျဖစ္ၿပီး ေနာ္ေဝသားဟာ ၂၀၁၉-၂၀ရာသီမွာ ၁၈ ပြဲ ပြဲထြက္ကစားၿပီး ၂၆ ဂိုးသြင္း၊ ဂိုးဖန္တီးမႈ ၆ ႀကိမ္နဲ႔ ဟက္ထရစ္ ၅ ႀကိမ္ ရရွိထားပါတယ္။