

ဆွီဒင်တိုက်စစ်မှူ း အီဘရာဟီမိုဗစ်ဟာ ဆွီဒင်အဆင့်မြင့်တန်းကလပ်ဖြစ်တဲ့ ဟမ်မာဘေးအသင်းကို ဝယ်ယူလိုက်တဲ့အတွက် သူ့အသင်းဟောင်းဖြစ်တဲ့ မယ်လ်မိုအသင်းပရိသတ်တွေက ဒေါသထွက်နေကြတယ်လို့ သိရပါတယ်။ မိုဗစ်ဟာ မကြာသေးခင် ဟမ်မာဘေးရဲ့ရှယ်ယာ ၅၀% ကိုဝယ်ယူပြီး ကလပ်ရဲ့ပူးတွဲပိုင်ရှင်ဖြစ်လာခဲ့တာပါ။
အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ မိုဗစ်ဟာ မယ်လ်မိုနဲ့အတူ သူ့ရဲ့ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့သူဖြစ်ပြီး အဲဒီအသင်း ပရိသတ်တွေက အခုချိန်အထိသူ့ကို လေးစားနေဆဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း မိုဗစ်ဟာ စတော့ခ်ဟုမ်းမြို့ခံဖြစ်တဲ့ ဟမ်မာဘေးကို ဝယ်လိုက်လို့ မယ်လ်မိုအပေါ်သစ္စာဖောက်သူအဖြစ်လည်း ပရိသတ်တွေက ယူဆနေကြပါတယ်။

မယ်လ်မိုပရိသတ်တွေဟာ ပြီးခဲ့တဲ့လကမှ သူ့ရဲ့ပုံစံတူရုပ်တုနဲ့ ဂုဏ်ပြုခဲ့သေးတာပါ။ သူဟာမကြာခင်မှာ မေဂျာလိဂ်ကလပ် ဂလက်ဆီနဲ့ လမ်းခွဲတော့မှာဖြစ်ပြီး နောက်ထပ်ကစားရမယ့်အသင်းကို မသိကြသေးပေမယ့် အခုလိုမျိုး ဟမ်မာဘေးကို ဝယ်ခဲ့တဲ့အတွက် အဲဒီအသင်းမှာဘဲ ကစားသမားဘဝအဆုံးသတ်ဖို့ ရှိနေတယ်လို့လည်း သုံးသပ်နေကြပါတယ်။

သူဟာ ဂလက်ဆီအသင်းအတွက် ၅၈ ပွဲကစားကာ ၅၃ ဂိုးသွင်းယူပေးခဲ့သူဖြစ်ပြီး စပါးကိုရောက်နိုင်တယ်လို့ သတင်းထွက်ခဲ့ပေမယ့် နည်းပြသစ်မော်ရင်ဟို ကိုယ်တိုင်ကငြင်းပယ်ခဲ့ပြီးနောက် အဲဒီသတင်းတွေလည်းအဆုံးသတ်သွားခဲ့ရပါတယ်။

ဟမ်မာဘေးဟာ စိတ်ဓါတ်ပြင်းထန်တဲ့ပရိသတ်တွေ ရှိနေပြီး အံအားသင့်စရာကောင်းတဲ့ ကလပ်ဖြစ်ကာ ဆွီဒင်မှာရော စတော့ခ်ဟုမ်းမှာပါလေးစားခံရတဲ့အသင်းဖြစ်လို့ ဒီအသင်းရဲ့ပူးတွဲပိုင်ရှင်ဖြစ်လာတာဟာ စိတ်လှုပ်ရှားစရာကောင်းတယ်လို့ အီဘရာဟီမိုဗစ်က ပြောသွားပါတယ်။

Zawgyi
ဟမ္မာေဘး အသင္းကို၀ယ္ခဲ့လို႔ အီဘရာဟီမိုဗစ္ကို မယ္လ္မိုပရိသတ္ေတြေဒါသထြက္ေန
ဆီြဒင္တိုက္စစ္မွဴ း အီဘရာဟီမိုဗစ္ဟာ ဆီြဒင္အဆင့္ျမင့္တန္းကလပ္ျဖစ္တဲ႔ ဟမ္မာေဘးအသင္းကို ၀ယ္ယူလိုက္တဲ႔အတြက္ သူ႔အသင္းေဟာင္းျဖစ္တဲ႔ မယ္လ္မိုအသင္းပရိသတ္ေတြက ေဒါသထြက္ေနၾကတယ္လို႔ သိရပါတယ္။ မိုဗစ္ဟာ မၾကာေသးခင္ ဟမ္မာေဘးရဲ႕ရွယ္ယာ ၅၀% ကို၀ယ္ယူၿပီး ကလပ္ရဲ႕ပူးတြဲပိုင္ရွင္ျဖစ္လာခဲ့တာပါ။
အသက္ ၃၈ ႏွစ္ရွိၿပီျဖစ္တဲ႔ မိုဗစ္ဟာ မယ္လ္မိုနဲ႔အတူ သူ႔ရဲ႕ပေရာ္ဖက္ရွင္နယ္ ကစားသမားဘ၀ကို စတင္ခဲ့သူျဖစ္ၿပီး အဲဒီအသင္း ပရိသတ္ေတြက အခုခ်ိန္အထိသူ႔ကို ေလးစားေနဆဲျဖစ္ပါတယ္။ ဒါေပမယ္႔လည္း မိုဗစ္ဟာ စေတာ႔ခ္ဟုမ္းၿမိဳ႕ခံျဖစ္တဲ႔ ဟမ္မာေဘးကို ၀ယ္လိုက္လို႔ မယ္လ္မိုအေပၚသစၥာေဖာက္သူအျဖစ္လည္း ပရိသတ္ေတြက ယူဆေနၾကပါတယ္။
မယ္လ္မိုပရိသတ္ေတြဟာ ၿပီးခဲ့တဲ႔လကမွ သူ႔ရဲ႕ပုံစံတူရုပ္တုနဲ႔ ဂုဏ္ျပဳခဲ့ေသးတာပါ။ သူဟာမၾကာခင္မွာ ေမဂ်ာလိဂ္ကလပ္ ဂလက္ဆီနဲ႔ လမ္းခြဲေတာ႔မွာျဖစ္ၿပီး ေနာက္ထပ္ကစားရမယ္႔အသင္းကို မသိၾကေသးေပမယ္႔ အခုလိုမ်ဳိး ဟမ္မာေဘးကို ၀ယ္ခဲ့တဲ႔အတြက္ အဲဒီအသင္းမွာဘဲ ကစားသမားဘ၀အဆုံးသတ္ဖို႔ ရွိေနတယ္လို႔လည္း သုံးသပ္ေနၾကပါတယ္။
သူဟာ ဂလက္ဆီအသင္းအတြက္ ၅၈ ပြဲကစားကာ ၅၃ ဂုိးသြင္းယူေပးခဲ့သူျဖစ္ၿပီး စပါးကိုေရာက္ႏိုင္တယ္လို႔ သတင္းထြက္ခဲ့ေပမယ္႔ နည္းျပသစ္ေမာ္ရင္ဟို ကိုယ္တိုင္ကျငင္းပယ္ခဲ့ၿပီးေနာက္ အဲဒီသတင္းေတြလည္းအဆုံးသတ္သြားခဲ့ရပါတယ္။
ဟမ္မာေဘးဟာ စိတ္ဓါတ္ျပင္းထန္တဲ႔ပရိသတ္ေတြ ရွိေနၿပီး အံအားသင့္စရာေကာင္းတဲ႔ ကလပ္ျဖစ္ကာ ဆီြဒင္မွာေရာ စေတာ႔ခ္ဟုမ္းမွာပါေလးစားခံရတဲ႔အသင္းျဖစ္လို႔ ဒီအသင္းရဲ႕ပူးတြဲပိုင္ရွင္ျဖစ္လာတာဟာ စိတ္လႈပ္ရွားစရာေကာင္းတယ္လို႔ အီဘရာဟီမိုဗစ္က ေျပာသြားပါတယ္။