ဟာဗက်ဇ်အတွက် ပြိုင်ဘက်အသင်းတစ်သင်း လျော့သွားပြီဖြစ်တဲ့ ချဲလ်ဆီး

Photo Credit

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဘိုင်ယန်မြူးနစ်အသင်းက လေဗာကူဆင်ကွင်းလယ်ကြယ်ပွင့် ကိုင်ဟာဗက်ဇ်ကို ခေါ်ယူရေးကြိုးစားနေမှုကနေ နုတ်ထွက်လိုက်ပြီလို့ အတည်ပြုခဲ့ရာ ချဲလ်ဆီးအသင်းအတွက် သတင်းကောင်းတစ်ရပ်ဖြစ်လာပါတယ်။

Photo Credit

ချဲလ်ဆီးနည်းပြ လမ်းပတ်ဟာ အသက်၂၁ နှစ်အရွယ်ရှိ ဟာဗက်ဇ်ကို နွေရာသီအဓိကပစ်မှတ်အဖြစ် ခေါ်ယူလိုနေပြီး ဟာဗက်ဇ်ကလည်း ပြီးခဲ့တဲ့ရာသီက လေဗာကူဆင်အသင်းအတွက်၁၇ဂိုသွင်းယူခဲ့ပါတယ်။

Photo Credit

တကယ်လို့ သူ့အတွက် မှန်ကန်တဲ့ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာရင် ထွက်ခွာခွင့်ပေးဖို့လည်း လေဗာကူဆင်နဲ့ ဟာဗက်ဇ်တို့ သဘောတူထားပြီး ဆာနေးကို ခေါ်ယူထားပြီးဖြစ်တဲ့ ဘိုင်ယန်မြူးနစ်က လက်ရှိစီးပွားရေးပျက်ကပ်ကြောင့် ဟာဗက်ဇ်ကို ခေါ်ယူရေး လက်လျှော့လိုက်တာပါ။

Photo Credit

”ဆာနေးကို ခေါ်ယူပြီးဖြစ်လို့ ဒီနှစ်မှာ နောက်ထပ်အဓိကခေါ်ယူမှုတွေရှိမှာမဟုတ်တော့ပါဘူး။ ဟာဗက်ဇ်ရဲ့အရည်အသွေးနဲ့မဆိုင်ပါဘူး။ သူက အရမ်းကောင်းတဲ့ကစားသမားဖြစ်ပါတယ်”

Photo Credit

”ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ကာလအတွင်း ယူရိုသန်း ၅၀နီးပါး သုံးစွဲပြီးချိန်မှာ နောက်ထပ် ယူရိုသန်း ၇၀၊ သန်း ၈၀ လောက် သုံးဖို့ကမဖြစ်နိုင်ပါဘူး။ အသင်းသားတချို့ကို ရောင်းချပြီးမှ ခေါ်ယူရင်တော့ တစ်မျိုးပေါ့”လို့ ဘိုင်ယန်မြူးနစ်အသင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ အူလီဟိုးနက်စ်က ပြောပါတယ်။

Photo Credit

လေဗာကူဆင်အသင်းအားကစားဒါရိုက်တာ `ရူဒီဗောင်လာက ဟာဗက်ဇ်ကို တစ်နှစ်ဆက်ကစားဖို့ စွဲဆောင်စည်းရုံးပြီး ၂၀၂၁ ရောက်မှ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့စေချင်တယ်လို့ ပြောပါတယ်။

Photo Credit

ဒါပေမဲ့ ရာသီသစ်မှာ လေဗာကူဆင်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးထားရရာ ဟာဗက်ဇ်လည်း ချန်ပီယံလိဂ်ဝင်ခွင့်ရထားတဲ့ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့လိုနေပြီး အခုဆိုရင် ချဲလ်ဆီးအသင်းဒါရိုက်တာ ဂရာနော့ဗ်စကီယာနဲ့ လေဗာကူဆင်အသင်း တာဝန်ရှိသူတွေ ဆွေးနွေးနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

ဟာဗက္ဇ္အတြက္ ၿပိဳင္ဘက္အသင္းတစ္သင္း ေလ်ာ့သြားၿပီျဖစ္တဲ့ ခ်ဲလ္ဆီး

ဘုိင္ယန္ျမဴးနစ္အသင္းက ေလဗာကူဆင္ကြင္းလယ္ၾကယ္ပြင့္ ကိုင္ဟာဗက္ဇ္ကို ေခၚယူေရးႀကိဳးစားေနမႈကေန ႏုတ္ထြက္လိုက္ၿပီလုိ႔ အတည္ျပဳခဲ့ရာ ခ်ဲလ္ဆီးအသင္းအတြက္ သတင္းေကာင္းတစ္ရပ္ျဖစ္လာပါတယ္။
ခ်ဲလ္ဆီးနည္းျပ လမ္းပတ္ဟာ အသက္၂၁​ ႏွစ္အရြယ္ရွိ ဟာဗက္ဇ္ကို ေႏြရာသီအဓိကပစ္မွတ္အျဖစ္ ေခၚယူလုိေနၿပီး ဟာဗက္ဇ္ကလည္း ၿပီးခဲ့တဲ့ရာသီက ေလဗာကူဆင္အသင္းအတြက္၁၇ဂုိသြင္းယူခဲ့ပါတယ္။
တကယ္လုိ႔ သူ႕အတြက္ မွန္ကန္တဲ့ေျပာင္းေရႊ႕ေၾကးနဲ႔ ကမ္းလွမ္းလာရင္ ထြက္ခြာခြင့္ေပးဖို႔လည္း ေလဗာကူဆင္နဲ႔ ဟာဗက္ဇ္တုိ႔ သေဘာတူထားၿပီး ဆာေနးကို ေခၚယူထားၿပီးျဖစ္တဲ့ ဘုိင္ယန္ျမဴးနစ္က လက္ရွိစီးပြားေရးပ်က္ကပ္ေၾကာင့္ ဟာဗက္ဇ္ကို ေခၚယူေရး လက္ေလွ်ာ့လုိက္တာပါ။
”ဆာေနးကို ေခၚယူၿပီးျဖစ္လုိ႔ ဒီႏွစ္မွာ ေနာက္ထပ္အဓိကေခၚယူမႈေတြရွိမွာမဟုတ္ေတာ့ပါဘူး။ ဟာဗက္ဇ္ရဲ႕အရည္အေသြးနဲ႔မဆုိင္ပါဘူး။ သူက အရမ္းေကာင္းတဲ့ကစားသမားျဖစ္ပါတယ္”
”ဒါေပမဲ့ ကို႐ိုနာဗုိင္းရပ္စ္ျဖစ္ပြားေနတဲ့ကာလအတြင္း ယူ႐ိုသန္း ၅၀နီးပါး သုံးစြဲၿပီးခ်ိန္မွာ ေနာက္ထပ္ ယူ႐ိုသန္း ၇၀၊ သန္း ၈၀ ေလာက္ သုံးဖို႔ကမျဖစ္ႏိုင္ပါဘူး။ အသင္းသားတခ်ိဳ႕ကို ေရာင္းခ်ၿပီးမွ ေခၚယူရင္ေတာ့ တစ္မ်ိဳးေပါ့”လုိ႔ ဘုိင္ယန္ျမဴးနစ္အသင္း ဂုဏ္ထူးေဆာင္ဥကၠ႒ အူလီဟိုးနက္စ္က ေျပာပါတယ္။
ေလဗာကူဆင္အသင္းအားကစားဒါ႐ိုက္တာ `႐ူဒီေဗာင္လာက ဟာဗက္ဇ္ကို တစ္ႏွစ္ဆက္ကစားဖို႔ စြဲေဆာင္စည္း႐ုံးၿပီး ၂၀၂၁ ေရာက္မွ ဘုိင္ယန္ျမဴးနစ္အသင္းကို ေျပာင္းေရႊ႕ေစခ်င္တယ္လုိ႔ ေျပာပါတယ္။
ဒါေပမဲ့ ရာသီသစ္မွာ ေလဗာကူဆင္အသင္း ခ်န္ပီယံလိဂ္၀င္ခြင့္ဆုံး႐ံႈးထားရရာ ဟာဗက္ဇ္လည္း ခ်န္ပီယံလိဂ္၀င္ခြင့္ရထားတဲ့ ခ်ဲလ္ဆီးအသင္းကို ေျပာင္းေရႊ႕လုိေနၿပီး အခုဆုိရင္ ခ်ဲလ္ဆီးအသင္းဒါ႐ိုက္တာ ဂရာေနာ့ဗ္စကီယာနဲ႔ ေလဗာကူဆင္အသင္း တာ၀န္ရွိသူေတြ ေဆြးေႏြးေနပါတယ္။