ဟာဇတ်ဟာ စီရော်နယ်ဒိုနေရာအစားဝင်သူမဟုတ်တာ ဘာကြောင့်ဆိုတာ ရှင်းပြလိုက်တဲ့ဝင်းဂါး

photo-gettyimages

photo-gettyimages

အာဆင်နယ်နည်းပြဟောင်းဝင်းဂါးက ဟဇတ်အနေနဲ့ စီရော်နယ်ဒိုလို ကြောက်စရာဂိုးသွင်းခြေစွမ်းမျိုးမရှိတဲ့အတွက် ရီးရဲလ်မှာ အဲဒီပေါ်တူဂီစူပါစတားနေရာ အစားဝင်သူမဟုတ်ကြောင်း သုံးသပ်ပြောကြားလိုက်ပါတယ်။ ဘယ်လ်ဂျီယံကြယ်ပွင့်ဟာဇတ်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ကနဦးပြောင်းရွှေ့ကြေးပေါင် ၈၉ သန်းနဲ့ ချဲလ်ဆီးကနေ ရောက်လာပေမယ့် ရီးရဲလ်မှာ ချက်ချင်းအထိုင်မကျခဲ့ပါဘူး။

photo-gettyimages

အသက် ၂၈ နှစ်အရွယ်ဟာဇတ်ဟာ ပြီးခဲ့တဲ့အပတ် ဂရန်နာဒါကို ၄-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲကမှ ရီးရဲလ်အတွက် သူ့ရဲ့ပထမဆုံးဂိုးကို သွင်းနိုင်ခဲ့တာပါ။ ရီးရဲလ်အတွက် ၆ ပွဲမြောက်ရောက်မှ ဂိုးစတင်သွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ စီရော်နယ်ဒိုကတော့ ရီးရဲလ်ကစားသမားဘ၀ ပြိုင်ပွဲအရပ်ရပ်မှာ စုစုပေါင်း ၄၅၁ ဂိုးသွင်းနိုင်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းနိုင်သူအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် စီရော်နယ်ဒိုဟာ ရီးရဲလ်နဲ့အတူ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်နဲ့ လာလီဂါဖလား ၂ ကြိမ်ရခဲ့တာပါ။

photo-gettyimages

“ဟာဇတ်ဟာ ရီးရဲလ်အတွက် အဖြေဖြစ်လာမှာပါ။ ဒါပေမဲ့ စီရော်နယ်ဒိုနေရာ အစားဝင်တာမဟုတ်ဘူးဆိုတာကတော့ သေချာပါတယ်။ သူဟာ တစ်နှစ်ကို ဂိုး ၅၀ သွင်းလိမ့်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ကစားပုံကြောင့်ပါ။ ရီးရဲလ်မှာ နောက်ထပ်ဂိုးသွင်းသူတစ်ယောက် လိုအပ်ပါတယ်။ အကြောင်းက ဘင်ဇီမာက အခု ၃၂ ရှိနေပါပြီ။ ဟာဇတ်ကျတော့ အခွင့်အရေးတွေဖန်တီးပြီး တစ်ခါတစ်ရံ ပွဲကြီးတွေမှာ လိုအပ်လို့ရှိရင် အဆုံးသတ်ပေးနိုင်တဲ့ ထူးခြားတဲ့ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ သူက ဘယ်သူ့ကိုမှ မကြောက်တတ်ဘူး။ ရုပ်ပိုင်းဆိုင်ရာအရ အကောင်းဆုံးပုံစံမရှိသေးလို့ တကယ့်ဟာဇတ်ကို ရီးရဲလ်မမြင်ရသေးတာပါ။ ဒါကြောင့်လည်း တကယ့်ဟာဇတ်ကို ရီးရဲလ်ရှာတွေ့မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”လို့ ဟာဇတ်နဲ့ပတ်သက်ပြီး ဝင်းဂါးက ရုပ်သံတစ်ခုမှာ ပြောခဲ့တာပါ။

[Zawgyi]

ဟာဇတ္ဟာ စီေရာ္နယ္ဒိုေနရာအစား၀င္သူမဟုတ္တာ ဘာေၾကာင့္ဆုိတာ ရွငး္ျပလိုက္တဲ့၀င္းဂါး

အာဆင္နယ္နည္းျပေဟာင္း၀င္းဂါးက ဟဇတ္အေနနဲ႔ စီေရာ္နယ္ဒိုလို ေၾကာက္စရာဂိုးသြင္းေျခစြမ္းမ်ိဳးမရွိတဲ့အတြက္ ရီးရဲလ္မွာ အဲဒီေပၚတူဂီစူပါစတားေနရာ အစား၀င္သူမဟုတ္ေၾကာင္း သုံးသပ္ေျပာၾကားလိုက္ပါတယ္။ ဘယ္လ္ဂ်ီယံၾကယ္ပြင့္ဟာဇတ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ ကနဦးေျပာင္းေရႊ႕ေၾကးေပါင္ ၈၉ သန္းနဲ႔ ခ်ဲလ္ဆီးကေန ေရာက္လာေပမယ့္ ရီးရဲလ္မွာ ခ်က္ခ်င္းအထိုင္မက်ခဲ့ပါဘူး။

အသက္ ၂၈ ႏွစ္အရြယ္ဟာဇတ္ဟာ ၿပီးခဲ့တဲ့အပတ္ ဂရန္နာဒါကို ၄-၂ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ပြဲကမွ ရီးရဲလ္အတြက္ သူ႔ရဲ႕႔ပထမဆုံးဂိုးကို သြင္းႏိုင္ခဲ့တာပါ။ ရီးရဲလ္အတြက္ ၆ ပြဲေျမာက္ေရာက္မွ ဂိုးစတင္သြင္းႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ စီေရာ္နယ္ဒိုကေတာ့ ရီးရဲလ္ကစားသမားဘ၀ ၿပိဳင္ပြဲအရပ္ရပ္မွာ စုစုေပါင္း ၄၅၁ ဂိုးသြင္းႏို္င္ခဲ့ၿပီး အသင္းသမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံးသြင္းႏိုင္သူအျဖစ္လည္း စံခ်ိန္တင္ႏို္င္ခဲ့ပါတယ္။ ဒါ့အျပင္ စီေရာ္နယ္ဒိုဟာ ရီးရဲလ္နဲ႔အတူ ခ်န္ပီယံလိဂ္ဖလား ၄ ႀကိမ္နဲ႔ လာလီဂါဖလား ၂ ႀကိမ္ရခဲ့တာပါ။

“ဟာဇတ္ဟာ ရီးရဲလ္အတြက္ အေျဖျဖစ္လာမွာပါ။ ဒါေပမဲ့ စီေရာ္နယ္ဒိုေနရာ အစား၀င္တာမဟုတ္ဘူးဆိုတာကေတာ့ ေသခ်ာပါတယ္။ သူဟာ တစ္ႏွစ္ကို ဂိုး ၅၀ သြငး္လိမ့္မွာ မဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆုိေတာ့ သူ႔ရဲ႕ကစားပုံေၾကာင့္ပါ။ ရီးရဲလ္မွာ ေနာက္ထပ္ဂိုးသြင္းသူတစ္ေယာက္ လိုအပ္ပါတယ္။ အေၾကာင္းက ဘင္ဇီမာက အခု ၃၂ ရွိေနပါၿပီ။ ဟာဇတ္က်ေတာ့ အခြင့္အေရးေတြဖန္တီးၿပီး တစ္ခါတစ္ရံ ပြဲႀကီးေတြမွာ လိုအပ္လုိ႔ရွိရင္ အဆုံးသတ္ေပးႏိုင္တဲ့ ထူးျခားတဲ့ကစားသမားတစ္ေယာက္ ျဖစ္ပါတယ္။ သူက ဘယ္သူ႔ကိုမွ မေၾကာက္တတ္ဘူး။ ရုပ္ပိုင္းဆုိင္ရာအရ အေကာင္းဆုံးပုံစံမရွိေသးလုိ႔ တကယ့္ဟာဇတ္ကို ရီးရဲလ္မျမင္ရေသးတာပါ။ ဒါေၾကာင့္လည္း တကယ့္ဟာဇတ္ကို ရီးရဲလ္ရွာေတြ႕မယ္လုိ႔ ကၽြန္ေတာ္ယုံၾကည္ပါတယ္”လို႔ ဟာဇတ္နဲ႔ပတ္သက္ၿပီး ၀င္းဂါးက ရုပ္သံတစ္ခုမွာ ေျပာခဲ့တာပါ။