ဟန်ရေးအပြကောင်းလို့ ဒိုင်လူကြီးနဲ့ပြဿ နာတက်ခဲ့ပြီးအဝါကတ်ပြခံရတဲ့ နေမာ

Photo-Internet
Photo-Internet

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူ း နေမာဟာ မွန့်ပယ်လီယာကို ၅-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ပြိုင်ဘက်တွေကို ဘောလုံးအတူစကေးအပြကောင်းလို့ ဒိုင်နဲ့ပြဿ     နာတက်ပြီး အဝါကတ်ပြသတိပေးခံရတဲ့အထိဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဘောလုံးနဲ့အတူပြိုင်ဘက်ရဲ့ထောင့်ကန်ဘောအလံတိုင်နားရောက်လာတဲ့ နေမာဟာသူ့နားမှာရှိနေတဲ့ ပြိုင်ဘက်နှစ်ဦးကိုကျော်ဖြတ်ဖို့အတွက် ဘောလုံးကိုခြေဖနောင့် ၂ ဖက်နဲ့ညှပ်ပြီး သက်တန့်ကိုင်းပုံစံနဲ့လှည့်ဖျားခဲ့တာဖြစ်ပါတယ်။ ဒီလိုလုပ်ခဲ့တဲ့အတွက် ပီအက်စ်ဂျီကလက်ပစ်ဘောရခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီး ကမကျေနပ်ခဲ့ပါဘူး။

https://twitter.com/Brazil_TeamNews/status/1223805748519620616?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1223805748519620616&ref_url=https%3A%2F%2Fwww.dailymail.co.uk%2Fsport%2Ffootball%2Farticle-7958025%2FNeymar-goes-berserk-referee-booked-dissent-disagreement-showboating.html

ဒါကြောင့် သူတို့နှစ်ဦးကွင်းထဲမှာ အပြန်အလှန်စကားများခဲ့ကြပြီးနောက် ပြန်လှန်ခံပြောမှုအတွက်ပွဲချိန် ၃၈ မိနစ်မှာ ဒိုင်လူကြီးကနေမာကို အဝါကတ်ပြသခဲ့ပါတယ်။ ဒီပြဿ     နာဟာကွင်းထဲမှာတင်မပြီးခဲ့ဘဲ ပထမပိုင်းပြီးချိန်ကွင်းထဲကနေပြန်အထွက် ဥမင်လမ်းထဲမှာလည်း ဗာရက်တီနဲ့ စကားပြောနေရာကနေတစ်ဆင့် နေမာက ဒိုင်လူကြီးကို အော်ဟစ်ခဲ့ပြန်ပါတယ်။

Photo-Internet

သူက”ငါဘောလုံးကစားတာလေ။ ဒါကိုသူကအဝါကတ်ပြတယ်။ ဒီလိုပုံစံကိုအဝါကတ်ပြလို့မရဘူးလို့ ဒိုင်ကိုပြောလိုက်စမ်းပါ ဗာရက်တီရာ” လို့ဆိုခဲ့ပါတယ်။ နေမာဟာ ဘရာဇီးလိုပြောခဲ့တာဖြစ်ပြီး ဒါကိုဒိုင်လူကြီးက”အေးဆေးပေါ့။ ပြင်သစ်လိုပြောစမ်းပါကွာ” လို့တုံ့ပြန်ခဲ့ပါတယ်။

Photo-Internet

ဒီဗီဒီယိုဖိုင်ကို နောက်ပိုင်းမှာနေမာက သူ့ရဲ့ Followers ၁၃၂ သန်းရှိတဲ့ အင်စတာဂရမ်ပေါ်တင်ခဲ့တယ်လို့လည်း သိရပါတယ်။ နေမာဟာသူ့စကေးပြလွန်းလို့ အဝါကတ်ပြခံခဲ့ရပေမယ့် ဒီပွဲမှာနောက်ထပ် ပြသမှုတွေလည်းရှိခဲ့သေးပြီး ဒိုင်နဲ့ပြဿ     နာထပ်မတက်ခဲ့ဘူးလို့လည်းဆိုပါတယ်။

Photo-Internet

Zawgyi

ဟန္ေရးအျပေကာင္းလို႔ ဒိုင္လူႀကီးနဲ႔ျပႆ နာတက္ခဲ့ၿပီးအ၀ါကတ္ျပခံရတဲ႔ ေနမာ

ပီအက္စ္ဂ်ီအသင္းတိုက္စစ္မွဴ း ေနမာဟာ မြန္႔ပယ္လီယာကို ၅-၀ နဲ႔အႏိုင္ရခဲ့တဲ႔ပြဲမွာ ၿပိဳင္ဘက္ေတြကို ေဘာလုံးအတူစေကးအျပေကာင္းလို႔ ဒိုင္နဲ႔ျပႆ     နာတက္ၿပီး အ၀ါကတ္ျပသတိေပးခံရတဲ႔အထိျဖစ္ခဲ့တယ္လို႔ သိရပါတယ္။

ေဘာလုံးနဲ႔အတူၿပိဳင္ဘက္ရဲ႕ေထာင္႔ကန္ေဘာအလံတိုင္နားေရာက္လာတဲ႔ ေနမာဟာသူ႔နားမွာရွိေနတဲ႔ ၿပိဳင္ဘက္ႏွစ္ဦးကိုေက်ာ္ျဖတ္ဖို႔အတြက္ ေဘာလုံးကိုေျခဖေနာင့္ ၂ ဖက္နဲ႔ညွပ္ၿပီး သက္တန္႔ကိုင္းပုံစံနဲ႔လွည့္ဖ်ားခဲ့တာျဖစ္ပါတယ္။ ဒီလိုလုပ္ခဲ့တဲ႔အတြက္ ပီအက္စ္ဂ်ီကလက္ပစ္ေဘာရခဲ့ေပမယ္႔ ကြင္းလယ္ဒိုင္လူႀကီး ကမေက်နပ္ခဲ့ပါဘူး။

ဒါေၾကာင့္ သူတို႔ႏွစ္ဦးကြင္းထဲမွာ အျပန္အလွန္စကားမ်ားခဲ့ၾကၿပီးေနာက္ ျပန္လွန္ခံေျပာမႈအတြက္ပြဲခ်ိန္ ၃၈ မိနစ္မွာ ဒိုင္လူႀကီးကေနမာကို အ၀ါကတ္ျပသခဲ့ပါတယ္။ ဒီျပႆ     နာဟာကြင္းထဲမွာတင္မၿပီးခဲ့ဘဲ ပထမပိုင္းၿပီးခ်ိန္ကြင္းထဲကေနျပန္အထြက္ ဥမင္လမ္းထဲမွာလည္း ဗာရက္တီနဲ႔ စကားေျပာေနရာကေနတစ္ဆင့္ ေနမာက ဒိုင္လူႀကီးကို ေအာ္ဟစ္ခဲ့ျပန္ပါတယ္။

သူက”ငါေဘာလုံးကစားတာေလ။ ဒါကိုသူကအ၀ါကတ္ျပတယ္။ ဒီလိုပုံစံကိုအ၀ါကတ္ျပလို႔မရဘူးလို႔ ဒိုင္ကိုေျပာလိုက္စမ္းပါ ဗာရက္တီရာ” လို႔ဆိုခဲ့ပါတယ္။ ေနမာဟာ ဘရာဇီးလိုေျပာခဲ့တာျဖစ္ၿပီး ဒါကိုဒိုင္လူႀကီးက”ေအးေဆးေပါ့။ ျပင္သစ္လိုေျပာစမ္းပါကြာ” လို႔တုံ႔ျပန္ခဲ့ပါတယ္။

ဒီဗီဒီယိုဖိုင္ကို ေနာက္ပိုင္းမွာေနမာက သူ႔ရဲ႕ Followers ၁၃၂ သန္းရွိတဲ႔ အင္စတာဂရမ္ေပၚတင္ခဲ့တယ္လို႔လည္း သိရပါတယ္။ ေနမာဟာသူ႔စေကးျပလြန္းလို႔ အ၀ါကတ္ျပခံခဲ့ရေပမယ္႔ ဒီပြဲမွာေနာက္ထပ္ ျပသမႈေတြလည္းရွိခဲ့ေသးၿပီး ဒိုင္နဲ႔ျပႆ     နာထပ္မတက္ခဲ့ဘူးလို႔လည္းဆိုပါတယ္။