
photo-caughtoffside
photo-gettyimages
အက်သလက်တီကိုတိုက်စစ်မှုးဒီယေဂိုကော်စတာဟာ ကမ္ဘာတစ်ဝန်းလူပေါင်း ၄၃၀၀ ကျော်သေဆုံးခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းနဲ့ပတ်သက်လို့ ဟာသလုပ်ခဲ့ပုံရပါတယ်။ အက်သလက်တီကိုက လီဗာပူးကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲစဉ်အပြီးမှာ ၃၁ နှစ်အရွယ် ကော်စတာဟာ အန်ဖီးလ်က Mixed Zone ထဲ သူ့ကိုစောင့်နေတဲ့စပိန်ဂျာနယ်လစ်တွေရဲ့အင်တာဗျူးအတွက် တောင်းဆိုမှုတွေအားလုံးကို လျစ်လျူရှုခဲ့ပါတယ်။
photo-twitter
ဒါ့အပြင် ကော်စတာဟာ ဟန်ဆောင်ချောင်းဆိုမှုတောင် ပြုလုပ်သွားခဲ့ပြီး အဲဒီအတွက်လည်း ဖြတ်လျှောက်သွားစဉ် ရယ်မောခဲ့ပါတယ်။ အငြင်းပွားဖွယ်ရာတွေကို အမြဲလုပ်တတ်တဲ့ကော်စတာဟာ ပွဲချိန်အတွင်း ဒုတိယပိုင်းမှာ လူစားလဲခံရတော့လည်း ကွင်းဘေးနားက ရေဘူးကို ခြေထောက်နဲ့ စောင့်ကန်ခဲ့ပါတယ်။
https://twitter.com/i/status/1237989198495248384
လူတိုင်းစိုးရိမ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကိုခုတုံးလုပ်ပြီး ကော်စတာက ရယ်စရာလုပ်သွားခဲ့ပေမယ့် သတင်းထောက်တွေကတော့ အဲဒီကိစ္စကို မကျေနပ်ကြပါဘူး။ နာမည်ကြီးအင်္ဂလိပ်သတင်းစာ Daily Mailရဲ့ သတင်းထောက်တစ်ယောက်ကဆိုရင်”ရယ်စရာနဲ့ လုံးဝမတူပါဘူး။ ဒီလိုအချိန်မှာ သင့်လည်း မသင့်တော်ပါဘူး။ သူတစ်ယောက်ပဲ ရယ်ခဲ့တာပါ”လို့ ဆိုရှယ်မီဒီယာထက်မှာ ရေးခဲ့ပါတယ်။ လက်ရှိမှာလည်း ကိုရိုနာဗိုင်းရပ်စ်ဟာ ဥရောပဘောလုံးရပ်ဝန်းကို ဆိုးဆိုးရွားရွားကြီးထိခိုက်နေပြီး ပွဲတွေရွှေ့နေရရုံတင်မဟုတ်တော့ဘဲ ကစားသမားတွေကိုပါ ရောဂါပိုကူးစက်လာတဲ့အဆင့်ထိရောက်လာပါတယ်။
[Zawgyi]
ဟန္ေဆာင္ေခ်ာင္းဆုိုးၿပီး သတင္းေထာက္ေတြကို ရယ္စရာလုပ္ခဲ့တဲ့ ေကာ္စတာ
အက္သလက္တီကိုတုိက္စစ္မႈးဒီေယဂိုေကာ္စတာဟာ ကမာၻတစ္၀န္းလူေပါင္း ၄၃၀၀ ေက်ာ္ေသဆုံးခဲ့တဲ့ ကိုရိုနာဗိုင္းရပ္စ္အက်ပ္အတည္းနဲ႔ပတ္သက္လုိ႔ ဟာသလုပ္ခဲ့ပုံရပါတယ္။ အက္သလက္တီကိုက လီဗာပူးကို အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ဒုတိယအေက်ာ့ပြဲစဥ္အၿပီးမွာ ၃၁ ႏွစ္အရြယ္ ေကာ္စတာဟာ အန္ဖီးလ္က Mixed Zone ထဲ သူ႔ကိုေစာင့္ေနတဲ့စပိန္ဂ်ာနယ္လစ္ေတြရဲ႕အင္တာဗ်ဴးအတြက္ ေတာင္းဆုိမႈေတြအားလုံးကို လ်စ္လ်ဴရႈခဲ့ပါတယ္။
ဒါ့အျပင္ ေကာ္စတာဟာ ဟန္ေဆာင္ေခ်ာင္းဆိုမႈေတာင္ ျပဳလုပ္သြားခဲ့ၿပီး အဲဒီအတြက္လည္း ျဖတ္ေလွ်ာက္သြားစဥ္ ရယ္ေမာခဲ့ပါတယ္။ အျငင္းပြားဖြယ္ရာေတြကို အၿမဲလုပ္တတ္တဲ့ေကာ္စတာဟာ ပြဲခ်ိန္အတြင္း ဒုတိယပိုင္းမွာ လူစားလဲခံရေတာ့လည္း ကြင္းေဘးနားက ေရဘူးကို ေျခေထာက္နဲ႔ ေစာင့္ကန္ခဲ့ပါတယ္။
လူတိုင္းစုိးရိမ္ေနတဲ့ ကိုရိုနာဗုိင္းရပ္စ္ကိုခုတုံးလုပ္ၿပီး ေကာ္စတာက ရယ္စရာလုပ္သြားခဲ့ေပမယ့္ သတင္းေထာက္ေတြကေတာ့ အဲဒီကိစၥကို မေက်နပ္ၾကပါဘူး။ နာမည္ႀကီးအဂၤလိပ္သတင္းစာ Daily Mailရဲ႕ သတင္းေထာက္တစ္ေယာက္ကဆိုရင္”ရယ္စရာနဲ႔ လုံး၀မတူပါဘူး။ ဒီလိုအခ်ိန္မွာ သင့္လည္း မသင့္ေတာ္ပါဘူး။ သူတစ္ေယာက္ပဲ ရယ္ခဲ့တာပါ”လုိ႔ ဆုိရွယ္မီဒီယာထက္မွာ ေရးခဲ့ပါတယ္။ လက္ရွိမွာလည္း ကိုရိုနာဗုိင္းရပ္စ္ဟာ ဥေရာပေဘာလုံးရပ္၀န္းကို ဆိုးဆိုးရြားရြားႀကီးထိခိုက္ေနၿပီး ပြဲေတြေရႊ႕ေနရရုံတင္မဟုတ္ေတာ့ဘဲ ကစားသမားေတြကိုပါ ေရာဂါပိုကူးစက္လာတဲ့အဆင့္ထိေရာက္လာပါတယ္။