ဟာလန်းကိုခေါ်ပေးဖို့ မန်ယူတာဝန်ရှိသူတွေကို ညွန်ကြားလိုက်တဲ့ ဆိုးလ်ရှား

photo-gettyimages

photo-gettyimages

လက်တလော ဥရောပဘောလုံးရပ်ဝန်းမှာ ပျိုတိုင်းကြိုက်နှင်းဆီခိုင်လိုဖြစ်နေတဲ့ တိုက်စစ်မှုးဟာလန်းကို ခေါ်ယူပေးဖု့ိ နည်းပြဆိုးလ်ရှားက မန်ယူအသင်းတာဝန်ရှိသူတွေကို ညွန်ကြားလိုက်တယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ အသက် ၁၉ နှစ်သာရှိသေးတဲ့ ဆဲလ်ဘတ်တိုက်စစ်မှုးအာလင်းဟာလန်းဟာ ဒီရာသီချန်ပီယံလိဂ်ဂိုးအများဆုံးသွင်းသူစာရင်းကို ဦးဆောင်နေကာ ဒါကြောင့်လည်း ဥရောပအသင်းကြီးတွေက အပြိုင်အဆိုင်စိတ်ဝင်စားနေကြတာပါ။ ဒီအချိန်မှာ ဆိုးလ်ရှားက ဟာလန်းအတွက် လက်ဦးမှုရယူချင်နေတာပါ။

photo-gettyimages

ဟာလန်းဟာ နော်ဝေမှာကတည်းက မိုလ်ဒီအသင်းနဲ့အတူ ဆိုးလ်ရှားရဲ့လက်အောက်မှာ ကစားခဲ့ဖူးသူဖြစ်ပါတယ်။ သူ့ရဲ့တပည့်ဟောင်းနဲ့အတူ အိုးလ်ထရက်ဖု့ိဒ်မှာ ပြန်ဆုံချင်တယ်လို့လည်း အသင်းတာဝန်ရှိသူတွေကို ပြောခဲ့တာပါ။ လူကာကူနဲ့ဆန်းချက်ဇ်တို့ထွက်ခွာသွားပြီးကတည်းက မန်ယူဟာ တိုက်စစ်ပိုင်းအားဖြည့်ဖု့ိအတွက် လာမယ့်ဇန်နဝါရီစေးျကွက်မှာ လှုပ်ရှားတော့မှာပါ။ လောလောဆယ် ဂျူဗင်တပ်က မန်ဇူကစ်နဲ့သတင်းကြီးနေပေမယ့် အဲဒါဟာ ရေတိုအတွက် ဖြေရှင်းမှုသာ ဖြစ်ပါလိမ့်မယ်။ ဟာလန်းကတော့ ရေရှည်အတွက် မန်ယူရဲ့အဓိကခေါ်ယူမှုဖြစ်လာနိုင်ပါတယ်။

photo-gettyimages

လက်ရှိမှာ ဟာလန်းဟာ ရာသီကုန်ချိန်အထိ ဆဲလ်ဘတ်မှာပဲ ဆက်ရှိဖို့များပါတယ်။ သူဟာ သြစတြီးယားမှာလည်း အတော်လေးအခြေကျနေတာပါ။ ဒါပေမဲ့ ဟာလန်းဟာ အခုကတည်းက ဆိုးလ်ရှားရဲ့အဓိကပစ်မှတ်ဖြစ်နေပါတယ်။ မကြာသေးခင်ကလည်း ဟာလန်းက ဆိုးလ်ရှားဟာ သူ့ကစားသမားဘဝရဲ့အစောပိုင်းကာလမှာ အရေးပါခဲ့ပြီး သူ့ကို အများကြီးသင်ပေးခဲ့သူဖြစ်ကြောင်း ဖွင့်ဟထားပါတယ်။

[Zawgyi]

ဟာလန္းကိုေခၚေပးဖို႔ မန္ယူတာ၀န္ရွိသူေတြကို ညြန္ၾကားလိုက္တဲ့ ဆုိးလ္ရွား

လက္တေလာ ဥေရာပေဘာလုံးရပ္၀န္းမွာ ပ်ိဳတိုင္းႀကိဳက္ႏွင္းဆီခိုင္လုိျဖစ္ေနတဲ့ တိုက္စစ္မႈးဟာလန္းကို ေခၚယူေပးဖု႔ိ နည္းျပဆုိးလ္ရွားက မန္ယူအသင္းတာ၀န္ရွိသူေတြကို ညြန္ၾကားလိုက္တယ္လို႔ သတင္းေတြထြက္ေပၚလာပါတယ္။ အသက္ ၁၉ ႏွစ္သာရွိေသးတဲ့ ဆဲလ္ဘတ္တုိက္စစ္မႈးအာလင္းဟာလန္းဟာ ဒီရာသီခ်န္ပီယံလိဂ္ဂိုးအမ်ားဆုံးသြင္းသူစာရင္းကို ဦးေဆာင္ေနကာ ဒါေၾကာင့္လည္း ဥေရာပအသင္းႀကီးေတြက အၿပိဳင္အဆိုင္စိတ္၀င္စားေနၾကတာပါ။ ဒီအခ်ိန္မွာ ဆုိးလ္ရွားက ဟာလန္းအတြက္ လက္ဦးမႈရယူခ်င္ေနတာပါ။

ဟာလန္းဟာ ေနာ္ေ၀မွာကတည္းက မိုလ္ဒီအသင္းနဲ႔အတူ ဆိုးလ္ရွားရဲ႕လက္ေအာက္မွာ ကစားခဲ့ဖူးသူျဖစ္ပါတယ္။ သူ႔ရဲ႕တပည့္ေဟာင္းနဲ႔အတူ အုိးလ္ထရက္ဖု႔ိဒ္မွာ ျပန္ဆုံခ်င္တယ္လုိ႔လည္း အသင္းတာ၀န္ရွိသူေတြကို ေျပာခဲ့တာပါ။ လူကာကူနဲ႔ဆန္းခ်က္ဇ္တို႔ထြက္ခြာသြားၿပီးကတည္းက မန္ယူဟာ တိုက္စစ္ပိုင္းအားျဖည့္ဖု႔ိအတြက္ လာမယ့္ဇန္န၀ါရီေစး်ကြက္မွာ လႈပ္ရွားေတာ့မွာပါ။ ေလာေလာဆယ္ ဂ်ဴဗင္တပ္က မန္ဇူကစ္နဲ႔သတင္းႀကီးေနေပမယ့္ အဲဒါဟာ ေရတိုအတြက္ ေျဖရွင္းမႈသာ ျဖစ္ပါလိမ့္မယ္။ ဟာလန္းကေတာ့ ေရရွည္အတြက္ မန္ယူရဲ႕အဓိကေခၚယူမႈျဖစ္လာႏိုင္ပါတယ္။

လက္ရွိမွာ ဟာလန္းဟာ ရာသီကုန္ခ်ိန္အထိ ဆဲလ္ဘတ္မွာပဲ ဆက္ရွိဖုိ႔မ်ားပါတယ္။ သူဟာ ၾသစႀတီးယားမွာလည္း အေတာ္ေလးအေျခက်ေနတာပါ။ ဒါေပမဲ့ ဟာလန္းဟာ အခုကတည္းက ဆုိးလ္ရွားရဲ႕အဓိကပစ္မွတ္ျဖစ္ေနပါတယ္။ မၾကာေသးခင္ကလည္း ဟာလန္းက ဆုိးလ္ရွားဟာ သူ႔ကစားသမားဘ၀ရဲ႕အေစာပိုင္းကာလမွာ အေရးပါခဲ့ၿပီး သူ႔ကို အမ်ားႀကီးသင္ေပးခဲ့သူျဖစ္ေၾကာင္း ဖြင့္ဟထားပါတယ္။