ဟန်ဒါဆင်ကို ကစားသမားဘဝအနားယူတဲ့အချိန်အထိ စာချုပ်သက်တမ်းတိုးဖို့ လီဗာပူးလ်စီစဉ်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးလ်အသင်းဟာ အသင်းခေါင်းဆောင်ဝါရင့်ကွင်းလယ်လူဟန်ဒါဆင်ကို အသင်းမှာဆက်ရှိနေဖို့အတွက် စာချုပ်သက်တမ်းတိုးဖို့စီစဉ်နေပါပြီ။

လီဗာပူးလ်အသင်းမှာကစားလာတာ ဆယ်စုနှစ်တစ်ခုကြာရှိနေပြီဖြစ်သူ ဟန်ဒါဆင်ဟာ အသင်းနဲ့စာချုပ်သက်တမ်း(၂)နှစ်သာကျန်ရှိတော့ပြီး ဗြိတိန်သတင်းစာ The Mirror က

လီဗာပူးလ်အသင်းဟာ ဟန်ဒါဆင်ကို ဒီအသင်းမှာပဲ ကစားသမားဘဝကုန်ဆုံးတဲ့အထိရှိနေမယ့် နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်နေတယ်လို့ ဖော်ပြခဲ့တာပါ။

လီဗာပူးလ်အသင်းကို နာမည်ကျော်နည်းပြကြီးဒဲဂလစ်ရှ်ကိုင်တွယ်ခဲ့တုန်းက ၂၀၁၁ ခုနှစ်မှာ ဟန်ဒါဆင်ကို ဆန်းဒါးလန်းအသင်းကနေ ပေါင်(၁၆)သန်းဝန်းကျင်နဲ့ခေါ်ယူခဲ့ပြီး

ကစားသမားဘဝအစပိုင်းမှာ ပွဲထွက်ကစားခွင့်ရဖို့ရုန်းကန်ခဲ့ရတာကြောင့် (၁)နှစ်အကြာမှာပဲ ဖူလ်ဟမ်အသင်းဆီပြောင်းရွှေ့တော့မယ်လို့ သတင်းထွက်ခဲ့ပေမယ့် ဟန်ဒါဆင်ကတော့ အဲဒီသတင်းတွေကို ငြင်းဆန်ခဲ့ပြီးတော့ လီဗာပူးလ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီဆုံးဖြတ်ချက်က ဟန်ဒါဆင်အတွက်သာမက လီဗာပူးလ်အသင်းအတွက်ပါ နှစ်ဦးနှစ်ဖက်အကျိုးရှိစေတဲ့ဆုံးဖြတ်ချက်လို့ သတ်မှတ်ရမှာဖြစ်ပြီး

(၃)နှစ်အကြာမှာပဲ ဂန္ထဝင်အသင်းခေါင်းဆောင်စတီဗင်ဂျရတ်အသင်းနဲ့ လမ်းခွဲသွားချိန်မှာ ဟန်ဒါဆင်ဟာ လီဗာပူးလ်အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

လီဗာပူးလ်အသင်းခေါင်းဆောင်အဖြစ် ဟန်ဒါဆင်တာဝန်ယူခဲ့တဲ့နှစ်တွေအတွင်း အသင်းကို ပြည်တွင်းမှာသာမက ဥရောပမှာပါ အမြင့်ဆုံးအဆင့်အောင်မြင်မှုတွေရယူနိုင်အောင် ဦးဆောင်ခဲ့ပြီး

၂၀၁၅ ခုနှစ်နောက်ပိုင်းဝေးကွာနေတဲ့ ချန်ပီယံဆုဖလား ကိုင်မြှောက်ခွ့င်ရခဲ့သလို နှစ်ပေါင်း(၃၀)အတွင်း ပထမဆုံး၊ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးချန်ပီယံဆုကို ၂၀၁၉-၂၀ ရာသီမှာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်သူ ဟန်ဒါဆင်ကို လီဗာပူးလ်အသင်းက ၂၀၁၈ ခုနှစ်မှာ နောက်ဆုံးအကြိမ်စာချုပ်သက်တမ်းတိုးခဲ့ပြီး အဲဒီအချိန်ကတည်းက ဟန်ဒါဆင်ဟာ အသင်းမှာပဲ ကစားသမားဘဝကုန်ဆုံးချင်တယ်လို့ ဝန်ခံပြောဆိုခဲ့တာပါ။

အခုအချိန်မှာတော့ လီဗာပူးလ်အသင်းက ဟန်ဒါဆင်ကို ဘောလုံးသမားဘဝကုန်ဆုံးတဲ့အထိ ဒီမှာပဲဆက်ရှိနေမယ့် နှစ်ရှည်စာချုပ်တစ်ရပ်ချုပ်ဆိုသွားဖို့ပြင်ဆင်နေပြီး ဟန်ဒါဆင်အပြင် အဓိက,ကစားသမားတွေဖြစ်တဲ့ ဗန်ဒိုက်၊ ဆာလာနဲ့ အယ်လစ်ဆင်တို့ကိုလည်း စာချုပ်သက်တမ်းတိုးဖို့စီစဉ်နေပြီဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဟန္ဒါဆင္ကို ကစားသမားဘဝအနားယူတဲ့အခ်ိန္အထိ စာခ်ဳပ္သက္တမ္းတိုးဖို႔ လီဗာပူးလ္စီစဥ္ေန

လီဗာပူးလ္အသင္းဟာ အသင္းေခါင္းေဆာင္ဝါရင့္ကြင္းလယ္လူဟန္ဒါဆင္ကို အသင္းမွာဆက္ရွိေနဖို႔အတြက္ စာခ်ဳပ္သက္တမ္းတိုးဖို႔စီစဥ္ေနပါၿပီ။ လီဗာပူးလ္အသင္းမွာကစားလာတာ ဆယ္စုႏွစ္တစ္ခုၾကာရွိေနၿပီျဖစ္သူ ဟန္ဒါဆင္ဟာ အသင္းနဲ႔စာခ်ဳပ္သက္တမ္း(၂)ႏွစ္သာက်န္ရွိေတာ့ၿပီး ၿဗိတိန္သတင္းစာ The Mirror က လီဗာပူးလ္အသင္းဟာ ဟန္ဒါဆင္ကို ဒီအသင္းမွာပဲ ကစားသမားဘဝကုန္ဆုံးတဲ့အထိရွိေနမယ့္ ႏွစ္ရွည္စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ စီစဥ္ေနတယ္လို႔ ေဖာ္ျပခဲ့တာပါ။

လီဗာပူးလ္အသင္းကို နာမည္ေက်ာ္နည္းျပႀကီးဒဲဂလစ္ရွ္ကိုင္တြယ္ခဲ့တုန္းက ၂၀၁၁ ခုႏွစ္မွာ ဟန္ဒါဆင္ကို ဆန္းဒါးလန္းအသင္းကေန ေပါင္(၁၆)သန္းဝန္းက်င္နဲ႔ေခၚယူခဲ့ၿပီး ကစားသမားဘဝအစပိုင္းမွာ ပြဲထြက္ကစားခြင့္ရဖို႔႐ုန္းကန္ခဲ့ရတာေၾကာင့္ (၁)ႏွစ္အၾကာမွာပဲ ဖူလ္ဟမ္အသင္းဆီေျပာင္းေ႐ႊ႕ေတာ့မယ္လို႔ သတင္းထြက္ခဲ့ေပမယ့္ ဟန္ဒါဆင္ကေတာ့ အဲဒီသတင္းေတြကို ျငင္းဆန္ခဲ့ၿပီးေတာ့ လီဗာပူးလ္အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္အတြက္ တိုက္ပြဲဝင္ဖို႔ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

အဲဒီဆုံးျဖတ္ခ်က္က ဟန္ဒါဆင္အတြက္သာမက လီဗာပူးလ္အသင္းအတြက္ပါ ႏွစ္ဦးႏွစ္ဖက္အက်ိဳးရွိေစတဲ့ဆုံးျဖတ္ခ်က္လို႔ သတ္မွတ္ရမွာျဖစ္ၿပီး (၃)ႏွစ္အၾကာမွာပဲ ဂႏၴဝင္အသင္းေခါင္းေဆာင္စတီဗင္ဂ်ရတ္အသင္းနဲ႔ လမ္းခြဲသြားခ်ိန္မွာ ဟန္ဒါဆင္ဟာ လီဗာပူးလ္အသင္းေခါင္းေဆာင္အျဖစ္ ခန႔္အပ္ခံခဲ့ရပါတယ္။

လီဗာပူးလ္အသင္းေခါင္းေဆာင္အျဖစ္ ဟန္ဒါဆင္တာဝန္ယူခဲ့တဲ့ႏွစ္ေတြအတြင္း အသင္းကို ျပည္တြင္းမွာသာမက ဥေရာပမွာပါ အျမင့္ဆုံးအဆင့္ေအာင္ျမင္မႈေတြရယူႏိုင္ေအာင္ ဦးေဆာင္ခဲ့ၿပီး ၂၀၁၅ ခုႏွစ္ေနာက္ပိုင္းေဝးကြာေနတဲ့ ခ်န္ပီယံဆုဖလား ကိုင္ေျမႇာက္ခြ႕င္ရခဲ့သလို ႏွစ္ေပါင္း(၃၀)အတြင္း ပထမဆုံး၊ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ အမွတ္ေပးခ်န္ပီယံဆုကို ၂၀၁၉-၂၀ ရာသီမွာ ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

အသက္(၃၁)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဟန္ဒါဆင္ကို လီဗာပူးလ္အသင္းက ၂၀၁၈ ခုႏွစ္မွာ ေနာက္ဆုံးအႀကိမ္စာခ်ဳပ္သက္တမ္းတိုးခဲ့ၿပီး အဲဒီအခ်ိန္ကတည္းက ဟန္ဒါဆင္ဟာ အသင္းမွာပဲ ကစားသမားဘဝကုန္ဆုံးခ်င္တယ္လို႔ ဝန္ခံေျပာဆိုခဲ့တာပါ။ အခုအခ်ိန္မွာေတာ့ လီဗာပူးလ္အသင္းက ဟန္ဒါဆင္ကို ေဘာလုံးသမားဘဝကုန္ဆုံးတဲ့အထိ ဒီမွာပဲဆက္ရွိေနမယ့္ ႏွစ္ရွည္စာခ်ဳပ္တစ္ရပ္ခ်ဳပ္ဆိုသြားဖို႔ျပင္ဆင္ေနၿပီး ဟန္ဒါဆင္အျပင္ အဓိက,ကစားသမားေတြျဖစ္တဲ့ ဗန္ဒိုက္၊ ဆာလာနဲ႔ အယ္လစ္ဆင္တို႔ကိုလည္း စာခ်ဳပ္သက္တမ္းတိုးဖို႔စီစဥ္ေနၿပီျဖစ္ပါတယ္။