ဟာဇက်ရဲ့ ရယ်မောပျော်ရွှင်နေတဲ့မြင်ကွင်းက ရီးရဲလ်ပရိသတ်တွေအတွက် တော်တော်လေးဒေါသထွက်စရာဖြစ်နေခဲ့ပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရီးရဲလ်မက်ဒရစ်ဟာ မနေ့ညက ချယ်လ်ဆီးကို အဝေးကွင်းမှာ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး ဆီးမီးအဆင့်မှာပဲ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။

ချယ်လ်ဆီးရဲ့ အိမ်ကွင်းမှာ တီမိုဝါနာနဲ့ မေဆန်မောင့်တို့ရဲ့ သွင်းဂိုးတွေကြောင့် ရီးရဲလ်တို့ ဟာ နှစ်ကျော့ပေါင်းရလဒ် ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး

ဇီဒန်းအတွက်တော့ နည်းပြအနေနဲ့ ဗိုလ်လုပွဲကို လေးကြိမ်မြောက်တက်ရောက်ခွင့် နဲ့လည်း ဝေးကွာခဲ့ရပါတယ်။

ပွဲမတိုင်ခင်က ချယ်လ်ဆီးကစားသမားဟောင်း ဘယ်လ်ဂျီယံကစားသမားတွေရဲ့ပြောဆိုမှုတွေကြောင့် ချန်ပီယံလိဂ် ဘုရင်ကြီး ရီးရဲလ်က ဗိုလ်လုပွဲကိုတက်ရောက်သွားနိုင်တယ်လို့

သတင်းတွေထွက်ခဲ့ပေမယ့် လက်တွေ့ ပွဲအပြီးမှာတော့ ချယ်လ်ဆီးကသာ အနိုင်ယူသွားပြီး ဗိုလ်လုပွဲတက်ရောက်သွားနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ချယ်လ်ဆီးကစားသမားဟောင်းအီဒင်ဟာဇက် ပွဲထွက်ပါဝင်ကစားခဲ့ပြီး အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဟာဇက်ဟာ အသင်းဟောင်းချယ်ဆီးရဲ့နောက်တန်းကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိသလို ဘင်ဇီမာနဲ့တွဲဖက်ပြီး ထိရောက်တဲ့ ဂိုးဖန်တီးပေးနိုင်မှုတွေလည်း မလုပ်ဆောင်နိုင်ခဲ့ပါဘူး။

ပွဲချိန် ၈၉ မိနစ်မှာတော့ မာရီယာနိုနဲ့ လူစားလဲလှယ်ခံခဲ့ရပါတယ်။ ပွဲအပြီးမှာ ဟာဇက်ဟာ ကွင်းအတွင်းကို ပြန်လည်ရောက်ရှိလာခဲ့ပြီး ချယ်လ်ဆီးကစားသမားတွေကို လိုက်လံနှုတ်ဆက်ခဲ့ပါတယ်။

မန်ဒီ၊ ဇူးမားတို့နဲ့ တွေ့ဆုံစဉ်မှာ ဟာဇက်ဟာ ရယ်မောပျော်ရွှင်စွာနဲ့ စကားပြောဆိုနေခဲ့တာကို ရုပ်သံကင်မရာတွေက အမိအရရိုက်ကူးခဲ့ပြီးအဲ့သည့် ဗီဒီယိုဟာလည်း ဆိုရှယ်မီဒီယာတွေမှာ ပြန့်နှံနေခဲ့ပါတယ်။

ရီးရဲလ်ပရိသတ်တွေက ဒီမြင်ကွင် အပေါ်မှာ တော်တော်လေးဒေါသထွက်နေခဲ့ပြီး တွစ်တာကနေ ဝေဖန် ပြစ်တင်နေကြပါတယ်။ အသင်းရှုံးနိမ့်ခဲ့ချိန်မှာ ဟာဇက်ရဲ့အပြုအမူက ဝေဖန်ချင်စရာဖြစ်နေခဲ့ပါတယ်။

ဟာဇက်ရဲ့ ပျော်ရွှင်နေတဲ့မြင်းကွင်းကိုလည်း ဘီဘီစီ radio5 မှာ အစီအစဉ်တင်ဆက်နေတဲ့လီဗာပူး ကွင်းလယ်ဟောင်း ဒွန်ဟစ်ဆန်က

“ကျွန်တော်ထူးဆန်းတဲ့မြင်ကွင်းကို မြင်ခဲ့ရတယ်။ အီဒင်ဟာဇက်က ကော့ဇူးမား၊ အက်ဒွပ် မန်ဒီတို့နဲ့ ရယ်မော နေကြတယ် ဒါဟာချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲနော်၊

သူတို့ကသူ့သူငယ်ချင်းတွေဆိုတာကျွန်တော်သိပေမယ့် စီရော်နယ်ဒိုသာ ဆိုရင် ဒီလိုအခြေအနေမျိုးနဲ့ကြုံတွေခဲ့မယ်ဆိုရင် ကွင်းထဲကနေ ထွက်လာပြီး ရယ်မောနေမယ်လို့ ကျွန်တော်မထင်ဘူး။

ကျွန်တော်ကဟာဇက်ကိုဝေဖန်နေတာမဟုတ်ဘူးနော်။ ကြည့်ရတာ ထူးဆန်းနေတယ်လို့ ပြောတာပါ” ဆိုပြီး ပြောဆိုခဲ့ပါတယ်။

ရီးရဲလ်ပရိသတ်တွေကလည်း ဟာဇက်ကို – ဟာဇက် က ဂုဏ်သိက္ခာကျဆင်းစေတဲ့ကောင်ပါ။ သူ့အတွက် ရီးရဲလ်ဂျာစီက မထိုက်တန်ပါဘူး။ ဟာဇက်က ကျက်သရေမရှိပါဘူး။ ပြောစရာစကားလုံးတောင်မရှိတာပါ။ အခုကအနိုင်၊အရှံးက အဓိက မဟုတ်တော့ပါဘူး။ သူ ရီးရဲလ်မက်ဒရစ်အတွက် ထပ်မကစားပေးရဖို့က အဓိကဖြစ်နေပါပြီ။ ဘာမှလုပ်နေဖို့မလိုပါဘူး။ ဟာဇက်ကို အခုချက်ချင်းကို ထုတ်ရောင်းသင့်တာပါ။

ဟာဇက်မှာ ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားစိတ်ဓာတ်ပျောက်ဆုံးနေပါပြီ။ အဲဒီအတွက် အံအားသင့်မိပါတယ်။ အသင်းရှူံးတဲ့အချိန်မှာ စိတ်ပျက်မှုနည်းနည်းမှမဖြစ်ဘဲနဲ့ တစ်ဖက်နဲ့သွားပြီး ရယ်မောပျော်ရွှင်အလုပ်များနေပါတယ်။ဟာဇက်အနေနဲ့ အာဆင်နယ်ဆီ သွားချိတ်ဆက်လိုက်တာအကောင်းဆုံးပါပဲ။ ဟာဇက် တစ်ယောက် ချယ်လ်ဆီးကကောင်တွေနဲ့ ရယ်မောနေတဲ့ ဓာတ်ပုံက လူသတ်ချင်စိတ်ပေါက်စေပါတယ်။ ဆိုပြီး တွစ်တာမှာရေးသားနေကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဟာဇက္ရဲ႕ ရယ္ေမာေပ်ာ္႐ႊင္ေနတဲ့ျမင္ကြင္းက ရီးရဲလ္ပရိသတ္ေတြအတြက္ ေတာ္ေတာ္ေလးေဒါသထြက္စရာျဖစ္ေနခဲ့ၿပီ

ရီးရဲလ္မက္ဒရစ္ဟာ မေန႔ညက ခ်ယ္လ္ဆီးကို အေဝးကြင္းမွာ ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီး ဆီးမီးအဆင့္မွာပဲ ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီျဖစ္ပါတယ္။

ခ်ယ္လ္ဆီးရဲ႕ အိမ္ကြင္းမွာ တီမိုဝါနာနဲ႔ ေမဆန္ေမာင့္တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ရီးရဲလ္တို႔ ဟာ ႏွစ္ေက်ာ့ေပါင္းရလဒ္ ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး

ဇီဒန္းအတြက္ေတာ့ နည္းျပအေနနဲ႔ ဗိုလ္လုပြဲကို ေလးႀကိမ္ေျမာက္တက္ေရာက္ခြင့္ နဲ႔လည္း ေဝးကြာခဲ့ရပါတယ္။

ပြဲမတိုင္ခင္က ခ်ယ္လ္ဆီးကစားသမားေဟာင္း ဘယ္လ္ဂ်ီယံကစားသမားေတြရဲ႕ေျပာဆိုမႈေတြေၾကာင့္ ခ်န္ပီယံလိဂ္ ဘုရင္ႀကီး ရီးရဲလ္က ဗိုလ္လုပြဲကိုတက္ေရာက္သြားႏိုင္တယ္လို႔

သတင္းေတြထြက္ခဲ့ေပမယ့္ လက္ေတြ႕ ပြဲအၿပီးမွာေတာ့ ခ်ယ္လ္ဆီးကသာ အႏိုင္ယူသြားၿပီး ဗိုလ္လုပြဲတက္ေရာက္သြားႏိုင္ခဲ့ပါတယ္။

ဒီပြဲမွာ ခ်ယ္လ္ဆီးကစားသမားေဟာင္းအီဒင္ဟာဇက္ ပြဲထြက္ပါဝင္ကစားခဲ့ၿပီး အသင္းေဟာင္းနဲ႔ ျပန္လည္ရင္ဆိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ဟာဇက္ဟာ အသင္းေဟာင္းခ်ယ္ဆီးရဲ႕ေနာက္တန္းကို ေက်ာ္ျဖတ္ႏိုင္ခဲ့ျခင္းမရွိသလို ဘင္ဇီမာနဲ႔တြဲဖက္ၿပီး ထိေရာက္တဲ့ ဂိုးဖန္တီးေပးႏိုင္မႈေတြလည္း မလုပ္ေဆာင္ႏိုင္ခဲ့ပါဘူး။

ပြဲခ်ိန္ ၈၉ မိနစ္မွာေတာ့ မာရီယာႏိုနဲ႔ လူစားလဲလွယ္ခံခဲ့ရပါတယ္။ ပြဲအၿပီးမွာ ဟာဇက္ဟာ ကြင္းအတြင္းကို ျပန္လည္ေရာက္ရွိလာခဲ့ၿပီး ခ်ယ္လ္ဆီးကစားသမားေတြကို လိုက္လံႏႈတ္ဆက္ခဲ့ပါတယ္။

မန္ဒီ၊ ဇူးမားတို႔နဲ႔ ေတြ႕ဆုံစဥ္မွာ ဟာဇက္ဟာ ရယ္ေမာေပ်ာ္႐ႊင္စြာနဲ႔ စကားေျပာဆိုေနခဲ့တာကို ႐ုပ္သံကင္မရာေတြက အမိအရ႐ိုက္ကူးခဲ့ၿပီးအဲ့သည့္ ဗီဒီယိုဟာလည္း ဆိုရွယ္မီဒီယာေတြမွာ ျပန႔္ႏွံေနခဲ့ပါတယ္။

ရီးရဲလ္ပရိသတ္ေတြက ဒီျမင္ကြင္ အေပၚမွာ ေတာ္ေတာ္ေလးေဒါသထြက္ေနခဲ့ၿပီး တြစ္တာကေန ေဝဖန္ ျပစ္တင္ေနၾကပါတယ္။ အသင္းရႈံးနိမ့္ခဲ့ခ်ိန္မွာ ဟာဇက္ရဲ႕အျပဳအမူက ေဝဖန္ခ်င္စရာျဖစ္ေနခဲ့ပါတယ္။

ဟာဇက္ရဲ႕ ေပ်ာ္႐ႊင္ေနတဲ့ျမင္းကြင္းကိုလည္း ဘီဘီစီ radio5 မွာ အစီအစဥ္တင္ဆက္ေနတဲ့လီဗာပူး ကြင္းလယ္ေဟာင္း ဒြန္ဟစ္ဆန္က

“ကၽြန္ေတာ္ထူးဆန္းတဲ့ျမင္ကြင္းကို ျမင္ခဲ့ရတယ္။ အီဒင္ဟာဇက္က ေကာ့ဇူးမား၊ အက္ဒြပ္ မန္ဒီတို႔နဲ႔ ရယ္ေမာ ေနၾကတယ္ ဒါဟာခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ပြဲေနာ္၊ သူတို႔ကသူ႔သူငယ္ခ်င္းေတြဆိုတာကြၽန္ေတာ္သိေပမယ့္

စီေရာ္နယ္ဒိုသာ ဆိုရင္ ဒီလိုအေျခအေနမ်ိဳးနဲ႕ၾကံဳေတြခဲ့မယ္ဆိုရင္ ကြင္းထဲကေန ထြက္လာၿပီး ရယ္ေမာေနမယ္လို႕ ကၽြန္ေတာ္မထင္ဘူး။

ကၽြန္ေတာ္ကဟာဇက္ကိုေဝဖန္ေနတာမဟုတ္ဘူးေနာ္။ ၾကည့္ရတာ ထူးဆန္းေနတယ္လို႔ ေျပာတာပါ” ဆိုၿပီး ေျပာဆိုခဲ့ပါတယ္။

ရီးရဲလ္ပရိသတ္ေတြကလည္း ဟာဇက္ကို – ဟာဇက္ က ဂုဏ္သိကၡာက်ဆင္းေစတဲ့ေကာင္ပါ။ သူ႔အတြက္ ရီးရဲလ္ဂ်ာစီက မထိုက္တန္ပါဘူး။ ဟာဇက္က က်က္သေရမရိွပါဘူး။ ေျပာစရာစကားလုံးေတာင္မရိွတာပါ။ အခုကအႏိုင္၊အရွံးက အဓိက မဟုတ္ေတာ့ပါဘူး။ သူ ရီးရဲလ္မက္ဒရစ္အတြက္ ထပ္မကစားေပးရဖုိ႔က အဓိကျဖစ္ေနပါၿပီ။ ဘာမွလုပ္ေနဖို႔မလုိပါဘူး။ ဟာဇက္ကို အခုခ်က္ခ်င္းကို ထုတ္ေရာင္းသင့္တာပါ။

ဟာဇက္မွာ ပေရာ္ဖက္ရွင္နယ္ ေဘာလုံးကစားသမားစိတ္ဓာတ္ေပ်ာက္ဆုံးေနပါၿပီ။ အဲဒီအတြက္ အံအားသင့္မိပါတယ္။ အသင္းရွံဴးတဲ့အခ်ိန္မွာ စိတ္ပ်က္မွဳနည္းနည္းမွမျဖစ္ဘဲနဲ႔ တစ္ဖက္နဲ႔သြားၿပီး ရယ္ေမာေပ်ာ္ရႊင္အလုပ္မ်ားေနပါတယ္။ဟာဇက္အေနနဲ႔ အာဆင္နယ္ဆီ သြားခ်ိတ္ဆက္လုိက္တာအေကာင္းဆုံးပါပဲ။ ဟာဇက္ တစ္ေယာက္ ခ်ယ္လ္ဆီးကေကာင္ေတြနဲ႔ ရယ္ေမာေနတဲ့ ဓာတ္ပုံက လူသတ္ခ်င္စိတ္ေပါက္ေစပါတယ္။ ဆိုၿပီး တြစ္တာမွာေရးသားေနၾကပါတယ္။