ဟယ္ရီကိန္းရဲ႕အဂၤလန္ဂိုးသြင္းႏႈန္းက လက္ေရြးစင္ထိပ္တန္းဂိုးသြင္းရွင္ရူနီထက္ ပိုေကာင္းေန

photo-gettyimages

photo-reuters

တိုက္စစ္မႈးဟယ္ရီကိန္းဟာ ဘူလ္ေဂးရီးယားကို ၄ ဂိုးျပတ္နဲ႔အႏိုင္ရခဲ့တဲ့ စေနညယူရိုေျခစစ္ပြဲစဥ္မွာ ဟက္ထရစ္သြင္းႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း လက္ေရြးစင္အသင္းအတြက္ သူ႔ရဲ႕သြင္းဂိုးအေရအတြက္ဟာ ၂၅ ဂိုးရွိလာခဲ့ပါၿပီ။ အဲဒီစပါးတုိက္စစ္မႈးဟာ ဘူလ္ေဂးရီးယားနဲ႔ပြဲမွာ အဂၤလန္အတြက္ သူ႔ရဲ႕ပြဲ ၄၀ ေျမာက္ကို ကစားခဲ့တာပါ။ ပြဲ ၄၀ နဲ႔ ၂၅ ဂိုးသြင္းႏိုင္ခ့ဲတာေၾကာင့္လည္း ဟယ္ရီကိန္းဟာ ဂယ္ရီလိုင္နီကာေနာက္ပိုင္း အဂၤလန္အတြက္ ပထမဆုံးပဲြ ၄၀ မွာ ၂၃ ဂိုးနဲ႔အထက္သြင္းႏိုင္ခ့ဲတဲ့ ပထမဆုံးကစားသမားျဖစ္လာခဲ့ပါတယ္။

photo-gettyimages

၁၉၉၀ ၀န္းက်င္ေလာက္မွာ အဂၤလန္တိုက္စစ္ရဲ႕အေကာင္းဆုံးကစားသမားျဖစ္ခဲ့တဲ့ ဂယ္ရီလိုင္နီကာ အဂၤလန္အတြက္ သူ႔ရဲ႕ပထဆုံးပြဲ ၄၀ မွာ ၂၇ ဂိုးသြင္းႏိုင္ခဲ့တာပါ။ အဂၤလန္အတြက္ ပထမဆုံးပြဲ ၄၀ မွာ ဟယ္ရီကိန္းထက္ ဂိုးပိုသြင္းႏိုင္ခဲ့တာဆုိလို႔ လုိင္နီကာတစ္ေယာက္ပဲ ရွိပါေတာ့တယ္။ တစ္နည္းအားျဖင့္ ဟယ္ရီကိန္းရဲ႕လက္ရွိအဂၤလန္ဂိုးသြင္းႏႈန္းဟာ အဂၤလန္အသင္းသမိုင္းတစ္ေလွ်ာက္ဂိုးအမ်ားဆုံးသြင္းသူျဖစ္တဲ့ ၀ိန္းရူနီထက္ေတာင္ ပိုေကာင္းေနပါတယ္။ မန္ယူဂႏၳ၀င္ေဟာင္းျဖစ္တဲ့ရူနီဟာ အဂၤလန္အတြက္ သူ႔ရဲ႕ပဲြ ၁၂၀ မွာ ၅၃ ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ အဂၤလန္အတြက္ ဦးဆုံးပြဲ ၄၀ မွာေတာ့ ရူနီဟာ ၁၄ ဂိုးသာသြင္းႏိုင္ခဲ့ပါတယ္။

photo-daily mail

လက္ရွိမွာ ဟယ္ရီကိန္းဟာ အသက္ ၂၆ ႏွစ္သာရွိေသးလို႔ အဂၤလန္အတြက္ ဂိုးေတြအမ်ားႀကီးထပ္သြငး္ေပးႏိုင္ဦးမွာပါ။ ဒါေပမဲ့ သူသာ လက္ေရြးစင္အသင္းက လက္ရွိဂိုးသြင္းႏႈန္းကို ဆက္ထိန္းႏိုင္မယ္ဆိုရင္ အဂၤလန္ရဲ႕ထိပ္တန္းဂိုးသြင္းရွင္ဆိုတဲ့ ရူနီရဲ႕စံခ်ိန္ကို လိုက္မီႏိုင္ဖုိ႔ အခြင့္အလမ္းရွိမွာပါ။ ဟယ္ရီကိန္းဟာ ၂၀၁၈ ကမာၻ႔ဖလားတုန္းကလည္း ဂိုးအမ်ားဆံုးသြင္းသူဆုျဖစ္တဲ့ ေရႊဖိနပ္ဆုကို ရရွိခဲ့ပါတယ္။

[Unicode]

တိုက်စစ်မှုးဟယ်ရီကိန်းဟာ ဘူလ်ဂေးရီးယားကို ၄ ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ စနေညယူရိုခြေစစ်ပွဲစဉ်မှာ ဟက်ထရစ်သွင်းနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း လက်ရွေးစင်အသင်းအတွက် သူ့ရဲ့သွင်းဂိုးအရေအတွက်ဟာ ၂၃ ဂိုးရှိလာခဲ့ပါပြီ။ အဲဒီစပါးတိုက်စစ်မှုးဟာ ဘူလ်ဂေးရီးယားနဲ့ပွဲမှာ အင်္ဂလန်အတွက် သူ့ရဲ့ပွဲ ၄၀ မြောက်ကို ကစားခဲ့တာပါ။ ပွဲ ၄၀ နဲ့ ၂၃ ဂိုးသွင်းနိုင်ခဲ့တာကြောင့်လည်း ဟယ်ရီကိန်းဟာ ဂယ်ရီလိုင်နီကာနောက်ပိုင်း အင်္ဂလန်အတွက် ပထမဆုံးပွဲ ၄၀ မှာ ၂၃ ဂိုးနဲ့အထက်သွင်းနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

၁၉၉၀ ဝန်းကျင်လောက်မှာ အင်္ဂလန်တိုက်စစ်ရဲ့အကောင်းဆုံးကစားသမားဖြစ်ခဲ့တဲ့ ဂယ်ရီလိုင်နီကာ အင်္ဂလန်အတွက် သူ့ရဲ့ပထမဆုံးပွဲ ၄၀ မှာ ၂၇ ဂိုးသွင်းနိုင်ခဲ့တာပါ။ အင်္ဂလန်အတွက် ပထဆုံးပွဲ ၄၀ မှာ ဟယ်ရီကိန်းထက် ဂိုးပိုသွင်းနိုင်ခဲ့တာဆိုလို့ လိုင်နီကာတစ်ယောက်ပဲ ရှိပါတော့တယ်။ တစ်နည်းအားဖြင့် ဟယ်ရီကိန်းရဲ့လက်ရှိအင်္ဂလန်ဂိုးသွင်းနှုန်းဟာ အင်္ဂလန်အသင်းသမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းသူဖြစ်တဲ့ ဝိန်းရူနီထက်တောင် ပိုကောင်းနေပါတယ်။ မန်ယူဂန္ထဝင်ဟောင်းဖြစ်တဲ့ရူနီဟာ အင်္ဂလန်အတွက် သူ့ရဲ့ပွဲ ၁၂၀ မှာ ၅၃ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အင်္ဂလန်အတွက် ဦးဆုံးပွဲ ၄၀ မှာတော့ ရူနီဟာ ၁၄ ဂိုးသာသွင်းနိုင်ခဲ့ပါတယ်။

လက်ရှိမှာ ဟယ်ရီကိန်းဟာ အသက် ၂၆ နှစ်သာရှိသေးလို့ အင်္ဂလန်အတွက် ဂိုးတွေအများကြီးထပ်သွင်းပေးနိုင်ဦးမှာပါ။ ဒါပေမဲ့ သူသာ လက်ရွေးစင်အသင်းက လက်ရှိဂိုးသွင်းနှုန်းကို ဆက်ထိန်းနိုင်မယ်ဆိုရင် အင်္ဂလန်ရဲ့ထိပ်တန်းဂိုးသွင်းရှင်ဆိုတဲ့ ရူနီရဲ့စံချိန်ကို လိုက်မီနိုင်ဖို့ အခွင့်အလမ်းရှိမှာပါ။ ဟယ်ရီကိန်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းကလည်း ဂိုးအများဆုံးသွင်းသူဆုဖြစ်တဲ့ ရွှေဖိနပ်ဆုကို ရရှိခဲ့ပါတယ်။