

အီဘရာဟီမိုဗစ်ကိုခေါ်ယူမယ်ဆိုတဲ့သတင်းတွေကို စပါးနည်းပြသစ်မော်ရင်ညိုက ငြင်းဆန်လိုက်ပြီး သူ့မှာ အင်္ဂလန်ရဲ့အကောင်းဆုံးတိုက်စစ်မှူးရှိနေတယ်လို့ ဟယ်ရီကိန်းကိုညွှန်းဆိုလိုက်ပါတယ်။ဆွီဒင်တိုက်စစ်မှူးဟာ ပိုချက်တီနိုနေရာမှာ မော်ရင်ညိုနဲ့အစားထိုးလိုက်တဲ့နောက် လန်ဒန်မြောက်ပိုင်းကလပ်ကိုရောက်လာလိမ့်မယ်လို့ သတင်းတွေထွက်နေသူပါ။

သူတို့နှစ်ယောက်ဟာ ၂၀၀၈-၀၉ရာသီတုန်းက အင်တာမီလန်မှာ အလုပ်အတူတွဲလုပ်ခဲ့ကြဖူးသလို ၂၀၁၆တုန်းကလည်း မန်ယူမှာပြန်ဆုံဖြစ်ခဲ့ကြပါတယ်။ဒါပေမဲ့ စပါရှယ်ဝမ်းကတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခွင့်ရှိနေတဲ့ အသက် ၃၈နှစ်အရွယ်တိုက်စစ်မှူးအပေါ် စိတ်ဝင်စားမှုအေးစက်နေပါတယ်။

“ သူနဲ့ကျွန်တော့်ကြားက ဆက်သွယ်မှုဟာ သူများတွေထက်ပိုတာပေါ့။အီဘရာဟီမိုဗစ်ဟာ အံ့အားသင့်စရာကစားသမားတစ်ယောက်ပါ။ဒါပေမဲ့ အခွင့်အရေးမရှိဘူးလို့ ကျွန်တော်ပြောရပါလိမ့်မယ်။ကျွန်တော်တို့မှာ အင်္ဂလန်ရဲ့အကောင်းဆုံးတိုက်စစ်မှူး ရှိနေပါပြီ။ကျွန်တော်တို့မှာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးနှစ်ယောက် သုံးယောက်ထဲက တစ်ယောက်ကိုပိုင်ဆိုင်ထားပါပြီ။အသက် ၃၀ကျော်နေပြီဖြစ်ပေမယ့် အီဘရာဟီမိုဗစ်ဟာ ကျွန်တော့်အသင်းမှာ ကစားနိုင်စွမ်းရှိနေဆဲ တိုက်စစ်မှူးတစ်ယောက်ပါ။ဒါပေမဲ့ ဟယ်ရီကိန်းရှိနေသမျှ သူ့ကိုခေါ်ယူဖို့ အာရုံမရှိပါဘူး” လို့ မော်ရင်ညိုက ဖွင့်ဟသွားခဲ့ပါတယ်။
(zawgyi)
အီဘရာဟီမိုဗစ္ကိုေခၚယူမယ္ဆိုတဲ့သတင္းေတြကို စပါးနည္းျပသစ္ေမာ္ရင္ညိဳက ျငင္းဆန္လိုက္ၿပီး သူ႔မွာ အဂၤလန္ရဲ႕အေကာင္းဆံုးတိုက္စစ္မွဴးရွိေနတယ္လို႔ ဟယ္ရီကိန္းကိုညႊန္းဆိုလိုက္ပါတယ္။ဆီြဒင္တိုက္စစ္မွဴးဟာ ပိုခ်က္တီႏိုေနရာမွာ ေမာ္ရင္ညိဳနဲ႔အစားထိုးလိုက္တဲ့ေနာက္ လန္ဒန္ေျမာက္ပိုင္းကလပ္ကိုေရာက္လာလိမ့္မယ္လို႔ သတင္းေတြထြက္ေနသူပါ။သူတို႔ႏွစ္ေယာက္ဟာ ၂၀၀၈-၀၉ရာသီတုန္းက အင္တာမီလန္မွာ အလုပ္အတူတြဲလုပ္ခဲ့ၾကဖူးသလို ၂၀၁၆တုန္းကလည္း မန္ယူမွာျပန္ဆံုျဖစ္ခဲ့ၾကပါတယ္။ဒါေပမဲ့ စပါရွယ္၀မ္းကေတာ့ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ေခၚယူခြင့္ရွိေနတဲ့ အသက္ ၃၈ႏွစ္အရြယ္တိုက္စစ္မွဴးအေပၚ စိတ္၀င္စားမႈေအးစက္ေနပါတယ္။ “ သူနဲ႔ကၽြန္ေတာ့္ၾကားက ဆက္သြယ္မႈဟာ သူမ်ားေတြထက္ပိုတာေပါ့။အီဘရာဟီမိုဗစ္ဟာ အံ့အားသင့္စရာကစားသမားတစ္ေယာက္ပါ။ဒါေပမဲ့ အခြင့္အေရးမရွိဘူးလို႔ ကၽြန္ေတာ္ေျပာရပါလိမ့္မယ္။ကၽြန္ေတာ္တို႔မွာ အဂၤလန္ရဲ႕အေကာင္းဆံုးတိုက္စစ္မွဴး ရွိေနပါၿပီ။ကၽြန္ေတာ္တို႔မွာ ကမာၻ႔အေကာင္းဆံုးတိုက္စစ္မွဴးနွစ္ေယာက္ သံုးေယာက္ထဲက တစ္ေယာက္ကိုပိုင္ဆိုင္ထားပါၿပီ။အသက္ ၃၀ေက်ာ္ေနၿပီျဖစ္ေပမယ့္ အီဘရာဟီမိုဗစ္ဟာ ကၽြန္ေတာ့္အသင္းမွာ ကစားႏိုင္စြမ္းရွိေနဆဲ တိုက္စစ္မွဴးတစ္ေယာက္ပါ။ဒါေပမဲ့ ဟယ္ရီကိန္းရွိေနသမွ် သူ႔ကိုေခၚယူဖို႔ အာရံုမရွိ္ပါဘူး” လို႔ ေမာ္ရင္ညိဳက ဖြင့္ဟသြားခဲ့ပါတယ္။