ဟန်ဒါဆင်အတွက် သတိပေးခေါင်းလောင်းသံပေးလိုက်တာလား ကယ်လ်ဗင် ဖီးလစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူရိုပြိုင်ပွဲ အုပ်စု D ရဲ့ အဖွင့်ပွဲအဖြစ် အင်္ဂလန်နဲ့ ခရိုအေးရှားပွဲကတော့ ၁-၀ ရလဒ် ထွက်ပေါ်ခဲ့ပြီး နာမည်ကြီး အင်္ဂလန်အသင်း အဖွင့်လှခဲ့ပြီဖြစ်ပါတယ်။

မနေ့က ပွဲမှာ စတာလင် က အင်္ဂလန်ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးရှင်အဖြစ် ယူရိုပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်မှာ ၅၃ နှစ်ကြာ အနိုင်ရခြင်းမရှိတဲ့ ကျိန်စာဆိုးကို ပယ်ဖျယ်ပေးခဲ့ပါတယ်။

ကယ်လ်ဗင် ဖီးလစ် ကတော့ အင်္ဂလန်လို အသင်းမှာ ယူရိုပြိုင်ပွဲအတွေ့အကြုံမရှိဖူးဘဲ ပွဲထွက်လူစာရင်းမှာ တိုးပေါက်လာခဲ့တာက အံ့အားသင့်စရာကောင်းခဲ့ပေမယ့်လည်း စတာလင်ရဲ့ဂိုးကို သူကဖန်တီးပေးခဲ့ပြီးနောက်ချီးကျူးမှုတွေရရှိခဲ့ပါတယ်။

ဖီးလစ်ဟာ၁၉၉၉ခုနှစ်တုန်းကဒေးဗစ်ဘက်တီနောက်ပိုင်းတွင်ဝင်ဘာလေကွင်းမှာ ဖန်တီးမှုပြုလုပ်နိုင်တဲ့ပထမဆုံးလိဒ်ကစားသမားဖြစ်လာခဲ့ပါတယ်။

ဒေးဗစ်ဘက်တီဟာ၁၉၉၉ခုနှစ်တုန်းကလူဇင်ဘတ်ကို ၆-ဝဂိုးနဲ့ အနိုင်ရရှိတဲ့ပွဲမှာစတိဗ်မက်နာမန်အတွက်ဖန်တီးခဲ့တာဖြစ်ပါတယ်။

အသက် ၂၅ နှစ် အရွယ် ဖီးလစ်ဟာခရိုအေးရှားနှင့်ပွဲမှာသူ့ရဲ့၉ပွဲမြောက်အင်္ဂလန်ပွဲကိုကစားခွင့်ရခဲ့တာပါ။

သူဟာဘောလုံးထိန်းသိမ်းမှု၊ဘောလုံးဖျက်ထုတ်မှု၊ဘောလုံးဖြန့်ဝေမှုတို့ကိုအကောင်းဆုံးလုပ်ခဲ့တဲ့အပြင်မေဆင်မောင့်၊ဒက်လန်းရိုက်စ်တို့နှင့်လည်း အတွဲညီညီကစားသွားခဲ့ပါတယ်။

ဖီးလစ်ရဲ့ ခြေစွမ်းပြကစားမှုဟာအင်္ဂလန်ဒုတိယအသင်းခေါင်းဆောင်ဟန်ဒါဆင်အတွက် ခြိမ်းခြောက်မှု တစ်ခုလည်းဖြစ်လာနိုင်ပါတယ်။

ဖေဖော်ဝါရီလနှောင်းပိုင်းတွင်ပွဲချိန်၄၅မိနစ်တည်းသာကစားထားနိုင်တဲ့ဟန်ဒါဆင်ဟာအင်္ဂလန်အသင်းမှာနေရာရရှိရေး အတွက် ကြိုးစားရတော့မယ့် အနေအထားရှိလာနိုင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဟန္ဒါဆင္အတြက္ သတိ​ေပး​ေခါင္း​ေလာင္းသံ​ေပးလိုက္တာလား ကယ္လ္ဗင္ ဖီးလစ္

ယူ႐ိုၿပိဳင္ပြဲ အုပ္စု D ရဲ႕ အဖြင့္ပြဲအျဖစ္ အဂၤလန္နဲ႔ ခ႐ိုေအးရွားပြဲကေတာ့ ၁-၀ ရလဒ္ ထြက္ေပၚခဲ့ၿပီး နာမည္ႀကီး အဂၤလန္အသင္း အဖြင့္လွခဲ့ၿပီျဖစ္ပါတယ္။ မေန႔က ပြဲမွာ စတာလင္ က အဂၤလန္ရဲ႕ တစ္လုံးတည္းေသာ အႏိုင္ဂိုးရွင္အျဖစ္ ယူ႐ိုၿပိဳင္ပြဲရဲ႕ အဖြင့္ပြဲစဥ္မွာ ၅၃ ႏွစ္ၾကာ အႏိုင္ရျခင္းမရွိတဲ့ က်ိန္စာဆိုးကို ပယ္ဖ်ယ္ေပးခဲ့ပါတယ္။

ကယ္လ္ဗင္ ဖီးလစ္ က​ေတာ့ အဂၤလန္လို အသင္းမွာ ယူ႐ိုၿပိဳင္ပြဲအေတြ႕အႀကဳံမရွိဖူးဘဲ ပြဲထြက္လူစာရင္းမွာ တိုးေပါက္လာခဲ့တာက အံ့အားသင့္စရာေကာင္းခဲ့​ေပမယ့္လည္း စတာလင္ရဲ႕ဂိုးကို သူကဖန္တီးေပးခဲ့ၿပီးေနာက္ခ်ီးက်ဴးမႈ​ေတြရရွိခဲ့ပါတယ္။ ဖီးလစ္ဟာ၁၉၉၉ခုႏွစ္တုန္းကေဒးဗစ္ဘက္တီေနာက္ပိုင္းတြင္ဝင္ဘာေလကြင္းမွာ ဖန္တီးမႈျပဳလုပ္ႏိုင္တဲ့ပထမဆုံးလိဒ္ကစားသမားျဖစ္လာခဲ့ပါတယ္။

ေဒးဗစ္ဘက္တီဟာ၁၉၉၉ခုႏွစ္တုန္းကလူဇင္ဘတ္ကို ၆-၀ဂိုးနဲ႔ အႏိုင္ရရွိတဲ့ပြဲမွာစတိဗ္မက္နာမန္အတြက္ဖန္တီးခဲ့တာျဖစ္ပါတယ္။

အသက္ ၂၅ ႏွစ္ အ႐ြယ္ ဖီးလစ္ဟာခ႐ိုေအးရွားႏွင့္ပြဲမွာသူ႔ရဲ႕၉ပြဲေျမာက္အဂၤလန္ပြဲကိုကစားခြင့္ရခဲ့တာပါ။သူဟာေဘာလုံးထိန္းသိမ္းမႈ၊ေဘာလုံးဖ်က္ထုတ္မႈ၊ေဘာလုံးျဖန႔္ေဝမႈတို႔ကိုအေကာင္းဆုံးလုပ္ခဲ့တဲ့အျပင္ေမဆင္ေမာင့္၊ဒက္လန္း႐ိုက္စ္တို႔ႏွင့္လည္း အတြဲညီညီကစားသြားခဲ့ပါတယ္။

ဖီးလစ္ရဲ႕ ေျခစြမ္းျပကစားမႈဟာအဂၤလန္ဒုတိယအသင္းေခါင္းေဆာင္ဟန္ဒါဆင္အတြက္ ၿခိမ္း​ေျခာက္မႈ တစ္ခုလည္းျဖစ္လာႏိုင္ပါတယ္။ေဖေဖာ္ဝါရီလေႏွာင္းပိုင္းတြင္ပြဲခ်ိန္၄၅မိနစ္တည္းသာကစားထားႏိုင္တဲ့ဟန္ဒါဆင္ဟာအဂၤလန္အသင္းမွာေနရာရရွိေရး အတြက္ ႀကိဳးစားရေတာ့မယ့္ အ​​ေနအထားရွိလာႏိုင္ပါတယ္။