
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူနိုက်တက် အသင်းဟာ လာမယ့်နွေရာသီမှာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ကာဗာနီ နဲ့ မာရှယ် တို့ကို ဆုံးရှုံးရဖွယ်ရှိနေတာကြောင့် တိုက်စစ်ပိုင်းအတွက် မဖြစ်မနေ လှုပ်ရှားဖွယ်ရှိနေတာဖြစ်ပါတယ်။
ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့က ရော်နယ်ဒို၊ဗာရာနီ နဲ့ ဆန်ချို တို့လို ထိပ်တန်းကစားသမားတွေကို ခေါ်ယူအားဖြည့်ခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒို ကတော့ အသင်းအတွက် (၅)ဂိုးသွင်းယူထားပြီး ခြေစွမ်းပြသနေတာလည်းဖြစ်ပါတယ်။
မန်ချက်စတာအခြေစိုက် MEN သတင်းဌာနက ဖော်ပြရာမှာ ဆိုးလ်ရှားနဲ့ ဘောလုံးဒါရိုက်တာ ဂျွန်မာတက်တို့က အနာဂတ်အတွက်ဆိုရင် ဟာလန်းဟာ ပိုကောင်းတဲ့ ရွေးချယ်စရာဖြစ်တယ်လို့ အပြန်အလှန် သဘောထားတူညီနေကြောင်း ဖော်ပြလာခဲ့ပါတယ်။
ဟာလန်းဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် ရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့ အမွေကို ဆက်ခံဖို့ ရေပန်းစားစာရင်းမှာ ထိပ်ဆုံးနေရာက ရပ်တည်နေတာပါ။
ဟာလန်းတစ်ယောက် ဒေါ့မွန်ကို ရောက်ပြီးကတည်းက အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ ပိုပိုပြီး ကောင်းလာခဲ့ပြီး ပြိုင်ပွဲစုံ ၆၇ ပွဲမှာ အံ့အားသင့်ဖွယ် ၆၈ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။
ဟာလန်းရဲ့ရုပ်ပိုင်းဆိုင်ရာ အနေအထားက ပရီးမီးယားလိဂ်အတွက် အကောင်းဆုံး အနေအထား ဖြစ်ပြီး နောက်နွေရာသီမှာ အသက်ဝင်လာမယ့် သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို ၇၅ သန်းဟာလည်း သူ့လို ကစားသမားအတွက်ဆိုရင် ကြီးမားတဲ့ လျှော့ဈေးနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေး ဖြစ်စေမှာပါ။
ဆိုးလ်ရှားနဲ့ မာတက်တို့ဟာ သူတို့ရဲ့ ပြိုင်ဘက်တွေကို ကျော်ဖြတ်ပြီး ဟာလန်းကို ခေါ်ယူဖို့နဲ့ ပတ်သက်ပြီး စက်တင်ဘာလအတွင်း ဆွေးနွေးမှုတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဟာလန္းကိုေခၚဖို႔ မီးစိမ္းျပႏိုင္တဲ့ အေနအထားမွာ ရွိေနၿပီ ျဖစ္တဲ့ ယူႏိုက္တက္
ယူႏိုက္တက္ အသင္းဟာ လာမယ့္ေႏြရာသီမွာ တိုက္စစ္ကစားသမားေတြျဖစ္တဲ့ ကာဗာနီ နဲ႔ မာရွယ္ တို႔ကို ဆုံးရႈံးရဖြယ္ရွိေနတာေၾကာင့္ တိုက္စစ္ပိုင္းအတြက္ မျဖစ္မေန လႈပ္ရွားဖြယ္ရွိေနတာျဖစ္ပါတယ္။
ယူႏိုက္တက္ အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕က ေရာ္နယ္ဒို၊ဗာရာနီ နဲ႔ ဆန္ခ်ိဳ တို႔လို ထိပ္တန္းကစားသမားေတြကို ေခၚယူအားျဖည့္ခဲ့တာျဖစ္ပါတယ္။ေရာ္နယ္ဒို ကေတာ့ အသင္းအတြက္ (၅)ဂိုးသြင္းယူထားၿပီး ေျခစြမ္းျပသေနတာလည္းျဖစ္ပါတယ္။
မန္ခ်က္စတာအေျခစိုက္ MEN သတင္းဌာနက ေဖာ္ျပရာမွာ ဆိုးလ္ရွားနဲ႔ ေဘာလုံးဒါ႐ိုက္တာ ဂြၽန္မာတက္တို႔က အနာဂတ္အတြက္ဆိုရင္ ဟာလန္းဟာ ပိုေကာင္းတဲ့ ေ႐ြးခ်ယ္စရာျဖစ္တယ္လို႔ အျပန္အလွန္ သေဘာထားတူညီေနေၾကာင္း ေဖာ္ျပလာခဲ့ပါတယ္။ ဟာလန္းဟာ ကမာၻ႔အေကာင္းဆုံး ကစားသမားအျဖစ္ ေရာ္နယ္ဒိုနဲ႔ မက္ဆီတို႔ရဲ႕ အေမြကို ဆက္ခံဖို႔ ေရပန္းစားစာရင္းမွာ ထိပ္ဆုံးေနရာက ရပ္တည္ေနတာပါ။
ဟာလန္းတစ္ေယာက္ ေဒါ့မြန္ကို ေရာက္ၿပီးကတည္းက အသက္ ၂၁ ႏွစ္အ႐ြယ္ ကစားသမားဟာ ပိုပိုၿပီး ေကာင္းလာခဲ့ၿပီး ၿပိဳင္ပြဲစုံ ၆၇ ပြဲမွာ အံ့အားသင့္ဖြယ္ ၆၈ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာပါ။
ဟာလန္းရဲ႕႐ုပ္ပိုင္းဆိုင္ရာ အေနအထားက ပရီးမီးယားလိဂ္အတြက္ အေကာင္းဆုံး အေနအထား ျဖစ္ၿပီး ေနာက္ေႏြရာသီမွာ အသက္ဝင္လာမယ့္ သူ႔ရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူ႐ို ၇၅ သန္းဟာလည္း သူ႔လို ကစားသမားအတြက္ဆိုရင္ ႀကီးမားတဲ့ ေလွ်ာ့ေဈးနဲ႔ ေခၚယူႏိုင္မယ့္ အခြင့္အေရး ျဖစ္ေစမွာပါ။ ဆိုးလ္ရွားနဲ႔ မာတက္တို႔ဟာ သူတို႔ရဲ႕ ၿပိဳင္ဘက္ေတြကို ေက်ာ္ျဖတ္ၿပီး ဟာလန္းကို ေခၚယူဖို႔နဲ႔ ပတ္သက္ၿပီး စက္တင္ဘာလအတြင္း ေဆြးေႏြးမႈေတြ လုပ္ခဲ့ၾကတယ္လို႔ သိရပါတယ္။