ဟာလန်းကို ခေါ်ယူချင်တယ်ဆိုရင် (၁)နှစ်လစာပေါင်(၄၃)သန်းအထိပေးဖို့ PSG အသင်းကို ရိုင်အိုလာတောင်းဆိုသွားမယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြင်သစ်ထိပ်သီးကလပ် PSG အသင်းဟာ လာမယ့်နှစ်၊နွေရာသီကျရင် ဒေ့ါမွန်အသင်းရဲ့နော်ဝေလူငယ်ကြယ်ပွင့်တိုက်စစ်မှူးဟာလန်းကို ခေါ်ယူဖို့ပစ်မှတ်ထားနေပြီး

အေးဂျင့်ဖြစ်သူရိုင်အိုလာကတော့ ဟာလန်းကို ခေါ်ချင်တယ်ဆိုရင် (၁)နှစ်လစာအဖြစ်ပေါင်(၄၃)သန်းအထိပေးဖို့ တောင်းဆိုသွားမယ်လို့သတင်းထွက်နေပါတယ်။

PSG အသင်းရဲ့အဓိကတိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ ဘာပေဟာ လာမယ့်ရာသီကျရင် လာလီဂါထိပ်သီးရီးယဲလ်အသင်းဆီပြောင်းရွှေ့ဖို့နီးစပ်နေတာကြောင့် ဘာပေရဲ့နေရာမှာအစားထိုးဖို့ ဟာလန်းကို ပစ်မှတ်ထားနေတာပါ။

ဘာပေရဲ့လက်ရှိစာချုပ်က ဒီရာသီကုန်ကျရင်သက်တမ်းပြည့်မှာဖြစ်ပြီး စာချုပ်သက်တမ်းတိုးဖို့ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့သလို ပြီးခဲ့တဲ့နွေရာသီကတည်းက ရီးယဲလ်အသင်းဆီပြောင်းရွှေ့ဖို့ဆန္ဒရှိခဲ့ပေမယ့် PSG အသင်းက တားဆီးခဲ့တာကြောင့် ဘာပေဟာ ရာသီကုန်မှ ရီးယဲလ်အသင်းကို အလွတ်နဲ့ပြောင်းဖို့ရှိနေပါပြီ။

ဟာလန်းရဲ့စာချုပ်လျော်ကြေးက လာမယ့်နှစ်ကျရင် ပေါင်(၆၄)သန်းအထိ လျော့ကျသွားမှာဖြစ်လို့ PSG အသင်းအနေနဲ့ ဟာလန်းအတွက် ပေါင်သန်းရာနဲ့ချီအသုံးပြုစရာမလိုတော့ပေမယ့်

ဟာလန်းရဲ့အေးဂျင့်ဖြစ်တဲ့ ရိုင်အိုလာကတော့ လစာငွေအဖြစ် ပေါင်(၄၃)သန်းအထိတောင်းဆိုသွားဖို့ရှိတယ်လို့ အီတလီနာမည်ကျော်သတင်းစာ Gazzetta dello Sport ကဖော်ပြခဲ့ပါတယ်။

ဒေ့ါမွန်အသင်းအတွက်ခြေစွမ်းပြဂိုးတွေသွင်းယူနေတဲ့ ဟာလန်းကို PSG အသင်းသာမကဘဲ ချယ်လ်ဆီး၊ မန်ချက်စတာယူနိုက်တက်၊ မန်စီးတီး၊ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်၊ ရီးယဲလ်စတဲ့ ဥရောပထိပ်သီးအသင်းတွေကပစ်မှတ်ထားနေကြတာပါ။

ဒါပေမဲ့ ဘဏ္ဍာရေးအနေအထားအရ တောင့်တင်းမှုရှိနေတဲ့ PSG အသင်းက တခြားအသင်းတွေထက် ဟာလန်းကို ခေါ်ယူနိုင်ဖို့အခြေအနေပိုကောင်းနေတာဖြစ်ပါတယ်။

ရိုင်အိုလာဟာ အခုနှစ်အစောပိုင်းက ဟာလန်းရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ရီးယဲလ်၊ ဘာစီလိုနာအပါအဝင် ထိပ်သီးအသင်းတာဝန်ရှိသူတွေနဲ့တွေ့ဆုံစကားပြောဆိုခဲ့ပြီး

လာမယ့်နှစ်ကျရင် ဟာလန်းရဲ့စာချုပ်လျော်ကြေးက လျော့ကျသွားမှာဖြစ်လို့ သူ့ကိုခေါ်ယူလိုတဲ့အသင်းတွေ တစ်သင်းနဲ့တစ်သင်းပိုပြီးအပြိုင်အဆိုင်ဖြစ်လာနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ရိုအိုင်လာအနေနဲ့ ဟာလန်းအတွက် မြင့်မားတဲ့လစာငွေရရှိဖို့တောင်းဆိုသွားမယ့်အနေအထားကြောင့် ဟာလန်းကိုခေါ်ယူလိုနေတဲ့အသင်းတွေ အခက်ကြုံရဖို့ရှိနေပေမယ့်

PSG အသင်းဟာ ဂိုးသမားဒွန်နာရမ်မာကို ခေါ်ယူခဲ့တုန်းက ရိုင်အိုလာနဲ့ဆက်ဆံရေးကောင်းတွေရှိခဲ့လို့ တခြားအသင်းတွေထက် လက်ဦးမှုရယူနိုင်မယ့်အခြေအနေရှိနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဟာလန္းကို ေခၚယူခ်င္တယ္ဆိုရင္ (၁)ႏွစ္လစာေပါင္(၄၃)သန္းအထိေပးဖို႔ PSG အသင္းကို ႐ိုင္အိုလာေတာင္းဆိုသြားမယ္

ျပင္သစ္ထိပ္သီးကလပ္ PSG အသင္းဟာ လာမယ့္ႏွစ္၊ေႏြရာသီက်ရင္ ေဒ့ါမြန္အသင္းရဲ႕ေနာ္ေဝလူငယ္ၾကယ္ပြင့္တိုက္စစ္မႉးဟာလန္းကို ေခၚယူဖို႔ပစ္မွတ္ထားေနၿပီး ေအးဂ်င့္ျဖစ္သူ႐ိုင္အိုလာကေတာ့ ဟာလန္းကို ေခၚခ်င္တယ္ဆိုရင္ (၁)ႏွစ္လစာအျဖစ္ေပါင္(၄၃)သန္းအထိေပးဖို႔ ေတာင္းဆိုသြားမယ္လို႔သတင္းထြက္ေနပါတယ္။ PSG အသင္းရဲ႕အဓိကတိုက္စစ္ကစားသမားတစ္ဦးျဖစ္တဲ့ ဘာေပဟာ လာမယ့္ရာသီက်ရင္ လာလီဂါထိပ္သီးရီးယဲလ္အသင္းဆီေျပာင္းေ႐ႊ႕ဖို႔နီးစပ္ေနတာေၾကာင့္ ဘာေပရဲ႕ေနရာမွာအစားထိုးဖို႔ ဟာလန္းကို ပစ္မွတ္ထားေနတာပါ။

ဘာေပရဲ႕လက္ရွိစာခ်ဳပ္က ဒီရာသီကုန္က်ရင္သက္တမ္းျပည့္မွာျဖစ္ၿပီး စာခ်ဳပ္သက္တမ္းတိုးဖို႔ကမ္းလွမ္းမႈကို ျငင္းဆန္ခဲ့သလို ၿပီးခဲ့တဲ့ေႏြရာသီကတည္းက ရီးယဲလ္အသင္းဆီေျပာင္းေ႐ႊ႕ဖို႔ဆႏၵရွိခဲ့ေပမယ့္ PSG အသင္းက တားဆီးခဲ့တာေၾကာင့္ ဘာေပဟာ ရာသီကုန္မွ ရီးယဲလ္အသင္းကို အလြတ္နဲ႔ေျပာင္းဖို႔ရွိေနပါၿပီ။ ဟာလန္းရဲ႕စာခ်ဳပ္ေလ်ာ္ေၾကးက လာမယ့္ႏွစ္က်ရင္ ေပါင္(၆၄)သန္းအထိ ေလ်ာ့က်သြားမွာျဖစ္လို႔ PSG အသင္းအေနနဲ႔ ဟာလန္းအတြက္ ေပါင္သန္းရာနဲ႔ခ်ီအသုံးျပဳစရာမလိုေတာ့ေပမယ့္ ဟာလန္းရဲ႕ေအးဂ်င့္ျဖစ္တဲ့ ႐ိုင္အိုလာကေတာ့ လစာေငြအျဖစ္ ေပါင္(၄၃)သန္းအထိေတာင္းဆိုသြားဖို႔ရွိတယ္လို႔ အီတလီနာမည္ေက်ာ္သတင္းစာ Gazzetta dello Sport ကေဖာ္ျပခဲ့ပါတယ္။

ေဒ့ါမြန္အသင္းအတြက္ေျခစြမ္းျပဂိုးေတြသြင္းယူေနတဲ့ ဟာလန္းကို PSG အသင္းသာမကဘဲ ခ်ယ္လ္ဆီး၊ မန္ခ်က္စတာယူႏိုက္တက္၊ မန္စီးတီး၊ ဘာစီလိုနာ၊ ဂ်ဴဗင္တပ္စ္၊ ရီးယဲလ္စတဲ့ ဥေရာပထိပ္သီးအသင္းေတြကပစ္မွတ္ထားေနၾကတာပါ။ ဒါေပမဲ့ ဘ႑ာေရးအေနအထားအရ ေတာင့္တင္းမႈရွိေနတဲ့ PSG အသင္းက တျခားအသင္းေတြထက္ ဟာလန္းကို ေခၚယူႏိုင္ဖို႔အေျခအေနပိုေကာင္းေနတာျဖစ္ပါတယ္။

႐ိုင္အိုလာဟာ အခုႏွစ္အေစာပိုင္းက ဟာလန္းရဲ႕အေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္ၿပီး ရီးယဲလ္၊ ဘာစီလိုနာအပါအဝင္ ထိပ္သီးအသင္းတာဝန္ရွိသူေတြနဲ႔ေတြ႕ဆုံစကားေျပာဆိုခဲ့ၿပီး လာမယ့္ႏွစ္က်ရင္ ဟာလန္းရဲ႕စာခ်ဳပ္ေလ်ာ္ေၾကးက ေလ်ာ့က်သြားမွာျဖစ္လို႔ သူ႔ကိုေခၚယူလိုတဲ့အသင္းေတြ တစ္သင္းနဲ႔တစ္သင္းပိုၿပီးအၿပိဳင္အဆိုင္ျဖစ္လာႏိုင္မယ္လို႔ ယုံၾကည္ေနပါတယ္။ ႐ိုအိုင္လာအေနနဲ႔ ဟာလန္းအတြက္ ျမင့္မားတဲ့လစာေငြရရွိဖို႔ေတာင္းဆိုသြားမယ့္အေနအထားေၾကာင့္ ဟာလန္းကိုေခၚယူလိုေနတဲ့အသင္းေတြ အခက္ႀကဳံရဖို႔ရွိေနေပမယ့္ PSG အသင္းဟာ ဂိုးသမားဒြန္နာရမ္မာကို ေခၚယူခဲ့တုန္းက ႐ိုင္အိုလာနဲ႔ဆက္ဆံေရးေကာင္းေတြရွိခဲ့လို႔ တျခားအသင္းေတြထက္ လက္ဦးမႈရယူႏိုင္မယ့္အေျခအေနရွိေနပါၿပီ။