ဟာလန်းဖခင်ကို ဆော်ပလော်တီးခဲ့တာနဲ့ ပတ်သက်လို့ နောင်တမရတဲ့ ရွိုင်ကိန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်တိုက်စစ်မှူးဟောင်း ရွိုင်ကိန်းက မန်စီးတီးကစားသမားဟောင်း အယ်လ်ဖင်အင်ဂီဟာလန်းကို အပြင်းအထန် ဒဏ်ရာ ရရှိစေခဲ့တာနဲ့ ပတ်သက်ပြီး နောင်တမရဘူးလို့ ပြောကြားလိုက်ပါတယ်။

ကိန်းကသူ့အနေနဲ့ ပြိုင်ဘက်ကစားသမားကိုတမင်နာကျင်ရအောင်ရည်ရွယ်ဖျက်ထုတ်မှုပြုလုပ်ခဲ့ဖူးကြောင်း၊ သူ့ကိုလည်းအခြားကစားသမားများကနာကျင်အောင်ပြုလုပ်ခဲ့ဖူး တာကြောင့် ဝေဒနာပေးတဲ့ ကိစ္စအတွက်လုံးဝတောင်းပန်မှာ မဟုတ်ကြောင်းပြောဆိုထားပါတယ်။

၂၀၀၁ခုနှစ်တုန်းကမန်ချက်စတာဒါဘီပွဲစဉ်မှာရွိုင်ကိန်းဟာအယ်လ်ဖင်ဟာလန်းအားကြမ်းတမ်းစွာဖျက်ထုတ်မှုပြုလုပ်ခဲ့တာကြောင့် အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။

အဲဒီနောက် ၃ ပွဲပယ်ခံခဲ့ရကာ နောက်ထပ် ၂၀၀၂ မှာလည်း ၅ ပွဲပယ်ခံခဲ့ရပြန်ပါတယ်။

အယ်လ်ဖင်ဟာလန်းကတော့ အဲဒီတုန်းကဒဏ်ရာကြောင့်ပဲ ၂၀၀၃ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူခဲ့ရတာဖြစ်ပါတယ်။

ဟာလန်းရဲ့ဖခင် နဲ့ ကိန်းတို့ကြားမှာ ပြဿနာတွေရှိခဲ့ပေမယ့် ဒေါ့မွန်စတား ဟာလန်းဟာ ယူနိုက်တက်ကို ပြောင်းချင်စိတ်ရှိခဲ့ပါတယ်။

ကိန်းက “ဘောလုံးကွင်းထဲမှာဖြစ်ပျက်တာနဲ့ပတ်သက်ပြီးလုံးဝနောင်တမရပါဘူး။ငါအထုတ်ခံခဲ့ရတယ်။ပြီးတော့အသင်းကိုနိမ့်ကျအောင်လုပ်ခဲ့တယ်”

“ငါကပြိုင်ဘက်တွေနဲ့တိုက်ပွဲဆင်နွှဲနေရတာ။တစ်ရွာလုံးနဲ့တစ်ယောက်လိုပဲ။

ပြိုင်ဘက် ကစားသမားတွေကိုနာကျင်အောင်လုပ်ခဲ့သလားဆိုတော့လုပ်ခဲ့ဖူးတယ်။

ဒါပေမယ့်တောင်းပန်မှာတော့မဟုတ်ဘူး။ငါ့ကိုလည်းနာအောင်လုပ်ကြတာပဲလေ။

ဒီအတွက်တောင်းပန်ဖို့ပြောနေမှာလည်းမဟုတ်ဘူး။”

“ဒါပေမယ့်ငါ့ဘဝမှာဘယ်ကစားသမားတစ်ယောက်ယောက်ကိုမှဒဏ်ရာရပါစေတော့ဆိုပြီးမလုပ်ခဲ့ဖူးဘူး။

ကွင်းလယ်ကဘောလုံးတစ်လုံးအတွက်ကြိုးစားနေချိန်မှာဘယ်သူမဆိုဒဏ်ရာရသွားနိုင်တာပဲလေ”လို့ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဟာလန္းဖခင္ကို ​ေဆာ္ပ​ေလာ္တီးခဲ့တာနဲ႔ ပတ္သက္လို႔ ​ေနာင္တမရတဲ့ ႐ြိဳင္ကိန္း

ယူႏိုက္တက္တိုက္စစ္မႉးေဟာင္း ႐ြိဳင္ကိန္းက မန္စီးတီးကစားသမားေဟာင္း အယ္လ္ဖင္အင္ဂီဟာလန္းကို အျပင္းအထန္ ဒဏ္ရာ ရရွိေစခဲ့တာနဲ႔ ပတ္သက္ၿပီး ေနာင္တမရဘူးလို႔ ေျပာၾကားလိုက္ပါတယ္။

ကိန္းကသူ႔အ​ေနနဲ႔ ၿပိဳင္ဘက္ကစားသမားကိုတမင္နာက်င္ရေအာင္ရည္႐ြယ္ဖ်က္ထုတ္မႈျပဳလုပ္ခဲ့ဖူးေၾကာင္း၊သူ႔ကိုလည္းအျခားကစားသမားမ်ားကနာက်င္ေအာင္ျပဳလုပ္ခဲ့ဖူး တာ​ေၾကာင့္ ​ေ၀ဒနာ​ေပးတဲ့ ကိစၥအတြက္လုံးဝေတာင္းပန္မွာ မဟုတ္ေၾကာင္း​ေျပာဆိုထားပါတယ္။

၂၀၀၁ခုႏွစ္တုန္းကမန္ခ်က္စတာဒါဘီပြဲစဥ္မွာ႐ြိဳင္ကိန္းဟာအယ္လ္ဖင္ဟာလန္းအားၾကမ္းတမ္းစြာဖ်က္ထုတ္မႈျပဳလုပ္ခဲ့တာေၾကာင့္အနီကတ္ျပထုတ္ပယ္ခံခဲ့ရပါတယ္။အဲဒီေနာက္ ၃ ပြဲပယ္ခံခဲ့ရကာ ေနာက္ထပ္ ၂၀၀၂ မွာလည္း ၅ ပြဲပယ္ခံခဲ့ရျပန္ပါတယ္။

အယ္လ္ဖင္ဟာလန္းကေတာ့ အဲဒီတုန္းကဒဏ္ရာေၾကာင့္ပဲ ၂၀၀၃ ခုႏွစ္မွာ ကစားသမားဘဝကေန အနားယူခဲ့ရတာျဖစ္ပါတယ္။ ဟာလန္းရဲ႕ဖခင္ နဲ႔ ကိန္းတို႔ၾကားမွာ ျပႆနာေတြရွိခဲ့ေပမယ့္ ေဒါ့မြန္စတား ဟာလန္းဟာ ယူႏိုက္တက္ကို ေျပာင္းခ်င္စိတ္ရွိခဲ့ပါတယ္။

ကိန္းက “ေဘာလုံးကြင္းထဲမွာျဖစ္ပ်က္တာနဲ႔ပတ္သက္ၿပီးလုံးဝေနာင္တမရပါဘူး။ငါအထုတ္ခံခဲ့ရတယ္။ၿပီးေတာ့အသင္းကိုနိမ့္က်ေအာင္လုပ္ခဲ့တယ္။ ငါကၿပိဳင္ဘက္ေတြနဲ႔တိုက္ပြဲဆင္ႏႊဲေနရတာ။တစ္႐ြာလုံးနဲ႔တစ္ေယာက္လိုပဲ။ ၿပိဳင္ဘက္ ကစားသမားေတြကိုနာက်င္ေအာင္လုပ္ခဲ့သလားဆိုေတာ့လုပ္ခဲ့ဖူးတယ္။ဒါေပမယ့္ေတာင္းပန္မွာေတာ့မဟုတ္ဘူး။ငါ့ကိုလည္းနာေအာင္လုပ္ၾကတာပဲေလ။ ဒီအတြက္ေတာင္းပန္ဖို႔ေျပာေနမွာလည္းမဟုတ္ဘူး။”

“ဒါေပမယ့္ငါ့ဘဝမွာဘယ္ကစားသမားတစ္​ေယာက္​ေယာက္ကိုမွဒဏ္ရာရပါေစေတာ့ဆိုၿပီးမလုပ္ခဲ့ဖူးဘူး။ကြင္းလယ္ကေဘာလုံးတစ္လုံးအတြက္ႀကိဳးစားေနခ်ိန္မွာဘယ္သူမဆိုဒဏ္ရာရသြားႏိုင္တာပဲေလ”လို႔ေျပာၾကားခဲ့ပါတယ္။