ဟာလန်းကို ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆက်တိုက်စည်းရုံးနေတဲ့ ဆိုးလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားဟာ ဒေ့ါမွန်လူငယ်ကြယ်ပွင့်တိုက်စစ်မှူး ဟာလန်းကို ယူနိုက်တက်အသင်းဆီပြောင်းရွှေ့ဖို့ အခုအချိန်အထိ ဆက်လက်စည်းရုံးနေဆဲဖြစ်ပါတယ်။ ဒေ့ါမွန်အသင်းဟာ ဒီရာသီဘွန်ဒစ်လီဂါမှာ ရုန်းကန်နေရပြီး လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မသေချာဖြစ်နေတာကြောင့် ဟာလန်းအနေနဲ့ အခုနှစ်ကုန်ပိုင်းလောက်မှာ အသင်းနဲ့လမ်းခွဲဖို့ရှိတယ်ဆိုတဲ့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာပါ။

ဟာလန်းကို ခေါ်ယူဖို့အတွက် ဥရောပထိပ်သီးအသင်းတွေဖြစ်တဲ့ ရီးယဲလ်၊ ချယ်လ်ဆီး၊ မန်စီးတီးအသင်းတွေက ပစ်မှတ်ထားနေတာကြောင့် ဆိုးလ်ရှားဟာ တခြားအသင်းတွေထက် လက်ဦးမှုရယူပြီး ဟာလန်းကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။ စပိန်အားကစားသတင်းစာ AS က ဆိုးလ်ရှားဟာ ဟာလန်းဆီ ဆက်တိုက်ဆက်သွယ်ပြီး ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့ စည်းရုံးနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဆိုးလ်ရှားဟာ နော်ဝေကလပ် မိုလ်ဒီအသင်းနည်းပြအဖြစ် ဆောင်ရွက်ခဲ့စဉ်တုန်းက ဟာလန်းနဲ့ လက်တွဲခဲ့ဖူးပြီး အခုယူနိုက်တက်အသင်းမှာလည်း သူ့တပည့်ဟောင်းနဲ့ ပြန်လည်လက်တွဲဖို့ ဆန္ဒရှိနေတာလည်းဖြစ်ပါတယ်။ ဒီရာသီမှာ ဟာလန်းဟာ ကလပ်အသင်းအတွက်သာမက နော်ဝေအသင်းအတွက်ပါ ခြေစွမ်းပြဂိုးတွေသွင်းယူနေပြီး ပြိုင်ပွဲစုံမှာ (၃၆)ပွဲကစား၊ (၃၉)ဂိုးအထိသွင်းယူခဲ့တာဖြစ်ပါတယ်။

ဟာလန်းနဲ့ ဒေ့ါမွန်အသင်းတို့ချုပ်ဆိုထားတဲ့စာချုပ်အရ ဟာလန်းကို ခေါ်ယူလိုတဲ့အသင်းဟာ စာချုပ်ပါလျော်ကြေးပေါင်သန်း(၉၀)ပေးချေရမှာဖြစ်ပြီး ပြောင်းရွှေ့ကြေးအားလုံးကို လက်ငင်းပေးချေရမှာလည်းဖြစ်ပါတယ်။ ဟာလန်းကို ခေါ်ယူနိုင်ဖို့ ယူနိုက်တက်အသင်းအတွက် အခက်အခဲဖြစ်စရာအချက်က သူ့ရဲ့အေးဂျင့်က ယူနိုက်တက်နဲ့ဆက်ဆံရေးအဆင်မပြေတဲ့ ရိုင်အိုလာဖြစ်နေလို့ပါပဲ။

ယူနိုက်တက်ကွင်းလယ်လူ ပေ့ါဘာအပါအဝင် ထိပ်တန်းအဆင့် ကစားသမားအများစုရဲ့ အေးဂျင့်အဖြစ်ဆောင်ရွက်နေသူ ရိုင်အိုလာဟာ ပေါ့ဘာရဲ့အနာဂတ်နဲ့ပတ်သက်ပြီး လူသိရှင်ကြားပြောဆိုခဲ့တဲ့အတွက် ယူနိုက်တက်အသင်းနဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့တာပါ။

ဒါပေမဲ့လည်း ယူနိုက်တက်အသင်းအနေနဲ့ ဥရောပရဲ့လူငယ်ကြယ်ပွင့်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူနိုင်ဖို့အတွက် သူတို့ရဲ့ဂုဏ်သိက္ခာတွေကို ခဏဘေးဖယ်ပြီး ရိုင်အိုလာနဲ့ ဆက်ဆံရေးအဆင်ပြေအောင် ကြိုးစားသွားဖို့ရှိနေပါပြီ။

ဟာလန်းဟာ ပြီးခဲ့တဲ့စနေနေ့တုန်းက ကိုလုံးနဲ့သရေကျခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲမှာ အသင်းရဲ့စွမ်းဆောင်ရည်အပေါ် မကျေမနပ်ဖြစ်ပြီး ဒေါသတကြီးဆဲဆိုခဲ့တာကြောင့် သူ့အနာဂတ်နဲ့ပတ်သက်တဲ့ ခန့်မှန်းသတင်းတွေက ပိုကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဟာလန္းကို ယူႏိုက္တက္အသင္းဆီ ေျပာင္းေ႐ႊ႕ဖို႔ ဆက္တိုက္စည္း႐ုံးေနတဲ့ ဆိုးလ္ရွား

မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပ ဆိုးလ္ရွားဟာ ေဒ့ါမြန္လူငယ္ၾကယ္ပြင့္တိုက္စစ္မႉး ဟာလန္းကို ယူႏိုက္တက္အသင္းဆီေျပာင္းေ႐ႊ႕ဖို႔ အခုအခ်ိန္အထိ ဆက္လက္စည္း႐ုံးေနဆဲျဖစ္ပါတယ္။ ေဒ့ါမြန္အသင္းဟာ ဒီရာသီဘြန္ဒစ္လီဂါမွာ ႐ုန္းကန္ေနရၿပီး လာမယ့္ရာသီခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ မေသခ်ာျဖစ္ေနတာေၾကာင့္ ဟာလန္းအေနနဲ႔ အခုႏွစ္ကုန္ပိုင္းေလာက္မွာ အသင္းနဲ႔လမ္းခြဲဖို႔ရွိတယ္ဆိုတဲ့ သတင္းေတြက်ယ္က်ယ္ျပန႔္ျပန႔္ထြက္ေပၚေနတာပါ။ ဟာလန္းကို ေခၚယူဖို႔အတြက္ ဥေရာပထိပ္သီးအသင္းေတြျဖစ္တဲ့ ရီးယဲလ္၊ ခ်ယ္လ္ဆီး၊ မန္စီးတီးအသင္းေတြက ပစ္မွတ္ထားေနတာေၾကာင့္ ဆိုးလ္ရွားဟာ တျခားအသင္းေတြထက္ လက္ဦးမႈရယူၿပီး ဟာလန္းကို ေခၚယူႏိုင္ဖို႔ ႀကိဳးပမ္းေနတာလည္းျဖစ္ပါတယ္။ စပိန္အားကစားသတင္းစာ AS က ဆိုးလ္ရွားဟာ ဟာလန္းဆီ ဆက္တိုက္ဆက္သြယ္ၿပီး ယူႏိုက္တက္အသင္းဆီ ေျပာင္းေ႐ႊ႕ဖို႔ စည္း႐ုံးေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ဆိုးလ္ရွားဟာ ေနာ္ေဝကလပ္ မိုလ္ဒီအသင္းနည္းျပအျဖစ္ ေဆာင္႐ြက္ခဲ့စဥ္တုန္းက ဟာလန္းနဲ႔ လက္တြဲခဲ့ဖူးၿပီး အခုယူႏိုက္တက္အသင္းမွာလည္း သူ႔တပည့္ေဟာင္းနဲ႔ ျပန္လည္လက္တြဲဖို႔ ဆႏၵရွိေနတာလည္းျဖစ္ပါတယ္။ ဒီရာသီမွာ ဟာလန္းဟာ ကလပ္အသင္းအတြက္သာမက ေနာ္ေဝအသင္းအတြက္ပါ ေျခစြမ္းျပဂိုးေတြသြင္းယူေနၿပီး ၿပိဳင္ပြဲစုံမွာ (၃၆)ပြဲကစား၊ (၃၉)ဂိုးအထိသြင္းယူခဲ့တာျဖစ္ပါတယ္။ ဟာလန္းနဲ႔ ေဒ့ါမြန္အသင္းတို႔ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္အရ ဟာလန္းကို ေခၚယူလိုတဲ့အသင္းဟာ စာခ်ဳပ္ပါေလ်ာ္ေၾကးေပါင္သန္း(၉၀)ေပးေခ်ရမွာျဖစ္ၿပီး ေျပာင္းေ႐ႊ႕ေၾကးအားလုံးကို လက္ငင္းေပးေခ်ရမွာလည္းျဖစ္ပါတယ္။ ဟာလန္းကို ေခၚယူႏိုင္ဖို႔ ယူႏိုက္တက္အသင္းအတြက္ အခက္အခဲျဖစ္စရာအခ်က္က သူ႔ရဲ႕ေအးဂ်င့္က ယူႏိုက္တက္နဲ႔ဆက္ဆံေရးအဆင္မေျပတဲ့ ႐ိုင္အိုလာျဖစ္ေနလို႔ပါပဲ။ ယူႏိုက္တက္ကြင္းလယ္လူ ေပ့ါဘာအပါအဝင္ ထိပ္တန္းအဆင့္ ကစားသမားအမ်ားစုရဲ႕ ေအးဂ်င့္အျဖစ္ေဆာင္႐ြက္ေနသူ ႐ိုင္အိုလာဟာ ေပါ့ဘာရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး လူသိရွင္ၾကားေျပာဆိုခဲ့တဲ့အတြက္ ယူႏိုက္တက္အသင္းနဲ႔ ဆက္ဆံေရးအဆင္မေျပျဖစ္ခဲ့တာပါ။

ဒါေပမဲ့လည္း ယူႏိုက္တက္အသင္းအေနနဲ႔ ဥေရာပရဲ႕လူငယ္ၾကယ္ပြင့္တိုက္စစ္မႉး ဟာလန္းကို ေခၚယူႏိုင္ဖို႔အတြက္ သူတို႔ရဲ႕ဂုဏ္သိကၡာေတြကို ခဏေဘးဖယ္ၿပီး ႐ိုင္အိုလာနဲ႔ ဆက္ဆံေရးအဆင္ေျပေအာင္ ႀကိဳးစားသြားဖို႔ရွိေနပါၿပီ။ ဟာလန္းဟာ ၿပီးခဲ့တဲ့စေနေန႔တုန္းက ကိုလုံးနဲ႔သေရက်ခဲ့တဲ့ ဘြန္ဒစ္လီဂါပြဲမွာ အသင္းရဲ႕စြမ္းေဆာင္ရည္အေပၚ မေက်မနပ္ျဖစ္ၿပီး ေဒါသတႀကီးဆဲဆိုခဲ့တာေၾကာင့္ သူ႔အနာဂတ္နဲ႔ပတ္သက္တဲ့ ခန႔္မွန္းသတင္းေတြက ပိုက်ယ္က်ယ္ေလာင္ေလာင္ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။