ဟယ်ရီကိန်း အသင်းမှာ ဆက်မရှိနေရင် နည်းပြရာထူးကို လက်ခံမှာမဟုတ်ကြောင်း တောင်းဆိုခဲ့တဲ့ မော်ရင်ညို

Photo Credit

Photo Credit

စပါးအသင်းနည်းပြ ဟိုဆေးမော်ရင်ညိုက နည်းပြရာထူးကို လက်မခံခင် စပါးအသင်းဥက္ကဋ္ဌ ဒန်နီရယ်လီဗိုင်းကို ဟယ်ရီကိန်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အာမခံချက်ပေးနိုင်ဖို့ ညှိနှိုင်းခဲ့ကာ မလိုက်လျောနိုင်ရင် နည်းပြအဖြစ် ကိုင်တွယ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Photo Credit

လစ်လပ်နေတဲ့နည်းပြရာထူးကို သဘောတူညီခြင်းမပြုမီ မော်ရင်ညိုက တိုက်စစ်မှူးဟယ်ရီကိန်းကို အနည်းဆုံး ၁၈ လ အသင်းမှ မရောင်းချရဘူးလို့ အာမခံချက်ပေးဖိ့ု တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ အသင်းကို ဆုဖလားတွေရယူပေးနိုင်ဖိ့ု ပေါ်တူဂီသားက စပါးကြယ်ပွင့်ကိန်းကို အသင်းမှာ အသေအချာဆက်ရှိနေစေလိုတာ ဖြစ်ပါတယ်။

Photo Credit

နည်းပြဟောင်း မော်ရီစီယိုပိုချက်တီနိုက စပါးအသင်းကို ၅ နှစ်ခွဲကြာ ကိုင်တွယ်ခဲ့ပေမယ့် မြောက်လန်ဒန်ကလပ်အသင်းဟာ ၂၀၀၈ ခုနှစ်ကတည်းက ဆုဖလားနဲ့ ဝေးကွာနေခဲ့ရတာ ဖြစ်ပါတယ်။ ကိန်းကို အနည်းဆုံး ၂၀၂၁ အထိ အသင်းမှာ ဆက်မထိန်းထားဘူးဆိုရင်တော့ သဘောတူညီမှုပျက်ပြယ်မယ်လို့ မော်ရင်ဟိုက တောင်းဆိုခဲ့တယ်လိ့ု Express သတင်းက ရေးသားခဲ့ပါတယ်။

Photo Credit

သူ့ရဲ့တောင်းဆိုမှုကို ဒန်နီရယ်လီဗိုင်းက သဘောတူညီခဲ့ပြီးနောက် ယူနိုက်တက်၊ ခဲျလ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း မော်ရင်ညိုက စပါးအသင်းရဲ့ ၃၄ ယောက်မြောက် အမြဲတမ်းနည်းပြဖြစ်လာတာပါ။

Photo Credit

သတင်းတွေရဲ့အဆိုအရ မော်ရင်ညိုက အသင်းနဲ့ စာချုပ်သက်တမ်းမတိုးလိုတဲ့ ကွင်းလယ်လူအဲရစ်ဆင်၊ နောက်ခံလူဗာတွန်ဂန်နဲ့ နောက်ခံလူ အယ်လ်ဒါဝီရယ်တိ့ုကို လိုလိုလားလား ထွက်ခွာခွင့်ပြုမယ်လို့ သိရပါတယ်။

Photo Credit

မော်ရင်ညိုကလည်း လာမယ့်နွေရာသီအထိ ပိုချက်တီနိုပွဲထုတ်ခဲ့တဲ့ အသင်းလူစာရင်းအတိုင်းသာ ဆက်လက်ကိုင်တွယ်သွားမှာဖြစ်ပြီး ဇန်နဝါရီအပြောင်းအရွှေ့မှာ အဲရစ်ဆင်၊ ဗာတွန်ဂန်နဲ့ အယ်လ်ဒါဝီရယ်တို့ကို ရောင်းချပြီး ငွေးကြေးတစ်ရပ် ရှာဖွေဖွယ် ရှိနေပါတယ်။

Photo Credit

တစ်ရာသီကို မော်ရင်ညိုက ပေါင် ၁၅ သန်းခန့် ရရှိတယ်လိ့ု သတင်းတွေအရ သိရပြီး ပေါ်တူဂီသားရဲ့လစာဟာ ယခင်နည်းပြရဲ့လစာထက် ၂ ဆနီးပါး ရရှိမှာ ဖြစ်ပါတယ်။

Photo Credit

အသက် ၅၆ နှစ်အရွယ် မော်ရင်ညိုက အရည်အချင်းရှိ လူငယ်ကစားသမားတွေကို ကိုင်တွယ်ရမှာ စိတ်လှုပ်ရှားနေပြီး “ဒီအသင်းလူစာရင်းကို ကျွန်တော်ကြိုက်ပါတယ်။ လူငယ်တွေနဲ့ ပွဲကစားရမှာ၊ လူငယ်တွေကို တိုးတက်လာအောင် မြေတောင်မြှောက်ပေးရမှာကို မကြိုက်တဲ့ နည်းပြ ဒီကမ္ဘာပေါ်မှာ တစ်ယောက်မှ မရှိပါဘူး”လို့ ပြောသွားခဲ့ပါတယ်။

Photo Credit

Zawgyi

ဟယ္ရီကိန္း အသင္းမွာ ဆက္မရွိေနရင္ နည္းျပရာထူးကို လက္ခံမွာမဟုတ္ေၾကာင္း ေတာင္းဆိုခဲ့တဲ့ ေမာ္ရင္ညိဳ

စပါးအသင္းနည္းျပ ဟိုေဆးေမာ္ရင္ညိဳက နည္းျပရာထူးကို လက္မခံခင္ စပါးအသင္းဥကၠ႒ ဒန္နီရယ္လီဗိုင္းကို ဟယ္ရီ ကိန္း ရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး အာမခံခ်က္ေပးႏိုင္ဖို႔ ညွိႏိႈင္းခဲ့ကာ မလိုက္ေလ်ာႏိုင္ရင္ နည္းျပအျဖစ္ ကိုင္တြယ္မွာ မဟုတ္ဘူးလို႔ ဆုိပါတယ္။ လစ္လပ္ေနတဲ့နည္းျပရာထူးကို သေဘာတူညီျခင္းမျပဳမီ ေမာ္ရင္ညိဳက တိုက္စစ္မွဴး ဟယ္ရီ ကိန္းကို အနည္းဆံုး ၁၈ လ အသင္းမွ မေရာင္းခ်ရဘူးလို႔ အာမခံခ်က္ေပးဖိ႔ု ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။ အသင္းကို ဆုဖလားေတြရယူေပးႏိုင္ဖိ႔ု ေပၚတူဂီသားက စပါးၾကယ္ပြင့္ကိန္းကို အသင္းမွာ အေသအခ်ာဆက္ရွိ နေေစလိုတာ ျဖစ္ပါတယ္။

နည္းျပေဟာင္း ေမာ္ရီ စီယိုပိုခ်က္တီႏိုက စပါးအသင္းကို ၅ ႏွစ္ခြဲၾကာကိုင္တြယ္ခဲ့ေပမယ့္ ေျမာက္လန္ဒန္ကလပ္အသင္း ဟာ ၂၀၀၈ ခုႏွစ္ ကတည္းက ဆုဖလားနဲ႔ ေဝးကြာေနခဲ့ရတာ ျဖစ္ပါတယ္။ ကိန္းကို အနည္းဆုံး ၂၀၂၁ အထိ အသင္းမွာ ဆက္မထိန္းထား ဘူးဆိုရင္ေတာ့ သေဘာတူညီမႈပ်က္ျပယ္မယ္လို႔ ေမာ္ရင္ဟိုက ေတာင္းဆိုခဲ့တယ္လိ႔ု Express သတင္းက ေရးသားခဲ့ပါတယ္။

သူ႕ရဲ႕ေတာင္းဆိုမႈကို ဒန္နီရယ္လီဗိုင္းက သေဘာတူညီခဲ့ၿပီးေနာက္ ယူႏိုက္တက္၊ ခဲ်လ္ဆီးနဲ႔ ရီးရဲလ္မက္ဒရစ္နည္းျပ ေဟာင္း ေမာ္ရင္ညိဳက စပါးအသင္းရဲ႕ ၃၄ ေယာက္ေျမာက္ အၿမဲတမ္းနည္းျပျဖစ္လာတာပါ။ သတင္းေတြရဲ႕အဆိုအရ ေမာ္ရင္ညိဳက အသင္းနဲ႔ စာခ်ဳပ္သက္တမ္းမတိုးလိုတဲ့ ကြင္းလယ္လူအဲရစ္ဆင္၊ ေနာက္ခံလူဗာတြန္ဂန္နဲ႔ ေနာက္ခံလူ အယ္လ္ဒါဝီရယ္တိ႔ုကို လိုလိုလားလား ထြက္ခြာခြင့္ျပဳမယ္လို႔ သိရပါတယ္။

ေမာ္ရင္ညိဳကလည္း လာမယ့္ေႏြရာသီအထိ ပိုခ်က္တီႏိုပြဲထုတ္ခဲ့တဲ့ အသင္းလူစာရင္းအတိုင္းသာ ဆက္လက္ကိုင္တြယ္ သြားမွာျဖစ္ၿပီး ဇန္နဝါရီအေျပာင္းအေရႊ႕မွာ အဲရစ္ဆင္၊ ဗာတြန္ဂန္နဲ႔ အယ္လ္ဒါဝီရယ္တို႔ကို ေရာင္းခ်ၿပီး ေငြးေၾကးတစ္ရပ္ ရွာေဖြဖြယ္ ရွိေနပါတယ္။ တစ္ရာသီကို ေမာ္ရင္ညိဳက ေပါင္ ၁၅ သန္းခန္႔ ရရိွတယ္လိ႔ု သတင္းေတြအရသိရၿပီး ေပၚတူဂီ သားရဲ႕လစာဟာ ယခင္နည္းျပရဲ႕လစာထက္ ၂ ဆနီးပါး ရရွိမွာ ျဖစ္ပါတယ္။

အသက္ ၅၆ ႏွစ္အရြယ္ ေမာ္ရင္ညိဳက အရည္အခ်င္းရွိ လူငယ္ကစားသမားေတြကို ကိုင္တြယ္ရမွာ စိတ္လႈပ္ရွားေနၿပီး “ဒီအသင္းလူစာရင္းကို ကၽြန္ေတာ္ႀကိဳက္ပါတယ္။ လူငယ္ေတြနဲ႔ ပြဲကစားရမွာ၊ လူငယ္ေတြကို တိုးတက္လာေအာင္ ေျမေတာင္ေျမွာက္ေပးရမွာကို မႀကိဳက္တဲ့ နည္းျပ ဒီကမၻာေပၚမွာ တစ္ေယာက္မွ မရွိပါဘူး”လို႔ ေျပာသြားခဲ့ပါတယ္။