ဟာလန်းကို ယူနိုက်တက်ထက် အရင်ခေါ်နိုင်တော့မယ့် အသင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

သတင်းတွေအရ ချဲလ်ဆီးအသင်းပိုင်ရှင် မိုဗစ်ဟာ ဒေါ့မွန်စတား ဟာလန်းကို နွေရာသီမှာ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ချယ်လ်ဆီး အသင်းနည်းပြသစ် တူချယ်လ် ကလည်း ဟာလန်းကို ခေါ်ယူချင်နေတာကြောင့် အသင်းပိုင်ရှင်က ငွေကြေးအသုံးပြုဖို့ ခွင့်ပြုလိုက်တာဖြစ်ပါတယ်။ အသက် ၂၀ အရွယ်ကစားသမားဟာ ဥရောပရဲ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲကတစ်ဦးဖြစ်ပြီး ကလပ်အသင်းတော်တော်များများကခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ဟာလန်း ရဲ့အေးဂျင့်ဖြစ်တဲ့ ရွိုင်အိုလာ ကတော့ သူ့ရဲ့ကစားသမားကို ခေါ်ယူနိုင်ဖို့ ကလပ်အသင်း (၁၀)သင်းလောက်ကပဲ တတ်နိုင်ပြီး အဲဒီထဲမှာ အင်္ဂလန်က (၄)သင်းပါဝင်တယ်လို့ မကြာသေးခင်က ပြောဆိုခဲ့ပါသေးတယ်။ ဟာလန်းဟာ ဒေါ့မွန်အသင်းကို ပြောင်းရွှေ့လာပြီးနောက် ၄၃ ပွဲမှာ ၄၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ပါက ဒေ့ါမွန်အသင်းကို စွန့်ခွာဖွယ်ရှိနေပါတယ်။

တစ်ဖက်မှာတော့ ယူနိုက်တက်ကလည်း ဟာလန်းကို ခေါ်ယူဖို့ အစဉ်တစ်စိုက် ကြိုးစားနေတာဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှားက ဟာလန်းကို မိုလ်ဒီမှာကတည်းက စိတ်ဝင်စားနေတာဖြစ်ပါတယ်။ အခုအချိန်အထိလည်း ဆိုးလ်ရှားက ဟာလန်းနဲ့ အဆက်အသွယ်ရှိနေဆဲဖြစ်ကြောင်း မကြာခင်တုန်းက ပြောဆိုထားပါသေးတယ်။

ဒေါ့မွန် အသင်းကတော့ အခုနွေရာသီမှာ ဟာလန်း ကို ခေါ်ယူချင်တဲ့ အသင်းတွေကို ပေါင်သန်း (၁၅၀)နဲ့ အထက်ရရင် ရောင်းချချင်နေတယ်ဆိုပြီး သတင်းထွက်ထားပါတယ်။ ဂိုးသွင်းစက်လေးကို ဘယ်အသင်းခေါ်ယူနိုင်မလဲ၊ ဒါမှမဟုတ် ဒေါ့မွန်မှာပဲ ဆက်မြဲနေမလားဆိုတာ ဆက်လက် စောင့်ကြည့်ရအောင်ပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဟာလန္းကို ယူႏိုက္တက္ထက္ အရင္ေခၚႏိုင္ေတာ့မယ့္ အသင္း

သတင္းေတြအရ ခ်ဲလ္ဆီးအသင္းပိုင္ရွင္ မိုဗစ္ဟာ ေဒါ့မြန္စတား ဟာလန္းကို ေႏြရာသီမွာ ေခၚယူဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ ခ်ယ္လ္ဆီး အသင္းနည္းျပသစ္ တူခ်ယ္လ္ ကလည္း ဟာလန္း ကို ေခၚယူခ်င္ေနတာေၾကာင့္ အသင္းပိုင္ရွင္က ေငြေၾကးအသုံးျပဳဖို႔ ခြင့္ျပဳလိုက္တာျဖစ္ပါတယ္။ အသက္ ၂၀ အ႐ြယ္ကစားသမားဟာ ဥေရာပရဲ႕အေကာင္းဆုံး တိုက္စစ္မႉးေတြထဲကတစ္ဦးျဖစ္ၿပီး ကလပ္အသင္းေတာ္ေတာ္မ်ားမ်ားကေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။

ဟာလန္း ရဲ႕ေအးဂ်င့္ျဖစ္တဲ့ ႐ြိဳင္အိုလာ ကေတာ့ သူ႔ရဲ႕ကစားသမားကို ေခၚယူႏိုင္ဖို႔ ကလပ္အသင္း (၁၀)သင္းေလာက္ကပဲ တတ္ႏိုင္ၿပီး အဲဒီထဲမွာ အဂၤလန္က (၄)သင္းပါဝင္တယ္လို႔ မၾကာေသးခင္က ေျပာဆိုခဲ့ပါေသးတယ္။ ဟာလန္းဟာ ေဒါ့မြန္အသင္းကို ေျပာင္းေ႐ႊ႕လာၿပီးေနာက္ ၄၃ ပြဲမွာ ၄၃ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္မရခဲ့ပါက ေဒ့ါမြန္အသင္းကို စြန႔္ခြာဖြယ္ရွိေနပါတယ္။တစ္ဖက္မွာေတာ့ ယူႏိုက္တက္ကလည္း ဟာလန္းကို ေခၚယူဖို႔ အစဥ္တစ္စိုက္ ႀကိဳးစားေနတာျဖစ္ပါတယ္။

နည္းျပ ဆိုးလ္ရွားက ဟာလန္းကို မိုလ္ဒီမွာကတည္းက စိတ္ဝင္စားေနတာျဖစ္ပါတယ္။ အခုအခ်ိန္အထိလည္း ဆိုးလ္ရွားက ဟာလန္းနဲ႔ အဆက္အသြယ္ရွိေနဆဲျဖစ္ေၾကာင္း မၾကာခင္တုန္းက ေျပာဆိုထားပါေသးတယ္။ ေဒါ့မြန္ အသင္းကေတာ့ အခုေႏြရာသီမွာ ဟာလန္း ကို ေခၚယူခ်င္တဲ့ အသင္းေတြကို ေပါင္သန္း (၁၅၀)နဲ႔ အထက္ရရင္ ေရာင္းခ်ခ်င္ေနတယ္ဆိုၿပီး သတင္းထြက္ထားပါတယ္။ ဂိုးသြင္းစက္​ေလးကို ဘယ္အသင္း​ေခၚယူႏိုင္မလဲ၊ ဒါမွမဟုတ္ ​ေဒါ့မြန္မွာပဲ ဆက္ၿမဲ​ေနမလားဆိုတာ ​ဆက္လက္ ​ေစာင့္ၾကည့္ရ​ေအာင္ပါ။