ဟာဇက်ကို ခေါ်ဖို့ ကြိုးစားနေတဲ့ နယူးကာဆယ်နဲ့ ချဲလ်ဆီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာနေဗျူးမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ရုန်းကန်နေရတဲ့ ဟာဇက်ကို နယူးကာဆယ်နှင့် ချဲလ်ဆီးအသင်းတို့က ခေါ်ယူဖို့အပြိုင်ရှိနေတယ်လို့ သိရပါတယ်။

အသက်၃၀အရွယ် ဟာဇက်ဟာ လွန်ခဲ့တဲ့ ၂နှစ်ခန့်က ကနဦး ပေါင်၈၉သန်းနဲ့ မက်ဒရစ်ထံ ရောက်လာခဲ့ပေမယ့် ထင်မှတ်ထားသလို ခြေစွမ်းမပြနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဟာဇက်ဟာ ရီးရဲလ်အသင်းတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်ခဲ့ရပြီး အသင်းအတွက် နှစ်ရာသီ ကျော်ကာလအတွင်း ပြိုင်ပွဲစုံ ၅၂ ပွဲသာကစား ခဲ့ရပြီး ငါးဂိုးသာ သွင်းယူထားနိုင်ပါတယ်။

ရီးရဲလ်နည်းပြ အန်ဆယ်လော့တီက အခြားကစားသမားများရဲ့ ခြေစွမ်းကို ပိုမိုနှစ်သက်တာကြောင့် ဟာဇက်ကို ပွဲထွက်ခွင့်မပေးခြင်းဖြစ်တယ်ဆိုပြီး ပြောထားပါတယ်။

ရီးရဲလ်မက်ဒရစ်ကလာမယ့်အပြောင်းအရွှေ့တွင် ပီအက်စ်ဂျီကြယ်ပွင့် ကိုင်လီမက်ပီ၊ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းတို့ကို ခေါ်ယူနိုင်ရေးအတွက် ငွေကြေးများစွာ လိုအပ်နေတာကြောင့် ဟာဇက်ကို ရောင်းထုတ်ဖွယ်ရှိနေပါတယ်။

ဟာဇက်ဟာ ရီးရဲလ်အသင်းနှင့် ၂၀၂၄ ခုနှစ် ဇွန် ၃၀ ရက်အထိ စာချုပ်သက်တမ်းရှိနေသူဖြစ်ပြီး ရီးရဲလ်အသင်းအနေနဲ့ ၎င်းအတွက် ယူရိုသန်း ၅၀ ခန့် အလိုရှိနေကြောင်း သိရပါတယ်။

ဟာဇက်ဟာ ချဲလ်ဆီးအသင်းတွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ကစားခဲ့သူဖြစ်ပြီး အသင်းပရိသတ်များက ၎င်းကို ပြန်လည်ခေါ်ယူရန်

အလိုရှိနေသလို နယူးကာဆယ်အသင်းကလည်း အသင်းကို နာမည်ကြီးကစားသမားများဖြင့် တည်ဆောက်ရန်ဆန္ဒရှိနေကြောင်း သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဟာဇက္ကို ​ေခၚဖို႔ ႀကိဳးစား​ေနတဲ့ နယူးကာဆယ္နဲ႔ ခ်ဲလ္ဆီး

ဘာေနဗ်ဴးမွာ ပုံမွန္ပြဲထြက္ခြင့္ရဖို႔႐ုန္းကန္ေနရတဲ့ ဟာဇက္ကို နယူးကာဆယ္ႏွင့္ ခ်ဲလ္ဆီးအသင္းတို႔က ေခၚယူဖို႔အၿပိဳင္ရွိ​ေနတယ္လို႔ သိရပါတယ္။ အသက္၃၀အ႐ြယ္ ဟာဇက္ဟာ လြန္ခဲ့တဲ့ ၂ႏွစ္ခန္႔က ကနဦး ေပါင္၈၉သန္းနဲ႔ မက္ဒရစ္ထံ ေရာက္လာခဲ့ေပမယ့္ ထင္မွတ္ထားသလို ေျခစြမ္းမျပႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဟာဇက္ဟာ ရီးရဲလ္အသင္းတြင္ ဒဏ္ရာျပႆနာမ်ားႏွင့္ ႐ုန္းကန္ခဲ့ရၿပီး အသင္းအတြက္ ႏွစ္ရာသီ ေက်ာ္ကာလအတြင္း ၿပိဳင္ပြဲစုံ ၅၂ ပြဲသာကစား ခဲ့ရၿပီး ငါးဂိုးသာ သြင္းယူထားႏိုင္ပါတယ္။

ရီးရဲလ္နည္းျပ အန္ဆယ္ေလာ့တီက အျခားကစားသမားမ်ားရဲ႕ ေျခစြမ္းကို ပိုမိုႏွစ္သက္တာေၾကာင့္ ဟာဇက္ကို ပြဲထြက္ခြင့္မေပးျခင္းျဖစ္တယ္ဆိုၿပီး ​ေျပာထားပါတယ္။ ရီးရဲလ္မက္ဒရစ္ကလာမယ့္အေျပာင္းအေ႐ႊ႕တြင္ ပီအက္စ္ဂ်ီၾကယ္ပြင့္ ကိုင္လီမက္ပီ၊ ေဒါ့မြန္တိုက္စစ္မႉး ဟာလန္းတို႔ကို ေခၚယူႏိုင္ေရးအတြက္ ေငြေၾကးမ်ားစြာ လိုအပ္ေနတာေၾကာင့္ ဟာဇက္ကို ေရာင္းထုတ္ဖြယ္ရွိေနပါတယ္။

ဟာဇက္ဟာ ရီးရဲလ္အသင္းႏွင့္ ၂၀၂၄ ခုႏွစ္ ဇြန္ ၃၀ ရက္အထိ စာခ်ဳပ္သက္တမ္းရွိေနသူျဖစ္ၿပီး ရီးရဲလ္အသင္းအေနနဲ႔ ၎အတြက္ ယူ႐ိုသန္း ၅၀ ခန႔္ အလိုရွိေနေၾကာင္း သိရပါတယ္။

ဟာဇက္ဟာ ခ်ဲလ္ဆီးအသင္းတြင္ ၂၀၁၂ ခုႏွစ္မွ ၂၀၁၉ ခုႏွစ္အထိ ကစားခဲ့သူျဖစ္ၿပီး အသင္းပရိသတ္မ်ားက ၎ကို ျပန္လည္ေခၚယူရန္ အလိုရွိေနသလို နယူးကာဆယ္အသင္းကလည္း အသင္းကို နာမည္ႀကီးကစားသမားမ်ားျဖင့္ တည္ေဆာက္ရန္ဆႏၵရွိေနေၾကာင္း သိရပါတယ္။