ဟာဇက်ကလုံးမဖြစ်ဖို့ ကိုယ့်ပုံစံနဲ့ပဲကြိုးစားမယ့် ပူလီဆစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမား ပူလီဆစ်ဟာ ချယ်လ်ဆီး ကစားသမားဟောင်း အီဒင် ဟာဇက်နဲ့ နှိုင်းယှဉ်ပြောဆိုတာတွေကို ငြင်းပယ်လိုက်ပြီး ကိုယ့်ပုံစံနဲ့ ကိုယ်ကြိုးစားမှာဖြစ် ကြောင်း ပြောဆိုပါတယ်။

ပူလီဆစ်အနေနဲ့အီဒင်ဟာဇက်ထွက်ခွါသွားပြီးသိပ်မကြာခင်၂၀၁၉ခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလမှာဒေါ့မွန်အသင်းကနေပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။အမေရိကန်သားဟာ ချယ်လ်ဆီး အသင်းအတွက် ၆၉ ပွဲ ကစားပြီးချိန်မှာ ၁၆ ဂိုး သွင်းယူထားပါတယ်။

ပူလီဆစ်က”ဟာဇက်က ဘောလုံးမှာ လုံး၀ မယုံနိုင်စရာကောင်းတဲ့ကစားသမားပါ။ ကျွန်တော် သူ့ကို အမြဲ အားကျခဲ့ရတာပါ။ကျွန်တော်ပြောချင်တာကကျွန်တော့်ကိုယ်ကျွန်တော်သူ့ပုံစံအတိုင်းဖြစ်အောင်လုပ်တာ ဒါမှမဟုတ် သူ့ရဲ့ခြေရာကိုနင်းတာမျိုးမလုပ်ပါဘူး။”

“ကျွန်တော်က ကိုယ့်ပုံစံနဲ့ ကိုယ်ပါပဲ။ ချယ်လ်ဆီးအတွက် အကောင်းဆုံးတွေ လုပ်ဆောင်ပေးနေပါတယ်။ ဟာဇက်ကလည်း ချယ်လ်ဆီးမှာ အားထားရတဲ့ ကစားသမားကောင်း ဖြစ်ခဲ့တာပါ။”

“သူ့လိုအသင်းအတွက်အင်မတန်အရေးပါခဲ့သူနဲ့နှိုင်းယှဉ်ခံရလို့ဂုဏ်ယူပေမယ့်ကျွန်တော်အများကြီးကြိုးစားဖို့လိုပါသေးတယ်”

“ကျွန်တော်တို့နေရာကောင်းမှာရောက်နေတယ်လို့ထင်ပါတယ်။ကျွန်တော်တို့ချန်ပီယံလိဂ်မှာလည်းဆီမီးဖိုင်နယ်ကိုရောက်နေပါပြီ။ဒါကကောင်းတဲ့အရာပါပဲ”လို့ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဟာဇက္ကလုံးမျဖစ္ဖို႔ ကိုယ့္ပုံစံနဲ႔ပဲႀကိဳးစားမယ့္ ပူလီဆစ္

ခ်ယ္လ္ဆီးအသင္းရဲ့ တိုက္စစ္ကစားသမား ပူလီဆစ္ဟာ ခ်ယ္လ္ဆီး ကစားသမားေဟာင္း အီဒင္ ဟာဇက္နဲ႔ ႏွိုင္းယွဥ္ေျပာဆိုတာေတြကို ျငင္းပယ္လိုက္ၿပီး ကိုယ့္ပုံစံနဲ႔ ကိုယ္ႀကိဳးစားမွာျဖစ္ ေၾကာင္း ေျပာဆုိပါတယ္။

ပူလီဆစ္အေနနဲ႔အီဒင္ဟာဇက္ထြက္ခြါသြားၿပီးသိပ္မၾကာခင္၂၀၁၉ခုႏွစ္ေႏြရာသီအေျပာင္းအေရႊ႕ကာလမွာေဒါ့မြန္အသင္းကေနေျပာင္းေရႊ႕လာခဲ့တာျဖစ္ပါတယ္။အေမရိကန္သားဟာ ခ်ယ္လ္ဆီး အသင္းအတြက္ ၆၉ ပြဲ ကစားၿပီးခ်ိန္မွာ ၁၆ ဂိုး သြင္းယူထားပါတယ္။

ပူလီဆစ္က”ဟာဇက္က ေဘာလုံးမွာ လုံး၀ မယုံနိုင္စရာေကာင္းတဲ့ကစားသမားပါ။ ကၽြန္ေတာ္ သူ႔ကို အျမဲ အားက်ခဲ့ရတာပါ။ကၽြန္ေတာ္ေျပာခ်င္တာကကၽြန္ေတာ့္ကိုယ္ကၽြန္ေတာ္သူ႔ပုံစံအတိုင္းျဖစ္ေအာင္လုပ္တာ ဒါမွမဟုတ္ သူ႔ရဲ့ေျခရာကိုနင္းတာမ်ိဳးမလုပ္ပါဘူး။”

“ကၽြန္ေတာ္က ကိုယ့္ပုံစံနဲ႔ ကိုယ္ပါပဲ။ ခ်ယ္လ္ဆီးအတြက္ အေကာင္းဆုံးေတြ လုပ္ေဆာင္ေပးေနပါတယ္။ ဟာဇက္ကလည္း ခ်ယ္လ္ဆီးမွာ အားထားရတဲ့ ကစားသမားေကာင္း ျဖစ္ခဲ့တာပါ။”

“သူ႔လိုအသင္းအတြက္အင္မတန္အေရးပါခဲ့သူနဲ႔ႏွိုင္းယွဥ္ခံရလို့ဂုဏ္ယူေပမယ့္ကၽြန္ေတာ္အမ်ားႀကီးႀကိဳးစားဖို့လိုပါေသးတယ္”

“ကၽြန္ေတာ္တို့ေနရာေကာင္းမွာေရာက္ေနတယ္လို့ထင္ပါတယ္။ကၽြန္ေတာ္တို့ခ်န္ပီယံလိဂ္မွာလည္းဆီမီးဖိုင္နယ္ကိုေရာက္ေနပါၿပီ။ဒါကေကာင္းတဲ့အရာပါပဲ”လို့ေျပာပါတယ္။