ဟာလန်းကိုလှောင်ပြောင်မှုမှာ မပါဝင်ခဲ့တဲ့ တစ်ဦးတည်းသောပီအက်စ်ဂျီကစားသမား

photo-sport bible

photo-goal

ပြီးခဲ့တဲ့ဗုဒ္ဓဟူးညချန်ပီယံလိဂ်ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းသားတွေဟာ ဒေါ့မန်တိုက်စစ်မှုးလေးအာလင်းဟာလန်းကို  လှောင်ပြောင်သရော်ခဲ့ကြတာဟာ ဥရောပက ဘောလုံးသတင်းစာမျက်နှာတွေထက်မှာတောင် အတော်လေးကို နေရာယူသွားခဲ့တာပါ။ နေမာဦးဆောင်တဲ့ ပီအက်စ်ဂျီကစားသမားတွေဟာ ပွဲချိန်အတွင်းမှာရော၊ ပွဲအပြီးမှာရော၊ အဝတ်အစားလဲခန်းထဲမှာရော ဆိုရှယ်မီဒီယာထက်မှာ ဟာလန်းကို အဆက်မပြတ်လှောင်ပြောင်ခဲ့ကြတာ ဖြစ်ပါတယ်။

photo-gettyimages

အဲဒါနဲ့ပတ်သက်လို့ အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှုးဟောင်းဂယ်ရီလိုင်နီကာအပါအဝင် ဘောလုံးနယ်ပယ်ထဲက တချို့ဟာ သဘောမတွေ့ခဲ့ကြပါဘူး။ ၁၉ နှစ်သာရှိသေးတဲ့ ပြိုင်ဘက်ကစားသမားလေးကို အဲဒီလောက်လုပ်ရလားဆိုပြီး ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ ပီအက်စ်ဂျီကစားသမားတွေဘက်ကလည်း သူတို့အကြောင်းပြချက်နဲ့သူတို့ ရှိနေကြတာပါ။

photo-gettyimages

ဒါပေမဲ့ ဟာလန်းကို လှောင်ပြောင်မှုလုပ်ခဲ့တာ ပီအက်စ်ဂျီတစ်သင်းလုံးတော့ မဟုတ်ပါဘူး။ အဲဒီကိစ္စမှာ မပါဝင်ခဲ့တဲ့ တစ်ဦးတည်းသောပီအက်စ်ဂျီကစားသမားက တိုက်စစ်မှုးကာဗာနီဖြစ်ပါတယ်။ ဥရုဂွေးသတင်းစာတစ်စောင်ရဲ့အဆိုအရဆိုရင် ကာဗာနီဟာ ဒီလိုနည်းလမ်းနဲ့အောင်ပွဲခံခဲ့တဲ့နေမာရဲ့ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ခဲ့တယ်လို့ သိရပါတယ်။ ဒ့ါအပြင် ကာဗာနီဟာ အဝတ်အစားလဲခန်းအတွင်း လှောင်ပြောင်မှုလုပ်တော့လည်း ပါဝင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

[Zawgyi]

ဟာလန္းကိုေလွာင္ေျပာင္မႈမွာ မပါ၀င္ခဲ့တဲ့ တစ္ဦးတည္းေသာပီအက္္စ္ဂ်ီကစားသမား

ၿပီးခဲ့တဲ့ဗုဒၶဟူးညခ်န္ပီယံလိဂ္ပြဲစဥ္မွာ ပီအက္စ္ဂ်ီအသင္းသားေတြဟာ ေဒါ့မန္တိုက္စစ္မႈးေလးအာလင္းဟာလန္းကို  ေလွာင္ေျပာင္သေရာ္ခဲ့ၾကတာဟာ ဥေရာပက ေဘာလုံးသတင္းစာမ်က္ႏွာေတြထက္မွာေတာင္ အေတာ္ေလးကို ေနရာယူသြားခဲ့တာပါ။ ေနမာဦးေဆာင္တဲ့ ပီအက္စ္ဂ်ီကစားသမားေတြဟာ ပြဲခ်ိန္အတြင္းမွာေရာ၊ ပြဲအၿပီးမွာေရာ၊ အ၀တ္အစားလဲခန္းထဲမွာေရာ ဆုိရွယ္မီဒီယာထက္မွာ ဟာလန္းကို အဆက္မျပတ္ေလွာင္ေျပာင္ခဲ့ၾကတာ ျဖစ္ပါတယ္။

အဲဒါနဲ႔ပတ္သက္လို႔ အဂၤလန္ဂႏၳ၀င္တိိုက္စစ္မႈးေဟာင္းဂယ္ရီလိုင္နီကာအပါအ၀င္ ေဘာလုံးနယ္ပယ္ထဲက တခ်ိဳ႕ဟာ သေဘာမေတြ႕ခဲ့ၾကပါဘူး။ ၁၉ ႏွစ္သာရွိေသးတဲ့ ၿပိဳင္ဘက္ကစားသမားေလးကို အဲဒီေလာက္လုပ္ရလားဆိုၿပီး ေ၀ဖန္မႈေတြလည္း ရွိခဲ့ပါတယ္။ ပီအက္စ္ဂ်ီကစားသမားေတြဘက္ကလည္း သူတို႔အေၾကာင္းျပခ်က္နဲ႔သူတို႔ ရွိေနၾကတာပါ။

ဒါေပမဲ့ ဟာလန္းကို ေလွာင္ေျပာင္မႈလုပ္ခဲ့တာ ပီအက္စ္ဂ်ီတစ္သင္းလုံးေတာ့ မဟုတ္ပါဘူး။ အဲဒီကိစၥမွာ မပါ၀င္ခဲ့တဲ့ တစ္ဦးတည္းေသာပီအက္စ္ဂ်ီကစားသမားက တိုက္စစ္မႈးကာဗာနီျဖစ္ပါတယ္။ ဥရုေဂြးသတင္းစာတစ္ေစာင္ရဲ႕အဆုိအရဆိုရင္ ကာဗာနီဟာ ဒီလိုနည္းလမ္းနဲ႔ေအာင္ပြဲခံခဲ့တဲ့ေနမာရဲ႕ဆုံးျဖတ္ခ်က္ကို ေမးခြန္းထုတ္ခဲ့တယ္လို႔ သိရပါတယ္။ ဒ့ါအျပင္ ကာဗာနီဟာ အ၀တ္အစားလဲခန္းအတြင္း ေလွာင္ေျပာင္မႈလုပ္ေတာ့လည္း ပါ၀င္ဖို႔ ျငင္းဆန္ခဲ့ပါတယ္။