ဟယ်ရီကိန်းနေရာမှာ အစားထိုးမယ့် ကစားသမား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါးနည်းပြ မော်ရင်ဟိုကတော့ ဟယ်ရီကိန်းထွက်ခွာခဲ့ပါက အင်မိုဘီလီနဲ့အစားထိုးဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ “ဟယ်ရီကိန်းက တကယ်ကောင်းတဲ့တိုက်စစ်မှူးတစ်ဦးပါ။ အသင်းအတွက်လည်း အရေးပါတဲ့ တိုက်စစ်မှူးတစ်ဦးပါ။” “ကျွန်တော်ကတော့ အသင်းမှာ သူ့ကိုဆက်ရှိစေချင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ရွေးချယ်မှုကို လက်ခံရမှာပါ”လို့ မော်ရင်ဟိုကပြောထားပါတယ်။

အသက် ၂၇ နှစ်အရွယ် ကစားသမား ရဲ့စာချုပ်သက်တမ်းက ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ နည်းပြမော်ရင်ဟိုတစ်ယောက် ဂါရတ်ဘေးလ်ကို ချီးကျူးထားတာလည်း တင်ဆက်ပေးပါမယ်။ ဂါရတ်ဘေးလ်ဟာ ဒဏ်ရာ ပြဿနာများကြောင့် စပါးအသင်းတွင် အငှားနဲ့ လာကစားနေတဲ့ ကာလတစ်လျှောက် ပွဲထွက်ကစား ခွင့်ရတာက(၂)ပွဲသာရှိပြီး၊ ဘန်လေနှင့်ပွဲတွင် (၃)ပွဲမြောက်အဖြစ် ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

ဘန်လေအသင်းနှင့်ပွဲ တွင် စပါးအသင်းအတွက် ခြေစွမ်းပြ ကစားပြီး (၂)ဂိုးသွင်းယူပေးခဲ့တဲ့ ဂါရတ်ဘေးလ်ဟာ ပုံမှန်ခြေစွမ်းသာ ပြနိုင်ပါက ကမ္ဘာပေါ်တွင် ဂါရတ် ဘေးလ်ကို မလိုချင်တဲ့ နည်းပြမရှိဘူးဆိုပြီး မော်ရင်ဟိုက ပြောဆိုခဲ့တာပါ။ မော်ရင်ဟိုက “တစ်ခါတလေတော့ မီဒီယာတွေက မှန်တာတွေကိုရေးပြီး၊ တစ်ခါတလေတော့ မဟုတ်တဲ့ သတင်းတွေကို ရေးတတ်ပါတယ်။ ကျွန်တော်နဲ့ ဘေးလ် အဆင်မပြေဘူးဆိုတဲ့သတင်းတွေက မမှန်ပါဘူး”

“ဂါရတ်ဘေးလ်သာ အခုလိုခြေစွမ်းမျိုးဆက်ပြနိုင်မယ်ဆိုရင် သူ့လိုကစားသမား ကို မလိုချင်တဲ့နည်းပြလည်း ကမ္ဘာမှာ မရှိပါဘူး။ သူ့ရဲ့ ကြံ့ခိုင်မှုအခြေအနေ အတွက်လည်း ကျွန်တော် ဝမ်းသာပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဟယ္ရီကိန္း​ေနရာမွာ အစားထိုးမယ့္ ကစားသမား

စပါးနည္းျပ ေမာ္ရင္ဟိုက​ေတာ့ ဟယ္ရီကိန္းထြက္ခြာခဲ့ပါက အင္မိုဘီလီနဲ႔အစားထိုးဖို႔ ျပင္ဆင္ထားတယ္လို႔ သိရပါတယ္။ “ဟယ္ရီကိန္းက တကယ္ေကာင္းတဲ့တိုက္စစ္မႉးတစ္ဦးပါ။ အသင္းအတြက္လည္း အေရးပါတဲ့ တိုက္စစ္မႉးတစ္ဦးပါ။” “ကြၽန္ေတာ္ကေတာ့ အသင္းမွာ သူ႔ကိုဆက္ရွိေစခ်င္ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ေ႐ြးခ်ယ္မႈကို လက္ခံရမွာပါ”လို႔ ေမာ္ရင္ဟိုက​ေျပာထားပါတယ္။ အသက္ ၂၇ ႏွစ္အ႐ြယ္ ကစားသမား ရဲ႕စာခ်ဳပ္သက္တမ္းက ၂၀၂၄ ခုႏွစ္မွာ ကုန္ဆုံးမွာျဖစ္ပါတယ္။

နည္းျပေမာ္ရင္ဟိုတစ္​ေယာက္ ဂါရတ္​ေဘးလ္ကို ခ်ီးက်ဴးထားတာလည္း တင္ဆက္​ေပးပါမယ္။ ဂါရတ္ေဘးလ္ဟာ ဒဏ္ရာ ျပႆနာမ်ားေၾကာင့္ စပါးအသင္းတြင္ အငွားနဲ႔ လာကစားေနတဲ့ ကာလတစ္ေလွ်ာက္ ပြဲထြက္ကစား ခြင့္ရတာက(၂)ပြဲသာရွိၿပီး၊ ဘန္ေလႏွင့္ပြဲတြင္ (၃)ပြဲေျမာက္အျဖစ္ ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။

ဘန္ေလအသင္းႏွင့္ပြဲ တြင္ စပါးအသင္းအတြက္ ေျခစြမ္းျပ ကစားၿပီး (၂)ဂိုးသြင္းယူေပးခဲ့တဲ့ ဂါရတ္ေဘးလ္ဟာ ပုံမွန္ေျခစြမ္းသာ ျပႏိုင္ပါက ကမာၻေပၚတြင္ ဂါရတ္ ေဘးလ္ကို မလိုခ်င္တဲ့ နည္းျပမရွိဘူးဆိုၿပီး ​ေမာ္ရင္ဟိုက ​ေျပာဆိုခဲ့တာပါ။

ေမာ္ရင္ဟိုက “တစ္ခါတေလေတာ့ မီဒီယာေတြက မွန္တာေတြကိုေရးၿပီး၊ တစ္ခါတေလေတာ့ မဟုတ္တဲ့ သတင္းေတြကို ေရးတတ္ပါတယ္။ ကြၽန္ေတာ္နဲ႔ ေဘးလ္ အဆင္မေျပဘူးဆိုတဲ့သတင္းေတြက မမွန္ပါဘူး” “ဂါရတ္ေဘးလ္သာ အခုလိုေျခစြမ္းမ်ိဳးဆက္ျပႏိုင္မယ္ဆိုရင္ သူ႔လိုကစားသမား ကို မလိုခ်င္တဲ့နည္းျပလည္း ကမာၻမွာ မရွိပါဘူး။ သူ႔ရဲ႕ ႀကံ့ခိုင္မႈအေျခအေန အတြက္လည္း ကြၽန္ေတာ္ ဝမ္းသာပါတယ္”လို႔ ​ေျပာဆိုခဲ့ပါတယ္။