ဟယ်ရီကိန်းကို သင်္ကြန်အမြောက်လို့ ထင်နေတာလား မေဆင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က လန်ဒန်ဘောလုံးဆုပေးပွဲ အခမ်းအနားတွင်

ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု ရရှိခဲ့ပြီးနောက် တစ်ဦးချင်းဆုဖလားထက် အသင်းလိုက်ဆုဖလားကို ပိုလိုချင်ကြောင်းပြောဆိုခဲ့ပါတယ်။

ကိန်းတစ်ယောက် အသင်းပြောင်းတော့မယ် ဆိုတဲ့ သတင်းတွေလည်း လှိုင်လှိုင် ထွက်ထားပါတယ်။

စပါးအသင်းကို ဒီနှစ်ဘောလုံးရာသီအကုန်ထိ ယာယီနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်မယ့် ရိုင်ယန်မေဆင်က

အသင်းရဲ့ အဓိကကြယ်ပွင့် ကစားသမားတစ်ယောက်ဖြစ်တဲ့ ဟယ်ရီကိန်းကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် ယုံကြည်တဲ့အနေအထားမှာရှိနေပါတယ်။

ဘာကြောင့်လဲဆိုရင် အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို ပိုင်ဆိုင်ဖို့ မလိုအပ်ဘဲကစားသမားကိုယ်တိုင်က အသင်းကို ချစ်မြတ်နိုးတာကြောင့် အသင်းမှာ ဆက်ရှိနေနိုင်တယ်ဆိုပြီး သူ့ဘက်က ယုံကြည်နေတာပါ။

မေဆင်က “ဟယ်ရီကိန်းဟာ စပါးကို သိပ်ချစ်ပါတယ်။

ဒါကလည်း သူက လွန်ခဲ့တဲ့ (၇)နှစ်(၈)နှစ်လောက်ကတည်းက သက်သေပြခဲ့ပြီးသားပါ။

သူက ကမ္ဘာ့အဆင့်ရှိ တဲ့ အကောင်းဆုံး တိုက်စစ်မှူးတစ်ယောက်ပါ။”

“ချန်ပီယံလိဂ်ကစားခွင့်ရရေးက သူ့ရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးသွားမယ် မထင်ပါဘူး။

အခု အရေးကြီးဆုံး အာရုံစိုက်ရမယ့်အရာကတော့ ရှေ့လာမယ့်ပွဲစဉ်ပါပဲ။

ကျွန်တော်တို့အနေနဲ့ ပြိုင်ဘက်ကို မလေးမစား ယှဉ်ပြိုင်လို့မရသလို ကျွန်တော်တို့အားလုံးရဲ့ ခွန်အားတွေကိုလည်း ထုတ်ပြသွားဖို့ လိုပါလိမ့်မယ်” လို့ပြောဆိုပါတယ်။

ကိန်းရဲ့ စပါးအသင်းကတော့ လာမယ့်နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရရန် သေချာတဲ့ အနေအထားမှာမရှိသေးဘဲ အဆင့် ၄ နေရာမှ ချယ်လ်ဆီးနှင့် ၅ မှတ်ကွာနေပါတယ်။

စပါးအသင်းဟာ မနက်ဖြန်မှာတော့ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဟယ္ရီကိန္းကို သႀကၤန္အေျမာက္လို႔ ထင္ေနတာလား ေမဆင္

အဂၤလန္လက္ေရြးစင္အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းဟာ ၿပီးခဲ့တဲ့ အဂၤါေန႔က လန္ဒန္ေဘာလုံးဆုေပးပြဲ အခမ္းအနားတြင္ ပရီးမီးယားလိဂ္ တစ္ႏွစ္တာအေကာင္းဆုံး ကစားသမားဆု ရရွိခဲ့ၿပီးေနာက္ တစ္ဦးခ်င္းဆုဖလားထက္ အသင္းလိုက္ဆုဖလားကို ပိုလိုခ်င္ေၾကာင္းေျပာဆိုခဲ့ပါတယ္။

ကိန္းတစ္ေယာက္ အသင္းေျပာင္းေတာ့မယ္ ဆုိတဲ့ သတင္းေတြလည္း လိွဳင္လိွဳင္ ထြက္ထားပါတယ္။

စပါးအသင္းကို ဒီႏွစ္ေဘာလုံးရာသီအကုန္ထိ ယာယီနည္းျပအျဖစ္ တာဝန္ယူကိုင္တြယ္မယ့္ ရိုင္ယန္ေမဆင္က အသင္းရဲ့ အဓိကၾကယ္ပြင့္ ကစားသမားတစ္ေယာက္ျဖစ္တဲ့ ဟယ္ရီကိန္းကို အသင္းမွာ ဆက္လက္ထိန္းသိမ္းထားနိုင္ဖို့အတြက္ ယုံၾကည္တဲ့အေနအထားမွာရိွေနပါတယ္။

ဘာေၾကာင့္လဲဆိုရင္ အသင္းက ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာကို ပိုင္ဆိုင္ဖို့ မလိုအပ္ဘဲကစားသမားကိုယ္တိုင္က အသင္းကို ခ်စ္ျမတ္နိုးတာေၾကာင့္ အသင္းမွာ ဆက္ရွိေနႏိုင္တယ္ဆိုၿပီး သူ႔ဘက္က ယုံၾကည္ေနတာပါ။

ေမဆင္က “ဟယ္ရီကိန္းဟာ စပါးကို သိပ္ခ်စ္ပါတယ္။ဒါကလည္း သူက လြန္ခဲ့တဲ့ (၇)ႏွစ္(၈)ႏွစ္ေလာက္ကတည္းက သက္ေသျပခဲ့ၿပီးသားပါ။ သူက ကမၻာ့အဆင့္ရွိ တဲ့ အေကာင္းဆုံး တိုက္စစ္မွူးတစ္ေယာက္ပါ။”

“ခ်န္ပီယံလိဂ္ကစားခြင့္ရေရးက သူ႔ရဲ့အနာဂတ္ကို အဆုံးအျဖတ္ေပးသြားမယ္ မထင္ပါဘူး။အခု အေရးႀကီးဆုံး အာ႐ုံစိုက္ရမယ့္အရာကေတာ့ ေရွ႕လာမယ့္ပြဲစဥ္ပါပဲ။ ကၽြန္ေတာ္တို့အေနနဲ႔ ၿပိဳင္ဘက္ကို မေလးမစား ယွဥ္ၿပိဳင္လို့မရသလို ကၽြန္ေတာ္တို့အားလုံးရဲ့ ခြန္အားေတြကိုလည္း ထုတ္ျပသြားဖို႔ လိုပါလိမ့္မယ္” လို႔ေျပာဆိုပါတယ္။

ကိန္းရဲ႕ စပါးအသင္းကေတာ့ လာမယ့္ႏွစ္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ ဝင္ခြင့္ရရန္ ေသခ်ာတဲ့ အေနအထားမွာမရိွေသးဘဲ အဆင့္ ၄ ေနရာမွ ခ်ယ္လ္ဆီးႏွင့္ ၅ မွတ္ကြာေနပါတယ္။ စပါးအသင္းဟာ မနက္ျဖန္မွာေတာ့ ရွက္ဖီးယူနိုက္တက္အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ကို ယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။