ဟာလန်းကို မန်ယူဘာကြောင့် လက်လွှတ်ခဲ့ရသလဲ

Photo-Internet
Photo-Internet

မန်ယူအသင်းဟာ နော်ဝေတိုက်စစ်မှူ း ဟာလန်းကိုခေါ်ယူဖို့ အခွင့်အရေးရခဲ့ပေမယ့်လည်း သူ့အေးဂျင့်နဲ့ ဖခင်ဖြစ်သူတို့က ငွေတောင်းဆိုမှုကြမ်းခဲ့လို့ မခေါ်ဘဲလက်လွှတ်လိုက်တာလို့ သိရပါတယ်။ ဟာလန်း ဟာဆဲလ်ဘတ်ကနေ ဒေါ့မန်ကိုပေါင် ၁၈ သန်းနဲ့မနေ့က ရောက်ရှိသွားခဲ့သူဖြစ်ပါတယ်။

ဒေါ့မန်ဟာ ဟာလန်းရဲ့စာချုပ်ပါတန်ကြေးအတိုင်းပေးချေခဲ့တာဖြစ်ပြီး တစ်ပတ်လစာပေါင် ၁၃၀၀၀၀ နဲ့ ၄ နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ အသက် ၁၉ နှစ်သာရှိသေးတဲ့ ဟာလန်းဟာဆဲလ်ဘတ်အတွက် ဒီရာသီချန်ပီယံလိဂ်အုပ်စုအဆင့် ၆ ပွဲမှာ ၈ ဂိုးသွင်းယူပြီး မှတ်တမ်းသစ်ရယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Photo-Internet

မန်ယူဟာ ဟာလန်းရဲ့ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့သေးပေမယ့် အေးဂျင့်ရွိုင်အိုလာနဲ့ ဖခင်ဖြစ်တဲ့ အင်ဂီဟာလန်း တို့ကအနာဂတ် ဟာလန်းရဲ့အပြောင်းအရွှေ့မှာသူတို့ရဲ့ငွေကြေးရပိုင်ခွင့်ကို အများအပြားတောင်းဆိုခဲ့ကြပါတယ်။ ဒါဟာ ဟာလန်းရဲ့အနာဂတ်ကို ရွိုင်အိုလာက ထိန်းချုပ်ပိုင်ခွင့်ရတဲ့သဘောဖြစ်လို့ မန်ယူဘက်က လက်မခံခဲ့တာကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရတာဖြစ်ပါတယ်။

Photo-Internet

မန်ယူနည်းပြ ဆိုးလ်ရှားဟာ မိုလ်ဒီကိုကိုင်တွယ်တုန်းက ဟာလန်းနဲ့လက်တွဲခဲ့ဘူးသူဖြစ်ပြီး ကစားသမားကိုစည်းရုံးဖို့အတွက် အခုလအစောပိုင်းက ဆဲလ်ဘတ်ကိုလေယာဉ်နဲ့သွားရောက်ခဲ့သေးသူဖြစ်ပါတယ်။ ဒါပေမယ့် ဟာလန်းကိုခေါ်ယူလိုသလားဆိုတဲ့ မေးခွန်းတွေကိုတော့ သူကတိကျတဲ့အဖြေမပေးခဲ့ပါဘူး။

Photo-Internet

မန်ယူအသင်းမှာ ရက်ရှ်ဖို့ဒ်၊ မာရှယ်၊ ဒန်နီရယ်ဂျိမ်းစ်တို့အပြင် မေဆန်ဂရင်းဝုဒ် ပါခြေစွမ်းပြသနေပေမယ့် မန်ယူဟာ ဈေးကွက်ထဲမှာ တိုက်စစ်မှူ းသစ်တစ်ဦး ခေါ်ယူဖို့ကြိုးစားနေတာပါ။ ဒါ့အပြင် ကွင်းလယ်မှာလည်း အနည်းဆုံး ၂ ဦးဖြည့်တင်းဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

Photo-Internet

Zawgyi

ဟာလန္းကို မန္ယူဘာေၾကာင့္ လက္လႊတ္ခဲ့ရသလဲ

မန္ယူအသင္းဟာ ေနာ္ေ၀တိုက္စစ္မွဴ း ဟာလန္းကိုေခၚယူဖို႔ အခြင့္အေရးရခဲ့ေပမယ္႔လည္း သူ႔ေအးဂ်င့္နဲ႔ ဖခင္ျဖစ္သူတို႔က ေငြေတာင္းဆိုမႈၾကမ္းခဲ့လို႔ မေခၚဘဲလက္လႊတ္လိုက္တာလို႔ သိရပါတယ္။ ဟာလန္း ဟာဆဲလ္ဘတ္ကေန ေဒါ့မန္ကိုေပါင္ ၁၈ သန္းနဲ႔မေန႔က ေရာက္ရွိသြားခဲ့သူျဖစ္ပါတယ္။

ေဒါ့မန္ဟာ ဟာလန္းရဲ႕စာခ်ဳပ္ပါတန္ေၾကးအတိုင္းေပးေခ်ခဲ့တာျဖစ္ၿပီး တစ္ပတ္လစာေပါင္ ၁၃၀၀၀၀ နဲ႔ ၄ ႏွစ္ခြဲစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။ အသက္ ၁၉ ႏွစ္သာရွိေသးတဲ႔ ဟာလန္းဟာဆဲလ္ဘတ္အတြက္ ဒီရာသီခ်န္ပီယံလိဂ္အုပ္စုအဆင့္ ၆ ပြဲမွာ ၈ ဂိုးသြင္းယူၿပီး မွတ္တမ္းသစ္ရယူႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။

မန္ယူဟာ ဟာလန္းရဲ႕ကိုယ္စားလွယ္ေတြနဲ႔ ေတြ႔ဆုံေဆြးေႏြးခဲ့ေသးေပမယ္႔ ေအးဂ်င့္ရြိဳင္အိုလာနဲ႔ ဖခင္ျဖစ္တဲ႔ အင္ဂီဟာလန္း တို႔ကအနာဂတ္ ဟာလန္းရဲ႕အေျပာင္းအေရႊ႕မွာသူတို႔ရဲ႕ေငြေၾကးရပိုင္ခြင့္ကို အမ်ားအျပားေတာင္းဆိုခဲ့ၾကပါတယ္။ ဒါဟာ ဟာလန္းရဲ႕အနာဂတ္ကို ရြိဳင္အိုလာက ထိန္းခ်ဳပ္ပိုင္ခြင့္ရတဲ႔သေဘာျဖစ္လို႔ မန္ယူဘက္က လက္မခံခဲ့တာေၾကာင့္ အေျပာင္းအေရႊ႕ပ်က္ျပယ္ခဲ့ရတာျဖစ္ပါတယ္။

မန္ယူနည္းျပ ဆိုးလ္ရွားဟာ မိုလ္ဒီကိုကိုင္တြယ္တုန္းက ဟာလန္းနဲ႔လက္တြဲခဲ့ဘူးသူျဖစ္ၿပီး ကစားသမားကိုစည္းရုံးဖို႔အတြက္ အခုလအေစာပိုင္းက ဆဲလ္ဘတ္ကိုေလယာဥ္နဲ႔သြားေရာက္ခဲ့ေသးသူျဖစ္ပါတယ္။ ဒါေပမယ္႔ ဟာလန္းကိုေခၚယူလိုသလားဆိုတဲ႔ ေမးခြန္းေတြကိုေတာ႔ သူကတိက်တဲ႔အေျဖမေပးခဲ့ပါဘူး။

မန္ယူအသင္းမွာ ရက္ရွ္ဖို႔ဒ္၊ မာရွယ္၊ ဒန္နီရယ္ဂ်ိမ္းစ္တို႔အျပင္ ေမဆန္ဂရင္း၀ုဒ္ ပါေျခစြမ္းျပသေနေပမယ္႔ မန္ယူဟာ ေစ်းကြက္ထဲမွာ တိုက္စစ္မွဴ းသစ္တစ္ဦး ေခၚယူဖို႔ႀကိဳးစားေနတာပါ။ ဒါ့အျပင္ ကြင္းလယ္မွာလည္း အနည္းဆုံး ၂ ဦးျဖည့္တင္းဖို႔ စီစဥ္ထားတယ္လို႔လည္း သိရပါတယ္။