
photo-gettyimages
photo-gettyimages
ဂိုးသမားဒင်းဟန်ဒါဆန်ဟာ လာမယ့်ရာသီမှာ မန်ယူရဲ့ပထမဦးစားပေးဂိုးသမားဖြစ်ချင်နေတယ်လို့ ရှက်ဖီးယူနိုက်တက်အသင်းဖော်ဘီလီရှပ်က ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဟန်ဒါဆန်ဟာ ရှက်ဖီးယူနိုက်တက်နဲ့အတူ အဲဒီက သူ့ရဲ့ဒုတိယမြောက်အငှားရာသီကို ဖြတ်သန်းနေတာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို တန်းတက်အောင်ကူညီပေးနိုင်ခဲ့သလို ဒီရာသီမှာလည်း ဥရောပဝင်ခွင့်မျှော်လင့်ချက်အတွက် လက်စွမ်းပြကူညီပေးနေပါတယ်။
photo-gettyimages
၂၂ နှစ်သာရှိသေးတဲ့ ဟန်ဒါဆန်ဟာ ပြီးခဲ့တဲ့စနေ နော်ဝစ်ချ်ကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း မယုံနိုင်ဖွယ်နှစ်ဆင့်ကာကွယ်မှုနဲ့အတူ အဲဒီပွဲရဲ့ Man of the Match ဖြစ်ခဲ့တာပါ။ အခုလည်း ရှက်ဖီးယူနိုက်အသင်းခေါင်းဆောင်ဘီလီရှပ်က ဟန်ဒါဆန်ဟာ သူ့ရဲ့မိခင်ကလပ်မန်ယူအတွက် ကစားပေးချင်တယ်ဆိုတဲ့အကြောင်း ဝန်ခံခဲ့ကြောင်း ဖွင့်ဟလိုက်ပါတယ်။
photo-gettyimages
”သူ ပြန်သွားချင်နေပါတယ်။ သူဟာ မန်ယူအတွက် ကစားပေးချင်နေတယ်ဆိုတာဟာ သိပ်ကိုသိသာနေတာပါ။ အဲဒါကို သူလိမ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒါ သူမလုပ်နိုင်ခဲ့ရင်တော့ ရှက်ဖီးယူနိုက်တက်အတွက်ပဲ ကစားပေးချင်မှာပါ”လို့ ရှက်ဖီးအသင်းဖော်ဘီလီရှပ်က ပြောကြားခဲ့တာပါ။ မန်ယူအသင်းမှာ လက်ရှိနံပါတ် ၁ ဂိုးသမားဒီဂီယာဟာ လွန်ခဲ့တဲ့ ၁၈ လအတွင်း လက်စွမ်းအရ အနိမ့်အမြင့်အတက်ကျတွေရှိခဲ့တာကြောင့် ရှက်ဖီးအတွက် အထူးလက်စွမ်းပြနေတဲ့ ဟန်ဒါဆန်ကို ပြန်ခေါ်ဖု့ိ အသင်းပရိသတ်တွေကလည်း ဆန္ဒရှိနေကြပါတယ်။
[Zawgyi]
ဟန္ဒါဆန္ဟာ မန္ယူရဲ႕ပထမဦးစားေပးျဖစ္ခ်င္ေနတယ္လို႔ ရွက္ဖီးအသင္းေဖာ္ဖြင့္ဟ
ဂိုးသမားဒင္းဟန္ဒါဆန္ဟာ လာမယ့္ရာသီမွာ မန္ယူရဲ႕ပထမဦးစားေပးဂိုးသမားျဖစ္္ခ်င္ေနတယ္လို႔ ရွက္ဖီးယူႏိုက္တက္အသင္းေဖာ္ဘီလီရွပ္က ဖြင့္ဟေျပာၾကားလိုက္ပါတယ္။ ဟန္ဒါဆန္ဟာ ရွက္ဖီးယူႏိုက္တက္န႔ဲအတူ အဲဒီက သူ႔ရဲ႕ဒုတိယေျမာက္အငွားရာသီကို ျဖတ္သန္းေနတာျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံရွစ္ကေန ပရီးမီးယားလိဂ္ကို တန္းတက္ေအာင္ကူညီေပးႏိုင္ခဲ့သလို ဒီရာသီမွာလည္း ဥေရာပ၀င္ခြင့္ေမွ်ာ္လင့္ခ်က္အတြက္ လက္စြမ္းျပကူညီေပးေနပါတယ္။
၂၂ ႏွစ္သာရွိေသးတဲ့ ဟန္ဒါဆန္ဟာ ၿပီးခဲ့တဲ့စေန ေနာ္၀စ္ခ်္ကို ၁-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပရီးမီးယားလိဂ္ပြဲစဥ္မွာလည္း မယုံႏိုင္ဖြယ္ႏွစ္ဆင့္ကာကြယ္မႈနဲ႔အတူ အဲဒီပြဲရဲ႕ Man of the Match ျဖစ္ခဲ့တာပါ။ အခုလည္း ရွက္ဖီးယူႏိုက္အသင္းေခါင္းေဆာင္ဘီလီရွပ္က ဟန္ဒါဆန္ဟာ သူ႔ရဲ႕မိခင္ကလပ္မန္ယူအတြက္ ကစားေပးခ်င္တယ္ဆိုတဲ့အေၾကာင္း ၀န္ခံခဲ့ေၾကာင္း ဖြင့္ဟလိုက္ပါတယ္။
”သူ ျပန္သြားခ်င္ေနပါတယ္။ သူဟာ မန္ယူအတြက္ ကစားေပးခ်င္ေနတယ္ဆိုတာဟာ သိပ္ကိုသိသာေနတာပါ။ အဲဒါကို သူလိမ္မွာ မဟုတ္ပါဘူး။ ဒါေပမဲ့ အဲဒါ သူမလုပ္ႏိုင္ခဲ့ရင္ေတာ့ ရွက္ဖီးယူႏိုက္တက္အတြက္ပဲ ကစားေပးခ်င္မွာပါ”လုိ႔ ရွက္ဖီးအသင္းေဖာ္ဘီလီရွပ္က ေျပာၾကားခဲ့တာပါ။ မန္ယူအသင္းမွာ လက္ရွိနံပါတ္ ၁ ဂိုးသမားဒီဂီယာဟာ လြန္ခဲ့တဲ့ ၁၈ လအတြင္း လက္စြမ္းအရ အနိမ့္အျမင့္အတက္က်ေတြရွိခဲ့တာေၾကာင့္ ရွက္ဖီးအတြက္ အထူးလက္စြမ္းျပေနတဲ့ ဟန္ဒါဆန္ကို ျပန္ေခၚဖု႔ိ အသင္းပရိသတ္ေတြကလည္း ဆႏၵရွိေနၾကပါတယ္။