ဟယ်ရီကိန်းကို ခေါ်နိုင်ရင် ယူနိုက်တက် ဘယ်လိုဖြစ်သွားနိုင်လဲဆိုတာ ခန့်မှန်းလိုက်တဲ့ မြူလန်စတင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ယူနိုက်တက်အနေနဲ့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကိုသာ ခေါ်ယူနိုင်ခဲ့ရင် ၂၀၂၀-၂၁ ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြင်းပြင်းထန်ထန် စိန်ခေါ်နိုင်လိမ့်မယ်လို့ ယူနိုက်တက်လက်ထောက်နည်းပြဟောင်း မြူလန်စတင်းက သုံးသပ်ပြောကြားလိုက်ပါတယ်။

Photo Credit

ယူနိုက်တက်ဟာ အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းကို ခေါ်ယူဖို့ ပြီးခဲ့တဲ့လအနည်းငယ်က သတင်းတွေ ကျယ်ပြန့်စွာထွက်ပေါ်ခဲ့ပြီး ဟယ်ရီကိန်းက စပါးအသင်းမှာ အောင်မြင်မှုကင်းမဲ့နေတာကြောင့် သူ့အနာဂတ်နဲ့ပတ်သက်လို့ ပြန်လည်စဉ်းစားသုံးသပ်နေပါတယ်။

Photo Credit

ဟယ်ရီကိန်းက အောင်မြင်မှုတွေ ရယူချင်တဲ့ သူ့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပစ်မှတ်တွေကြောင့် သူ့ရဲ့မျှော်လင့်ချက်တွေ ပြည့်မြောက်ဖို့ အခွင့်အရေးပိုများတဲ့အသင်းကို ပြောင်းရွှေ့နိုင်တယ်လို့ လူသိရှင်ကြား ဝန်ခံထားပါတယ်။ ယူနိုက်တက်ကလည်း လက်ရှိအချိန်မှာ ကျောနံပါတ် ၉ စစ်စစ် တိုက်စစ်မှူးမရှိလို့ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ဦးဆောင်ကြိုးစားဖွယ်ရှိနေပါတယ်။

Photo Credit

ယူနိုက်တက်တိုက်စစ်မှူး မာရှယ်က ပြီးခဲ့တဲ့ရာသီမှာ အထောင်တိုက်စစ်မှူးအဖြစ် ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့် ကျောနံပါတ် ၉ နေရာက ယူနိုက်တက်အတွက် လိုအပ်တဲ့နေရာဖြစ်နေဆဲပါပဲ။ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ရဲ့လက်ထောက်နည်းပြအဖြစ် ကာလရှည် တာဝန်ယူခဲ့ဖူးတဲ့ မြူလန်စတင်းက ”တကယ့်ကို အရေးကြီးတဲ့အချက်ကတော့ ယူနိုက်တက်အနေနဲ့ တာထွက်ကောင်းဖို့ လိုအပ်နေပြီး ရှုံးပွဲမရှိစံချိန် တင်ထားနိုင်ဖို့လိုပါတယ်”

Photo Credit

”ဒါမှ အသင်းသားတွေလည်း ယုံကြည်မှုရရှိသွားမှာဖြစ်ပါတယ်။ နောက်ပြီး ယူနိုက်တက်ဟာ ကမ္ဘာ့အဆင့် တိုက်စစ်မှူးတစ်ဦး ခေါ်ယူသင့်တယ်လို့ ထင်ပါတယ်။ တကယ်လို့ ဟယ်ရီကိန်းကိုသာ ခေါ်ယူနိုင်ခဲ့ရင် အမှတ်ပေးချန်ပီယံဆုကို ကောင်းကောင်းကြီး စိန်ခေါ်နိုင်လိမ့်မယ်လု့ိ ယုံကြည်ပါတယ်။ ဒီလိုပြောလို့လည်း ယူနိုက်တက်က ဟယ်ရီကိန်းကို ခေါ်ယူနိုင်လိမ့်မယ်လို့ ပြောတာမဟုတ်ပါဘူး။ ခေါ်ယူနိုင်ခဲ့ရင်လို့ ပြောတာပါ”လို့ ပြောပါတယ်။

Photo Credit

ယူနိုက်တက်ဟာ ယခုနွေရာသီအတွင်း ပထမဆုံး ကစားသမားသစ်ခေါ်ယူမှုအဖြစ် အေဂျက်စ်ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ပေါင် ၃၅ သန်း၊ အပိုဆုကြေး ပေါင် ၄သန်းနဲ့ ၅နှစ်စာချုပ် ချုပ်ဆိုကာ ခေါ်ယူနိုင်ခဲ့ပြီး တခြားနေရာတွေအတွက် အသင်းအင်အားဖြည့်တင်းဖို့ အလားအလာကောင်းတွေ ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

ဟယ္ရီကိန္းကို ေခၚႏိုင္ရင္ ယူႏုိက္တက္ ဘယ္လုိျဖစ္သြားႏိုင္လဲဆုိတာ ခန္႔မွန္းလိုက္တဲ့ ျမဴလန္စတင္း
ယူႏုိက္တက္အေနနဲ႔ စပါးတိုက္စစ္မွဴး ဟယ္ရီကိန္းကုိသာ ေခၚယူႏုိင္ခဲ့ရင္ ၂၀၂၀-၂၁ ရာသီ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ျပင္းျပင္းထန္ထန္ စိန္ေခၚႏုိင္လိမ့္မယ္လုိ႔ ယူႏုိက္တက္လက္ေထာက္နည္းျပေဟာင္း ျမဴလန္စတင္းက သုံးသပ္ေျပာၾကားလုိက္ပါတယ္။

ယူႏိုက္တက္ဟာ အဂၤလန္အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းကို ေခၚယူဖုိ႔ ၿပီးခဲ့တဲ့လအနည္းငယ္က သတင္းေတြ က်ယ္ျပန္႔စြာထြက္ေပၚခဲ့ၿပီး ဟယ္ရီကိန္းက စပါးအသင္းမွာ ေအာင္ျမင္မႈကင္းမဲ့ေနတာေၾကာင့္ သူ႕အနာဂတ္နဲ႔ပတ္သက္လုိ႔ ျပန္လည္စဥ္းစားသုံးသပ္ေနပါတယ္။

ဟယ္ရီကိန္းက ေအာင္ျမင္မႈေတြ ရယူခ်င္တဲ့ သူ႕ရဲ႕ ပုဂၢိဳလ္ေရးဆုိင္ရာ ပစ္မွတ္ေတြေၾကာင့္ သူ႕ရဲ႕ေမွ်ာ္လင့္ခ်က္ေတြ ျပည့္ေျမာက္ဖုိ႔ အခြင့္အေရးပိုမ်ားတဲ့အသင္းကို ေျပာင္းေရႊ႕ႏိုင္တယ္လုိ႔ လူသိရွင္ၾကား ၀န္ခံထားပါတယ္။ ယူႏိုက္တက္ကလည္း လက္ရွိအခ်ိန္မွာ ေက်ာနံပါတ္ ၉ စစ္စစ္ တုိက္စစ္မွဴးမရွိလုိ႔ ဟယ္ရီကိန္းကို ေခၚယူဖုိ႔ ဦးေဆာင္ႀကိဳးစားဖြယ္ရွိေနပါတယ္။

ယူႏုိက္တက္တုိက္စစ္မွဴး မာရွယ္က ၿပီးခဲ့တဲ့ရာသီမွာ အေထာင္တုိက္စစ္မွဴးအျဖစ္ ေျခစြမ္းျပကစားႏိုင္ခဲ့ေပမယ့္ ေက်ာနံပါတ္ ၉ ေနရာက ယူႏုိက္တက္အတြက္ လိုအပ္တဲ့ေနရာျဖစ္ေနဆဲပါပဲ။ ဂႏၳ၀င္နည္းျပႀကီး ဖာဂူဆန္ရဲ႕လက္ေထာက္နည္းျပအျဖစ္ ကာလရွည္ တာ၀န္ယူခဲ့ဖူးတဲ့ ျမဴလန္စတင္းက ”တကယ့္ကို အေရးႀကီးတဲ့အခ်က္ကေတာ့ ယူႏိုက္တက္အေနနဲ႔ တာထြက္ေကာင္းဖုိ႔ လိုအပ္ေနၿပီး ႐ံႈးပြဲမရွိစံခ်ိန္ တင္ထားႏိုင္ဖို႔လိုပါတယ္”

”ဒါမွ အသင္းသားေတြလည္း ယုံၾကည္မႈရရွိသြားမွာျဖစ္ပါတယ္။ ေနာက္ၿပီး ယူႏုိက္တက္ဟာ ကမၻာ့အဆင့္ တုိက္စစ္မွဴးတစ္ဦး ေခၚယူသင့္တယ္လုိ႔ ထင္ပါတယ္။ တကယ္လုိ႔ ဟယ္ရီကိန္းကုိသာ ေခၚယူႏုိင္ခဲ့ရင္ အမွတ္ေပးခ်န္ပီယံဆုကုိ ေကာင္းေကာင္းႀကီး စိန္ေခၚႏိုင္လိမ့္မယ္လု႔ိ ယုံၾကည္ပါတယ္။ ဒီလုိေျပာလုိ႔လည္း ယူႏုိက္တက္က ဟယ္ရီကိန္းကို ေခၚယူႏုိင္လိမ့္မယ္လုိ႔ ေျပာတာမဟုတ္ပါဘူး။ ေခၚယူႏုိင္ခဲ့ရင္လုိ႔ ေျပာတာပါ”လုိ႔ ေျပာပါတယ္။

ယူႏုိက္တက္ဟာ ယခုေႏြရာသီအတြင္း ပထမဆုံး ကစားသမားသစ္ေခၚယူမႈအျဖစ္ ေအဂ်က္စ္ကြင္းလယ္လူ ဗန္ဒီဘိခ္ကို ေပါင္ ၃၅ သန္း၊ အပိုဆုေၾကး ေပါင္ ၄သန္းနဲ႔ ၅ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုကာ ေခၚယူႏိုင္ခဲ့ၿပီး တျခားေနရာေတြအတြက္ အသင္းအင္အားျဖည့္တင္းဖို႔ အလားအလာေကာင္းေတြ ရွိေနပါတယ္။