ဟာဇက်ရဲ့လာလီဂါဂိုးအရေအတွက်ကို (၈)ပွဲတည်းနဲ့အမီလိုက်နိုင်ခဲ့တဲ့ ဒီပိုင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာအသင်းရဲ့ နယ်သာလန်နာမည်ကျော်တိုက်စစ်ကစားသမားဒီပိုင်းဟာ အသင်းအတွက်လာလီဂါပွဲစဉ်(၈)ပွဲကစားအပြီးမှာပဲ ရီးယဲလ်ကစားသမားဟာဇက်သွင်းယူခဲ့တဲ့ လာလီဂါသွင်းဂိုးအရေအတွက်နဲ့တူညီသွားပါပြီ။

ပြီးခဲ့တဲ့နွေရာသီကမှ လိုင်ယွန်အသင်းကနေ ဘာစီလိုနာအသင်းဆီအလွတ်ပြောင်းရွှေ့ကြေးနဲ့ရောက်ရှိခဲ့သူ ဒီပိုင်းဟာ ဘာစီလိုနာအသင်းအတွက်ခြေစွမ်းပြဂိုးတွေသွင်းယူနေသလို လာလီဂါ(၈)ပွဲကစား၊ (၄)ဂိုးသွင်းယူထားပြီးဖြစ်ပါတယ်။

ဒါဟာ ၂၀၁၉၊ နွေရာသီက ရီးယဲလ်အသင်းကိုပြောင်းရွှေ့ခဲ့သူ ဟာဇက် လာလီဂါပွဲပေါင်း(၃၇)ပွဲကစားအပြီးမှာ သွင်းယူခဲ့တဲ့ဂိုးအရေအတွက်ဖြစ်ပြီး ဟာဇက်ဟာ ဒီရာသီမှာ လာလီဂါ(၇)ပွဲကစားခဲ့ပေမယ့် တစ်ဂိုးမှမသွင်းနိုင်သေးပါဘူး။

ပြိုင်ပွဲစုံမှာတော့ ဒီပိုင်းက ဘာစီလိုနာအတွက် (၁၀)ပွဲကစားအပြီးမှာ (၄)ဂိုးသွင်းယူထားပြီး ဟာဇက်ကတော့ (၅၁)ပွဲအထိကစားခဲ့ပေမယ့် အခုမှ (၅)ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။

အသက်(၂၇)နှစ်အရွယ်ရှိပြီဖြစ်သူ ဒီပိုင်းဟာ သြဂုတ်လအတွင်းကစားခဲ့တဲ့ ဘီလ်ဘာအို၊ ဂီတာဖေး၊ စက်တင်ဘာမှာကစားခဲ့တဲ့

လီဗန်တေးတို့နဲ့လာလီဂါပွဲမှာ ဂိုးသွင်းယူခဲ့တဲ့အပြင် မနေ့က ဗလင်စီယာအသင်းကို (၃-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာလည်း ပယ်နယ်တီကနေ တစ်ဂိုးသွင်းယူခဲ့ပါသေးတယ်။

ဒီပိုင်းဟာ ဘာစီလိုနာအသင်းအတွက်သာမက နယ်သာလန်အသင်းမှာပါခြေစွမ်းပြဂိုးတွေသွင်းယူခဲ့ပြီး ဂျီဘရော်လ်တာ၊ မွန်တီနီဂရိုးတို့နဲ့ပွဲမှာ(၂)ဂိုးစီ၊

တူရကီနဲ့ပွဲမှာ ဟက်ထရစ်သွင်းယူခဲ့တာကြောင့် နောက်ဆုံးကစားခဲ့တဲ့(၄)ပွဲမှာ (၇)ဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းကနေ ပေါင်(၈၈)သန်းနဲ့ ရီးယဲလ်အသင်းဆီပြောင်းရွှေ့ခဲ့သူ ဟာဇက်ဟာ နာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုရဲ့နေရာကို အစားဝင်နိုင်မယ့်သူအဖြစ်

ပရိသတ်တွေကမျှော်လင့်ခဲ့ကြပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် မကြာခဏအနားယူနေရပြီး ဒီရာသီမှာ ကလပ်အသင်းအတွက် ဂိုးမသွင်းနိုင်သေးဘဲ

စက်တင်ဘာလအစောပိုင်းက ချက်အသင်းနဲ့ပွဲမှာ ဘယ်လ်ဂျီယံအသင်းအတွက်သွင်းယူခဲ့တဲ့တစ်ဂိုးသာရှိပါသေးတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဟာဇက္ရဲ႕လာလီဂါဂိုးအေရအတြက္ကို (၈)ပြဲတည္းနဲ႔အမီလိုက္ႏိုင္ခဲ့တဲ့ ဒီပိုင္း

ဘာစီလိုနာအသင္းရဲ႕ နယ္သာလန္နာမည္ေက်ာ္တိုက္စစ္ကစားသမားဒီပိုင္းဟာ အသင္းအတြက္လာလီဂါပြဲစဥ္(၈)ပြဲကစားအၿပီးမွာပဲ ရီးယဲလ္ကစားသမားဟာဇက္သြင္းယူခဲ့တဲ့ လာလီဂါသြင္းဂိုးအေရအတြက္နဲ႔တူညီသြားပါၿပီ။ ၿပီးခဲ့တဲ့ေႏြရာသီကမွ လိုင္ယြန္အသင္းကေန ဘာစီလိုနာအသင္းဆီအလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ေရာက္ရွိခဲ့သူ ဒီပိုင္းဟာ ဘာစီလိုနာအသင္းအတြက္ေျခစြမ္းျပဂိုးေတြသြင္းယူေနသလို လာလီဂါ(၈)ပြဲကစား၊ (၄)ဂိုးသြင္းယူထားၿပီးျဖစ္ပါတယ္။

ဒါဟာ ၂၀၁၉၊ ေႏြရာသီက ရီးယဲလ္အသင္းကိုေျပာင္းေ႐ႊ႕ခဲ့သူ ဟာဇက္ လာလီဂါပြဲေပါင္း(၃၇)ပြဲကစားအၿပီးမွာ သြင္းယူခဲ့တဲ့ဂိုးအေရအတြက္ျဖစ္ၿပီး ဟာဇက္ဟာ ဒီရာသီမွာ လာလီဂါ(၇)ပြဲကစားခဲ့ေပမယ့္ တစ္ဂိုးမွမသြင္းႏိုင္ေသးပါဘူး။ ၿပိဳင္ပြဲစုံမွာေတာ့ ဒီပိုင္းက ဘာစီလိုနာအတြက္ (၁၀)ပြဲကစားအၿပီးမွာ (၄)ဂိုးသြင္းယူထားၿပီး ဟာဇက္ကေတာ့ (၅၁)ပြဲအထိကစားခဲ့ေပမယ့္ အခုမွ (၅)ဂိုးသာသြင္းယူႏိုင္ခဲ့ပါတယ္။

အသက္(၂၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဒီပိုင္းဟာ ၾသဂုတ္လအတြင္းကစားခဲ့တဲ့ ဘီလ္ဘာအို၊ ဂီတာေဖး၊ စက္တင္ဘာမွာကစားခဲ့တဲ့ လီဗန္ေတးတို႔နဲ႔လာလီဂါပြဲမွာ ဂိုးသြင္းယူခဲ့တဲ့အျပင္ မေန႔က ဗလင္စီယာအသင္းကို (၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာလည္း ပယ္နယ္တီကေန တစ္ဂိုးသြင္းယူခဲ့ပါေသးတယ္။ ဒီပိုင္းဟာ ဘာစီလိုနာအသင္းအတြက္သာမက နယ္သာလန္အသင္းမွာပါေျခစြမ္းျပဂိုးေတြသြင္းယူခဲ့ၿပီး ဂ်ီဘေရာ္လ္တာ၊ မြန္တီနီဂ႐ိုးတို႔နဲ႔ပြဲမွာ(၂)ဂိုးစီ၊ တူရကီနဲ႔ပြဲမွာ ဟက္ထရစ္သြင္းယူခဲ့တာေၾကာင့္ ေနာက္ဆုံးကစားခဲ့တဲ့(၄)ပြဲမွာ (၇)ဂိုးအထိသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ခ်ယ္လ္ဆီးအသင္းကေန ေပါင္(၈၈)သန္းနဲ႔ ရီးယဲလ္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့သူ ဟာဇက္ဟာ နာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒိုရဲ႕ေနရာကို အစားဝင္ႏိုင္မယ့္သူအျဖစ္ ပရိသတ္ေတြကေမွ်ာ္လင့္ခဲ့ၾကေပမယ့္ ဒဏ္ရာျပႆနာေတြေၾကာင့္ မၾကာခဏအနားယူေနရၿပီး ဒီရာသီမွာ ကလပ္အသင္းအတြက္ ဂိုးမသြင္းႏိုင္ေသးဘဲ စက္တင္ဘာလအေစာပိုင္းက ခ်က္အသင္းနဲ႔ပြဲမွာ ဘယ္လ္ဂ်ီယံအသင္းအတြက္သြင္းယူခဲ့တဲ့တစ္ဂိုးသာရွိပါေသးတယ္။