
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ဘူဒါပတ်စ်မှာ ဟန်ဂေရီနဲ့အင်္ဂလန်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ပြီး ပွဲမစခင် အင်္ဂလန်ကစားသမားတွေ လူမျိုးရေးခွဲခြားတာကို ဆန့်ကျင်တဲ့အနေနဲ့ဒူးထောက်နေချိန်မှာ
ဟန်ဂေရီပရိသတ်တွေက လှောင်ပြောင်အော်ဟစ်ခဲ့သလို ပွဲချိန်အတွင်းမှာလည်း ပလတ်စတစ်ခွက်တွေနဲ့ပစ်ပေါက်ခဲ့ပြီး အင်္ဂလန်အသင်းရဲ့လူမည်းကစားသမားတွေကို ‘မျောက်’လို့ အော်ဟစ်လူမျိုးရေးခွဲခြားခဲ့ကြပါတယ်။
ဟန်ဂေရီဘောလုံးအဖွဲ့ချုပ်ဥက္ကဌဆန်ဒေါ်ကာဆာညီက အင်္ဂလန်နဲ့ပွဲမတိုင်ခင်ကတည်းက လူမျိုးရေးခွဲခြားတာ၊ အသားအရောင်ခွဲခြားတာနဲ့
လိင်တူကိစ္စတွေနဲ့ပတ်သက်လို့ လှောင်ပြောင်အော်ဟစ်တာတွေမလုပ်ဖို့ ပရိသတ်တွေကို မေတ္တာရပ်ခံခဲ့ပေမယ့် ဟန်ဂေရီဆိုးသွမ်းပရိသတ်တွေက ပွဲမစခင်ကတည်းက တညီတညွတ်တည်း လှောင်ပြောင်ခဲ့ကြတာပါ။
ဒုတိယပိုင်းမှာ အင်္ဂလန်အသင်းအတွက် စတာလင် အဖွင့်ဂိုးသွင်းအပြီးအောင်ပွဲခံချိန်မှာ ဘီယာထည့်သောက်တဲ့ပလတ်စတစ်ခွတ်တွေနဲ့ ပစ်ပေါက်ခဲ့ကြပြီး အင်္ဂလန်ကွင်းလယ်လူဒီကလန်ရိုက်စ်က ခွက်လွတ်တစ်ခုကို ကောက်ကိုင်ပြီးတော့ ဘီယာသောက်တဲ့အမူအရာနဲ့ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
နောက်ပိုင်း အင်္ဂလန်အသင်းဂိုးတွေထပ်သွင်းချိန်မှာတော့ ဟန်ဂေရီပရိသတ်တွေရဲ့လုပ်ရပ်က ပိုဆိုးလာတဲ့အပြင် မီးရှူးမီးပန်းတွေနဲ့ကွင်းထဲပစ်ပေါက်ခဲ့သလို လူမျိုးရေးခွဲခြားတဲ့အသုံးအနှုန်းတွေနဲ့ အော်ဟစ်လှောင်ပြောင်ခဲ့ကြပါတယ်။
ကွင်းထဲမှာ အစီအစဉ်တင်ဆက်နေတဲ့ ITV ရုပ်သံသတင်းထောက်ဖြစ်သူ ဂါဘရီယဲလ်ကလာ့ခ်က ဟန်ဂေရီပရိသတ်တွေဟာ အင်္ဂလန်အသင်းရဲ့ကစားသမားနှစ်ဦးဖြစ်တဲ့ စတာလင်နဲ့ဘယ်လင်ဂမ်တို့ကို ပစ်မှတ်ထားပြီးတော့ လူမျိုးရေးခွဲခြားခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။
ဂါဘရီယဲလ်ကလာ့ခ်က “ကျွန်တော်တို့အသင်း တစ်ဂိုးရှုံးနေချိန်မှာ အင်္ဂလန်အသင်းကလည်း တောက်လျှောက်တိုက်စစ်ဆင်နေပါတယ်။
ဟန်ဂေရီဆိုးသွမ်းပရိသတ်တွေရှိတဲ့ပွဲကြည့်စင်ဘက်ခြမ်းက လူမျိုးရေးခွဲခြားသံတွေထွက်ပေါ်လာချိန်မှာ ကျွန်တော် စိတ်မကောင်းဖြစ်ရပြီး သူတို့က ပထမဆုံးစတာလင်ကို ပစ်မှတ်ထားအော်ဟစ်ခဲ့ပြီးတော့ မကြာခင်မှာပဲ ကွင်းဘေးနားမှာ သွေးပူလေ့ကျင့်ခန်းလုပ်နေတဲ့ ဘယ်လင်ဂမ်ကို လှောင်ပြောင်ခဲ့ကြပါတယ်။
ဒီကစားသမားတွေဟာ ပရိသတ်တွေအော်တာကို ကြားလား၊ မကြားလားတော့ ကျွန်တော်မသိပါဘူး။
ဟန်ဂေရီဘောလုံးအဖွဲ့ချုပ်က ဒီလိုအပြုအမူမျိုးမလုပ်ဖို့ မေတ္တာရပ်ခံထားပေမယ့် ဟန်ဂေရီပရိသတ်တွေရဲ့ လုပ်ရပ်က ရှင်းရှင်းလင်းလင်းမြင်နိုင်၊ ကြားနိုင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ဟန်ဂေရီပရိသတ်တွေရဲ့ဆိုးရွားတဲ့လုပ်ရပ်နဲ့ ရင်ဆိုင်ခဲ့ရပေမယ့် စတာလင်၊ ဟယ်ရီကိန်း၊ မက်ဂွိုင်းယား၊ ဒီကလန်ရိုက်စ်တို့ရဲ့ဂိုးတွေနဲ့ အနိုင်ရခဲ့ပြီး ၂၀၂၀ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့ ခြေတစ်လှမ်းပိုနီးစပ်သွားပါပြီ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဟန္ေဂရီပရိသတ္ေတြရဲ႕ လူမ်ိဳးေရးခြဲျခားေလွာင္ေျပာင္တာခံခဲ့ရတဲ့ အဂၤလန္ကစားသမားမ်ား
၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္ ဘူဒါပတ္စ္မွာ ဟန္ေဂရီနဲ႔အဂၤလန္အသင္းတို႔ယွဥ္ၿပိဳင္ကစားခဲ့ၿပီး ပြဲမစခင္ အဂၤလန္ကစားသမားေတြ လူမ်ိဳးေရးခြဲျခားတာကို ဆန႔္က်င္တဲ့အေနနဲ႔ဒူးေထာက္ေနခ်ိန္မွာ ဟန္ေဂရီပရိသတ္ေတြက ေလွာင္ေျပာင္ေအာ္ဟစ္ခဲ့သလို ပြဲခ်ိန္အတြင္းမွာလည္း ပလတ္စတစ္ခြက္ေတြနဲ႔ပစ္ေပါက္ခဲ့ၿပီး အဂၤလန္အသင္းရဲ႕လူမည္းကစားသမားေတြကို ‘ေမ်ာက္’လို႔ ေအာ္ဟစ္လူမ်ိဳးေရးခြဲျခားခဲ့ၾကပါတယ္။ ဟန္ေဂရီေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌဆန္ေဒၚကာဆာညီက အဂၤလန္နဲ႔ပြဲမတိုင္ခင္ကတည္းက လူမ်ိဳးေရးခြဲျခားတာ၊ အသားအေရာင္ခြဲျခားတာနဲ႔ လိင္တူကိစၥေတြနဲ႔ပတ္သက္လို႔ ေလွာင္ေျပာင္ေအာ္ဟစ္တာေတြမလုပ္ဖို႔ ပရိသတ္ေတြကို ေမတၱာရပ္ခံခဲ့ေပမယ့္ ဟန္ေဂရီဆိုးသြမ္းပရိသတ္ေတြက ပြဲမစခင္ကတည္းက တညီတၫြတ္တည္း ေလွာင္ေျပာင္ခဲ့ၾကတာပါ။
ဒုတိယပိုင္းမွာ အဂၤလန္အသင္းအတြက္ စတာလင္ အဖြင့္ဂိုးသြင္းအၿပီးေအာင္ပြဲခံခ်ိန္မွာ ဘီယာထည့္ေသာက္တဲ့ပလတ္စတစ္ခြတ္ေတြနဲ႔ ပစ္ေပါက္ခဲ့ၾကၿပီး အဂၤလန္ကြင္းလယ္လူဒီကလန္႐ိုက္စ္က ခြက္လြတ္တစ္ခုကို ေကာက္ကိုင္ၿပီးေတာ့ ဘီယာေသာက္တဲ့အမူအရာနဲ႔ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။ ေနာက္ပိုင္း အဂၤလန္အသင္းဂိုးေတြထပ္သြင္းခ်ိန္မွာေတာ့ ဟန္ေဂရီပရိသတ္ေတြရဲ႕လုပ္ရပ္က ပိုဆိုးလာတဲ့အျပင္ မီးရႉးမီးပန္းေတြနဲ႔ကြင္းထဲပစ္ေပါက္ခဲ့သလို လူမ်ိဳးေရးခြဲျခားတဲ့အသုံးအႏႈန္းေတြနဲ႔ ေအာ္ဟစ္ေလွာင္ေျပာင္ခဲ့ၾကပါတယ္။
ကြင္းထဲမွာ အစီအစဥ္တင္ဆက္ေနတဲ့ ITV ႐ုပ္သံသတင္းေထာက္ျဖစ္သူ ဂါဘရီယဲလ္ကလာ့ခ္က ဟန္ေဂရီပရိသတ္ေတြဟာ အဂၤလန္အသင္းရဲ႕ကစားသမားႏွစ္ဦးျဖစ္တဲ့ စတာလင္နဲ႔ဘယ္လင္ဂမ္တို႔ကို ပစ္မွတ္ထားၿပီးေတာ့ လူမ်ိဳးေရးခြဲျခားခဲ့တယ္လို႔ေျပာၾကားခဲ့ပါတယ္။ ဂါဘရီယဲလ္ကလာ့ခ္က “ကြၽန္ေတာ္တို႔အသင္း တစ္ဂိုးရႈံးေနခ်ိန္မွာ အဂၤလန္အသင္းကလည္း ေတာက္ေလွ်ာက္တိုက္စစ္ဆင္ေနပါတယ္။ ဟန္ေဂရီဆိုးသြမ္းပရိသတ္ေတြရွိတဲ့ပြဲၾကည့္စင္ဘက္ျခမ္းက လူမ်ိဳးေရးခြဲျခားသံေတြထြက္ေပၚလာခ်ိန္မွာ ကြၽန္ေတာ္ စိတ္မေကာင္းျဖစ္ရၿပီး သူတို႔က ပထမဆုံးစတာလင္ကို ပစ္မွတ္ထားေအာ္ဟစ္ခဲ့ၿပီးေတာ့ မၾကာခင္မွာပဲ ကြင္းေဘးနားမွာ ေသြးပူေလ့က်င့္ခန္းလုပ္ေနတဲ့ ဘယ္လင္ဂမ္ကို ေလွာင္ေျပာင္ခဲ့ၾကပါတယ္။
ဒီကစားသမားေတြဟာ ပရိသတ္ေတြေအာ္တာကို ၾကားလား၊ မၾကားလားေတာ့ ကြၽန္ေတာ္မသိပါဘူး။ ဟန္ေဂရီေဘာလုံးအဖြဲ႕ခ်ဳပ္က ဒီလိုအျပဳအမူမ်ိဳးမလုပ္ဖို႔ ေမတၱာရပ္ခံထားေပမယ့္ ဟန္ေဂရီပရိသတ္ေတြရဲ႕ လုပ္ရပ္က ရွင္းရွင္းလင္းလင္းျမင္ႏိုင္၊ ၾကားႏိုင္ပါတယ္”လို႔ ဆိုခဲ့ပါတယ္။ အဂၤလန္အသင္းဟာ ဟန္ေဂရီပရိသတ္ေတြရဲ႕ဆိုး႐ြားတဲ့လုပ္ရပ္နဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္ စတာလင္၊ ဟယ္ရီကိန္း၊ မက္ဂြိဳင္းယား၊ ဒီကလန္႐ိုက္စ္တို႔ရဲ႕ဂိုးေတြနဲ႔ အႏိုင္ရခဲ့ၿပီး ၂၀၂၀ ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ဖို႔ ေျခတစ္လွမ္းပိုနီးစပ္သြားပါၿပီ။