ဟာဇက် ခြေစွမ်းပြပြီး ကိုပါဒယ်ရေးရှုံးပွဲကို ပေါက်ကွဲပြခဲ့တဲ့ ရီးရဲမက်ဒရစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရီးရဲမက်ဒရစ်အသင်းဟာ စနေ‌ေန့က ကစားခဲ့တဲ့ပွဲစဥ်မှာ အလာဗတ်အသင်းကို ( ၄ – ၁ ) ရလာဒ်အနိုင်ရရှိခဲ့ပြီး ကိုပါဒယ်‌ရေး ရှုံးပွဲကို ပေါက်ကွဲပြခဲ့ပါတယ်။ ကာလရှည် ဂိုးပေါက် ပျောက်ဆုံးနေခဲ့တဲ့ ဟာဇက်ဟာ Mendizorrotza Stadium မှာ ကစားခဲ့တဲ့ ပွဲစဥ်အတွင်း ခြေစွမ်းပြကစားကာ တစ်ဂိုးသွင်းပြီး တစ်ဂိုး ဖန်တီးပေးခဲ့ပါတယ်။ ဘယ်လ်ဂျီယံ ကြယ်ပွယ့်ဟာ ( ၂၀၁၉ ) ချဲလ်ဆီးအသင်း ကနေပြာင်းေရွှ့ လာပြီးကတည်းက ဒဏ်ရာပြဿနာေတွနဲ့ ရုန်းကန်ခဲ့ရပြီး ပုံမှန် ေခြစွမ်း ေပျာက်ဆုံးေနခဲ့ပါတယ်။

တိုက်စစ်မှူးဟာ ကိုယ်တိုင် သွင်းဂိုးတစ်ဂိုးရယူနိုင်ခဲ့သလို ဘင်ဇီးမားအတွက်လည်း တစ်ဂိုး ဖန်တီးေပးခဲ့ပြီး ချဲလ်ဆီးမှာ ပြသခဲ့တဲ့ ပုံမှန်ေခြစွမ်း ပြန်လည်ရရှိဖို့ နီးစပ်လာခဲ့တာ ဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အတွက် သွင်းဂိုးတွေကို ကက်စမဲရိုး ၊ ဘင်ဇီးမား ( ၂ – ဂိုး ) နှင့် ဟာဇက်တို့က ရယူပေးခဲ့ကြတာ ဖြစ်ပါတယ်။ ရီးရဲမက်ဒရစ် လက်ေထာက်နည်းပြ Bettoni က ဟာဇက်အနေနဲ့ ယခုလို ပုံမှန်ေခြစွမ်းပြသနိုင်ဖို့ အရေးကြီးကြောင်း ၊ စိတ်ရှည်စွာ စောင့်ကြည့်ပါက အသင်း နှင့် ကစားသမားအတွက် ကောင်းမွန်တဲ့ ရလာဒ်တွေ ဖြစ်ပေါ်လာနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

“သူက လျင်မြန်ပြီး ဖန်တီးနိုင်မှု စွမ်းအား ကောင်းမွန်တဲ့ကစားသမားပါ။သူက တစ်နှစ်ခွဲကျော် ဒဏ်ရာတွေနဲ့ ရုန်းကန်နေခဲ့ရတယ်။ ကျွန်တော်တို့အနေနဲ့ သူ့ကို စိတ်ရှည်ဖို့ လိုအပ်ပါတယ်။ သူက တစ်ပွဲပြီး တစ်ပွဲ ပိုမိုကောင်းမွန်လာပါတယ်။”

ရီးရဲမက်ဒရစ်နည်းပြ ဇီဒန်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့အတွက် လက်ထောက်နည်းပြ Bettoni က ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ ဇီဒန်းအနေနဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကိုပါဒယ်ရေးပွဲစဥ်မှာ အယ်ကိုယာနိုကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တဲ့အတွက် ဖိအားအောက်ကျရောက်နေခဲ့တာ ဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းဟာ ဖေဖော်ဝါရီ ( ၂၄ ) ချန်ပီယံလိဂ်ပွဲစဥ်တွေ ပြန်လည် မစတင်မီ လီဗန်တေး ၊ ဝက်စကာ၊ဂီတာဖေး ၊ ဗလင်စီယာ၊ ဗယ်လာဒိုးရစ်တို့နဲ့ လာလီဂါပွဲစဥ်ကစားရဖို့ ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဟာဇက္ ေျခစြမ္းျပၿပီး ကိုပါဒယ္ေရးရႈံးပြဲကို ေပါက္ကြဲျပခဲ့တဲ့ ရီးရဲမက္ဒရစ္

ရီးရဲမက္ဒရစ္အသင္းဟာ စေန‌ေန႔က ကစားခဲ့တဲ့ပြဲစဥ္မွာ အလာဗတ္အသင္းကို ( ၄ – ၁ ) ရလာဒ္အႏိုင္ရရွိခဲ့ၿပီး ကိုပါဒယ္‌ေရး ရႈံးပြဲကို ေပါက္ကြဲျပခဲ့ပါတယ္။ ကာလရွည္ ဂိုးေပါက္ ေပ်ာက္ဆုံးေနခဲ့တဲ့ ဟာဇက္ဟာ Mendizorrotza Stadium မွာ ကစားခဲ့တဲ့ ပြဲစဥ္အတြင္း ေျခစြမ္းျပကစားကာ တစ္ဂိုးသြင္းၿပီး တစ္ဂိုး ဖန္တီးေပးခဲ့ပါတယ္။ ဘယ္လ္ဂ်ီယံ ၾကယ္ပြယ့္ဟာ ( ၂၀၁၉ ) ခ်ဲလ္ဆီးအသင္း ကေနျပာင္းေ႐ႊ႕ လာၿပီးကတည္းက ဒဏ္ရာျပႆနာေတြနဲ႔ ႐ုန္းကန္ခဲ့ရၿပီး ပုံမွန္ ေျခစြမ္း ေပ်ာက္ဆုံးေနခဲ့ပါတယ္။ တိုက္စစ္မႉးဟာ ကိုယ္တိုင္ သြင္းဂိုးတစ္ဂိုးရယူႏိုင္ခဲ့သလို ဘင္ဇီးမားအတြက္လည္း တစ္ဂိုး ဖန္တီးေပးခဲ့ၿပီး ခ်ဲလ္ဆီးမွာ ျပသခဲ့တဲ့ ပုံမွန္ေျခစြမ္း ျပန္လည္ရရွိဖို႔ နီးစပ္လာခဲ့တာ ျဖစ္ပါတယ္။

ရီးရဲမက္ဒရစ္အတြက္ သြင္းဂိုးေတြကို ကက္စမဲ႐ိုး ၊ ဘင္ဇီးမား ( ၂ – ဂိုး ) ႏွင့္ ဟာဇက္တို႔က ရယူေပးခဲ့ၾကတာ ျဖစ္ပါတယ္။ ရီးရဲမက္ဒရစ္ လက္ေထာက္နည္းျပ Bettoni က ဟာဇက္အေနနဲ႔ ယခုလို ပုံမွန္ေျခစြမ္းျပသႏိုင္ဖို႔ အေရးႀကီးေၾကာင္း ၊ စိတ္ရွည္စြာ ေစာင့္ၾကည့္ပါက အသင္း ႏွင့္ ကစားသမားအတြက္ ေကာင္းမြန္တဲ့ ရလာဒ္ေတြ ျဖစ္ေပၚလာႏိုင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ “သူက လ်င္ျမန္ၿပီး ဖန္တီးႏိုင္မႈ စြမ္းအား ေကာင္းမြန္တဲ့ကစားသမားပါ။သူက တစ္ႏွစ္ခြဲေက်ာ္ ဒဏ္ရာေတြနဲ႔ ႐ုန္းကန္ေနခဲ့ရတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ သူ႔ကို စိတ္ရွည္ဖို႔ လိုအပ္ပါတယ္။ သူက တစ္ပြဲၿပီး တစ္ပြဲ ပိုမိုေကာင္းမြန္လာပါတယ္။”

ရီးရဲမက္ဒရစ္နည္းျပ ဇီဒန္းက ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတဲ့အတြက္ လက္ေထာက္နည္းျပ Bettoni က ကိုင္တြယ္ခဲ့တာ ျဖစ္ပါတယ္။ ဇီဒန္းအေနနဲ႔ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ကိုပါဒယ္ေရးပြဲစဥ္မွာ အယ္ကိုယာႏိုကို အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့တဲ့အတြက္ ဖိအားေအာက္က်ေရာက္ေနခဲ့တာ ျဖစ္ပါတယ္။ ရီးရဲမက္ဒရစ္အသင္းဟာ ေဖေဖာ္ဝါရီ ( ၂၄ ) ခ်န္ပီယံလိဂ္ပြဲစဥ္ေတြ ျပန္လည္ မစတင္မီ လီဗန္ေတး ၊ ဝက္စကာ၊ဂီတာေဖး ၊ ဗလင္စီယာ၊ ဗယ္လာဒိုးရစ္တို႔နဲ႔ လာလီဂါပြဲစဥ္ကစားရဖို႔ ရွိေနပါတယ္။