ဟန်ဒါဆန်ရဲ့ဆက်တိုက်လက်စွမ်းပြမှုတွေက ဒီဂီယာရဲ့နေရာကိုခြိမ်းခြောက်နေပြီလား?

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ရှက်ဖီးလ် vs နောဝှစ်ချ် ပွဲစဉ်မှာ ရှက်ဖီးလ်ဂိုးသမား ဟန်ဒါဆန်ဟာ စွမ်းဆောင်ရည်ကောင်းတွေကို ထပ်မံပြသခဲ့ပြန်ပါတယ်။ အဲဒီလက်စွမ်းတွေကြောင့် ဟန်ဒါဆင်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းကြီးမှာလည်း စွမ်းဆောင်ရည်ကောင်းတွေကိုပြသနိုင်မှာအသေအချာပါပဲ။

photo internet

မန်ချက်စတာယူနိုက်တက်အသင်းကနေ အငှါးလာရောက်ကစားနေတဲ့ အသက် ၂၂နှစ်အရွယ် ဂိုးသမားဟန်ဒါဆန်ဟာ အရေးပါတဲ့ကာကွယ်မှုတွေပြုလုပ်သွားခဲ့ပြီး clean sheetရယူနိုင်ခဲ့သလို၊ ရှက်ဖီးလ်အသင်းဟာလည်း နောဝှစ်ချ်အသင်းကို ၁ဂိုးဂိုးမရှိနဲ့အနိုင်ရခဲ့ပါတယ်။

photo internet

အဆိုပါနိုင်ပွဲကြောင့် ရှက်ဖီးလ်အသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့်၆နေရာမှာ ရပ်တည်နိုင်ခဲ့သလို၊ဂိုးသမားဟန်ဒါဆန်ဟာလည်း ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၀ကြိမ်မြောက် Clean sheetကို ရယူနိုင်ခဲ့ပြီး လီဗာပူးဂိုးသမား အဲလစ်ဆင်ဘက်ကာနဲ့ စံချိန်တူညီခဲ့ပါတယ်။ ပွဲကစားချိန်အတွင်းမှာ ဂိုးသမား ဟန်ဒါဆင်ပြသခဲ့တဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကတော့ ပွဲချိန်၇၈မိနစ်မှာ နောဝှစ်ချ်အသင်းရဲ့ အပိုင်ကန်သွင်းချက် ၃ကြိမ်ဆက်တိုက်ကို ကာကွယ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

photo internet

ဟန်ဒါဆန်ဟာ အင်္ဂလန်အသင်းရဲ့ နံပါတ်တစ်ဂိုးသမားနေရာကို နစ်ပုပ် နဲ့ ပစ်ဖို့ တို့ကိုကျော်ဖြတ်ပြီးရယူနိုင်သွားမလားဆိုတာကို စောင့်ကြည့်ရမှာပါ။လက်ရှိအချိန်မှာတော့ ဂိုးသမားဟန်ဒါဆန်က သူ့အနေနဲ့အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နံပါတ်တစ်ဂိုးသမားဖြစ်သင့်တယ်ဆိုတာကို မယုံနိုင်စရာလက်စွမ်းတွေနဲ့ သက်သေပြထားပြီးဖြစ်ပါတယ်။

photo internet

ဟန်ဒါဆန်နောက်ထပ်ခြိမ်းခြောက်နေတဲ့နေရာတစ်နေရာကတော့ ဒီဂီယာရဲ့နေရာပဲဖြစ်ပါတယ်။ ယူနိုက်တက်ဂိုးသမားဒီဂီယာဟာအချို့ပွဲတွေမှာ ခွင့်လွှတ်ဖို့ခက်တဲ့အမှားတွေကိုကျူးလွန်တတ်တာကြောင့် ပရိသတ်တွေက သူ့နေရာမှာ ဟန်ဒါဆန်ကိုမြင်တွေ့ချင်နေကြတာဖြစ်ပါတယ်။ ဒါပေမယ့် အချို့သတင်းတွေအရ ဟန်ဒါဆန်ကလည်း သေချာပေါက်ပွဲထွက်ခွင့်တွေ၊ နေရာပေးမှုတွေရမှသာ ယူနိုက်တက်ဆီပြန်လာမယ်လို့သိရပါ တယ်။ ဒါကြောင့် ညှိနှိုင်းဆွေးနွေးမှုတွေအဆင်ပြေတဲ့တစ်နေ့၊ ဒီဂီယာလက်စွမ်းကျတဲ့တစ်နေ့မှာတော့ ယူနိုက်တက်ရဲ့ဂိုးပေါက်ကို ဟန်ဒါဆန်ကာကွယ်မှာဖြစ်ပါတယ်။

photo internet

(Zawgyi Version)

ဟန္ဒါဆန္ရဲ႕ဆက္တိုက္လက္စြမ္းျပမႈေတြက ဒီဂီယာရဲ႕ေနရာကိုၿခိမ္းေျခာက္ေနၿပီလား?

မေန႔ကယွဥ္ၿပိဳင္ကစားခဲ့တဲ့ ရွက္ဖီးလ္ vs ေနာဝွစ္ခ်္ ပြဲစဥ္မွာ ရွက္ဖီးလ္ဂိုးသမား ဟန္ဒါဆန္ဟာ စြမ္းေဆာင္ရည္ေကာင္းေတြကို ထပ္မံျပသခဲ့ျပန္ပါတယ္။ အဲဒီလက္စြမ္းေတြေၾကာင့္ ဟန္ဒါဆင္ဟာ အဂၤလန္လက္ေ႐ြးစင္အသင္းႀကီးမွာလည္း စြမ္းေဆာင္ရည္ေကာင္းေတြကိုျပသႏိုင္မွာအေသအခ်ာပါပဲ။ မန္ခ်က္စတာယူႏိုက္တက္အသင္းကေန အငွါးလာေရာက္ကစားေနတဲ့ အသက္ ၂၂ႏွစ္အ႐ြယ္ ဂိုးသမားဟန္ဒါဆန္ဟာ အေရးပါတဲ့ကာကြယ္မႈေတြျပဳလုပ္သြားခဲ့ၿပီး clean sheetရယူႏိုင္ခဲ့သလို၊ ရွက္ဖီးလ္အသင္းဟာလည္း ေနာဝွစ္ခ်္အသင္းကို ၁ဂိုးဂိုးမရွိနဲ႔အႏိုင္ရခဲ့ပါတယ္။

အဆိုပါႏိုင္ပြဲေၾကာင့္ ရွက္ဖီးလ္အသင္းဟာ အမွတ္ေပးဇယားရဲ႕ အဆင့္၆ေနရာမွာ ရပ္တည္ႏိုင္ခဲ့သလို၊ဂိုးသမားဟန္ဒါဆန္ဟာလည္း ဒီရာသီပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ၁၀ႀကိမ္ေျမာက္ Clean sheetကို ရယူႏိုင္ခဲ့ၿပီး လီဗာပူးဂိုးသမား အဲလစ္ဆင္ဘက္ကာနဲ႔ စံခ်ိန္တူညီခဲ့ပါတယ္။ ပြဲကစားခ်ိန္အတြင္းမွာ ဂိုးသမား ဟန္ဒါဆင္ျပသခဲ့တဲ့ အေကာင္းဆုံးစြမ္းေဆာင္ရည္ကေတာ့ ပြဲခ်ိန္၇၈မိနစ္မွာ ေနာဝွစ္ခ်္အသင္းရဲ႕ အပိုင္ကန္သြင္းခ်က္ ၃ႀကိမ္ဆက္တိုက္ကို ကာကြယ္ႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။

ဟန္ဒါဆန္ဟာ အဂၤလန္အသင္းရဲ႕ နံပါတ္တစ္ဂိုးသမားေနရာကို နစ္ပုပ္ နဲ႔ ပစ္ဖို႔ တို႔ကိုေက်ာ္ျဖတ္ၿပီးရယူႏိုင္သြားမလားဆိုတာကို ေစာင့္ၾကည့္ရမွာပါ။လက္ရွိအခ်ိန္မွာေတာ့ ဂိုးသမားဟန္ဒါဆန္က သူ႔႔အေနနဲ႔အဂၤလန္လက္ေ႐ြးစင္အသင္းရဲ႕ နံပါတ္တစ္ဂိုးသမားျဖစ္သင့္တယ္ဆိုတာကို မယုံႏိုင္စရာလက္စြမ္းေတြနဲ႔ သက္ေသျပထားၿပီးျဖစ္ပါတယ္။

ဟန္ဒါဆန္ေနာက္ထပ္ၿခိမ္းေျခာက္ေနတဲ့ေနရာတစ္ေနရာကေတာ့ ဒီဂီယာရဲ႕ေနရာပဲျဖစ္ပါတယ္။ ယူႏိုက္တက္ဂိုးသမားဒီဂီယာဟာအခ်ဳိ႕ပြဲေတြမွာ ခြင့့္လႊတ္ဖုိ႔ခက္တဲ့အမွားေတြကိုက်ဴးလြန္တတ္တာေၾကာင့္ ပရိသတ္ေတြက သူ႔ေနရာမွာ ဟန္ဒါဆန္ကိုျမင္ေတြ႕ခ်င္ေနၾကတာျဖစ္ပါတယ္။ ဒါေပမယ့့္ အခ်ဳိ႕သတင္းေတြအရ ဟန္ဒါဆန္ကလည္း ေသခ်ာေပါက္ပြဲဲထြက္ခြင့္ေတြ၊ ေနရာေပးမႈေတြရမွသာ ယူႏိုက္တက္ဆီျပန္လာမယ္လို႔သိရပါတယ္။ ဒါေၾကာင့္ ညိွႏိႈင္းေဆြးေႏြးမႈေတြအဆင္ေျပတဲ့တစ္ေန႔၊ ဒီဂီယာလက္စြမ္းက်တဲ့တစ္ေန႔မွာေတာ့ ယူႏိုက္တက္ရဲ႕ဂိုးေပါက္ကို ဟန္ဒါဆန္ကာကြယ္မွာျဖစ္ပါတယ္။