ဟန်ဂေရီနဲ့ပွဲမှာ လက်ရွေးစင်အသင်းအတွက် စံချိန်မှတ်တမ်းကောင်းတွေရယူနိုင်ဖို့ရှိနေတဲ့ ဟယ်ရီကိန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်္ဂလန်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ဒီနေ့ညမှာ ဟန်ဂေရီအသင်းနဲ့ဝင်ဘလေကွင်းမှာယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး နာမည်ကျော်တိုက်စစ်မှူးဟယ်ရီကိန်း ခြေစွမ်းပြဂိုးတွေသွင်းယူနိုင်မယ်ဆိုရင် စံချိန်မှတ်တမ်းကောင်းတွေပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်ကစတင်ပြီး အင်္ဂလန်အသင်းအတွက်ပွဲထွက်ခွင့်ရခဲ့တဲ့ဟယ်ရီကိန်းဟာ အခုလောလောဆယ်အထိ ပွဲပေါင်း(၆၄)ပွဲကစား၊ (၄၁)ဂိုးသွင်းယူထားတာကြောင့် အသင်းသမိုင်းတစ်လျှောက်သွင်းဂိုးအများဆုံးကစားသမားစာရင်းမှာ

ပဥ္စမနေရာရပ်တည်နေသလို ထိပ်ဆုံးကဂန္ထဝင်တိုက်စစ်မှူးရွန်နီရဲ့(၅၃)ဂိုးစံချိန်ကို အမီလိုက်နိုင်ဖို့နီးစပ်နေပါပြီ။

ရွန်နီဟာ အင်္ဂလန်အသင်းကစားသမားဘဝမှာ ခြေစစ်ပွဲတွေအပါအဝင် အဓိကနိုင်ငံတကာပွဲတွေမှာ (၃၇)ဂိုးအထိသွင်းယူခဲ့ပြီး ဟယ်ရီကိန်းက ရွန်နီရဲ့ဂိုးအရေအတွက်ကို အမီလိုက်နိုင်ဖို့ (၁)ဂိုးသာလိုတော့တာကြောင့်

ဒီညကစားမယ့်ဟန်ဂေရီနဲ့ပွဲမှာ အနည်းဆုံး(၂)ဂိုးသွင်းယူနိုင်မယ်ဆိုရင် ရွန်နီရဲ့အဓိကနိုင်ငံတကာပွဲသွင်းဂိုးမှတ်တမ်းကို ကျော်ဖြတ်နိုင်မှာဖြစ်တဲ့အပြင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ရင်တော့ လက်ရွေးစင်အသင်းအတွက် သွင်းဂိုးအများဆုံးကစားသမားတစ်ဦးဖြစ်တဲ့ ဂျင်မီဂရိဗ်ရဲ့သွင်းဂိုးအရေအတွက်နဲ့ တူညီသွားမှာဖြစ်ပါတယ်။

တကယ်လို့ အခုပွဲမှာဂိုးမသွင်းနိုင်ခဲ့ရင်တောင် လာမယ့်နိုဝင်ဘာလအလယ်မှာ ခြေစစ်ပွဲတွေဆက်လက်ကစားရမှာဖြစ်လို့ ဟယ်ရီကိန်းအနေနဲ့ ရွန်နီရဲ့အဓိကနိုင်ငံတကာပွဲသွင်းဂိုးမှတ်တမ်းကို ချိုးဖျက်နိုင်ဖို့က အခက်အခဲမရှိလောက်ပါဘူး။

ဟယ်ရီကိန်းဟာ အင်္ဂလန်အသင်းအတွက်ကစားခဲ့တဲ့(၆)နှစ်တာကာလအတွင်း စံချိန်မှတ်တမ်းကောင်းတွေအများဆုံးပိုင်ဆိုင်ထားပြီး အင်္ဂလန်အသင်းခေါင်းဆောင်တွေထဲမှာ သွင်းဂိုးအများဆုံး(၃၃ဂိုး)၊ နည်းပြတစ်ဦးရဲ့လက်ထက်မှာ သွင်းဂိုးအများဆုံး(ဆောက်ဂိတ် – ၃၆ဂိုး)၊

ယူရိုခြေစစ်ပွဲတစ်လျှောက် သွင်းဂိုးအများဆုံး(၁၅ဂိုး)စတဲ့စံချိန်တွေတင်ရှိခဲ့သလို ပြီးခဲ့တဲ့ ယူရို-၂၀၂၀ ခြေစစ်ပွဲတုန်းက (၁၂)ဂိုးအထိသွင်းယူခဲ့တာကြောင့် ယူရိုခြေစစ်ပွဲတစ်ခုတည်းမှာ သွင်းဂိုးအများဆုံးအင်္ဂလန်ကစားသမားအဖြစ် စံချိန်တင်ခဲ့ပါသေးတယ်။

ဒါ့အပြင် အဓိကနိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ ဟယ်ရီကိန်းက (၁၀)ဂိုးအထိသွင်းယူထားတာကြောင့် အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးလိုင်နီကာနဲ့အတူ သွင်းဂိုးအများဆုံးအဖြစ်ရပ်တည်နေပြီး

အင်္ဂလန်ကစားသမားဟောင်းဂျော့ချ်ဟီလ်စဒန်ရဲ့ ဘောလုံးပြက္ခဒိန်တစ်ခုအတွင်း သွင်းဂိုးအများဆုံးကစားသမား(၁၂ဂိုး)မှတ်တမ်းကိုလည်း အမီလိုက်နိုင်ခဲ့ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားတဲ့ကာလအတွင်း ဟယ်ရီကိန်းဟာ အဓိကနိုင်ငံတကာပွဲအိမ်ကွင်းပွဲစဉ်တွေမှာ (၂၄)ပွဲအထိအနိုင်ရခဲ့တဲ့အတွက် အင်္ဂလန်အသင်းခေါင်းဆောင်တွေထဲမှာ အိမ်ကွင်းနိုင်ပွဲအများဆုံးအဖြစ်လည်း စံချိန်တင်ခဲ့တာဖြစ်ပါတယ်။

ဒီရာသီပရီးမီးယားလိဂ်မှာ စပါးအသင်းအတွက် တစ်ဂိုးမှမသွင်းနိုင်သေးလို့ ဝေဖန်ခံနေရပေမယ့်လည်း ဟယ်ရီကိန်းဟာ အင်္ဂလန်အသင်းမှာတော့ ခြေစွမ်းကောင်းတွေပြသနေပြီး ၂၀၂၁ ခုနှစ်အတွင်း (၁၃)ပွဲကစား၊ (၉)ဂိုးအထိသွင်းနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဟန္ေဂရီနဲ႔ပြဲမွာ လက္ေ႐ြးစင္အသင္းအတြက္ စံခ်ိန္မွတ္တမ္းေကာင္းေတြရယူႏိုင္ဖို႔ရွိေနတဲ့ ဟယ္ရီကိန္း

အဂၤလန္အသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္ ဒီေန႔ညမွာ ဟန္ေဂရီအသင္းနဲ႔ဝင္ဘေလကြင္းမွာယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး နာမည္ေက်ာ္တိုက္စစ္မႉးဟယ္ရီကိန္း ေျခစြမ္းျပဂိုးေတြသြင္းယူႏိုင္မယ္ဆိုရင္ စံခ်ိန္မွတ္တမ္းေကာင္းေတြပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။ ၂၀၁၅ ခုႏွစ္ကစတင္ၿပီး အဂၤလန္အသင္းအတြက္ပြဲထြက္ခြင့္ရခဲ့တဲ့ဟယ္ရီကိန္းဟာ အခုေလာေလာဆယ္အထိ ပြဲေပါင္း(၆၄)ပြဲကစား၊ (၄၁)ဂိုးသြင္းယူထားတာေၾကာင့္ အသင္းသမိုင္းတစ္ေလွ်ာက္သြင္းဂိုးအမ်ားဆုံးကစားသမားစာရင္းမွာ ပၪၥမေနရာရပ္တည္ေနသလို ထိပ္ဆုံးကဂႏၴဝင္တိုက္စစ္မႉး႐ြန္နီရဲ႕(၅၃)ဂိုးစံခ်ိန္ကို အမီလိုက္ႏိုင္ဖို႔နီးစပ္ေနပါၿပီ။

႐ြန္နီဟာ အဂၤလန္အသင္းကစားသမားဘဝမွာ ေျခစစ္ပြဲေတြအပါအဝင္ အဓိကႏိုင္ငံတကာပြဲေတြမွာ (၃၇)ဂိုးအထိသြင္းယူခဲ့ၿပီး ဟယ္ရီကိန္းက ႐ြန္နီရဲ႕ဂိုးအေရအတြက္ကို အမီလိုက္ႏိုင္ဖို႔ (၁)ဂိုးသာလိုေတာ့တာေၾကာင့္ ဒီညကစားမယ့္ဟန္ေဂရီနဲ႔ပြဲမွာ အနည္းဆုံး(၂)ဂိုးသြင္းယူႏိုင္မယ္ဆိုရင္ ႐ြန္နီရဲ႕အဓိကႏိုင္ငံတကာပြဲသြင္းဂိုးမွတ္တမ္းကို ေက်ာ္ျဖတ္ႏိုင္မွာျဖစ္တဲ့အျပင္ ဟက္ထရစ္သြင္းယူႏိုင္ခဲ့ရင္ေတာ့ လက္ေ႐ြးစင္အသင္းအတြက္ သြင္းဂိုးအမ်ားဆုံးကစားသမားတစ္ဦးျဖစ္တဲ့ ဂ်င္မီဂရိဗ္ရဲ႕သြင္းဂိုးအေရအတြက္နဲ႔ တူညီသြားမွာျဖစ္ပါတယ္။ တကယ္လို႔ အခုပြဲမွာဂိုးမသြင္းႏိုင္ခဲ့ရင္ေတာင္ လာမယ့္ႏိုဝင္ဘာလအလယ္မွာ ေျခစစ္ပြဲေတြဆက္လက္ကစားရမွာျဖစ္လို႔ ဟယ္ရီကိန္းအေနနဲ႔ ႐ြန္နီရဲ႕အဓိကႏိုင္ငံတကာပြဲသြင္းဂိုးမွတ္တမ္းကို ခ်ိဳးဖ်က္ႏိုင္ဖို႔က အခက္အခဲမရွိေလာက္ပါဘူး။

ဟယ္ရီကိန္းဟာ အဂၤလန္အသင္းအတြက္ကစားခဲ့တဲ့(၆)ႏွစ္တာကာလအတြင္း စံခ်ိန္မွတ္တမ္းေကာင္းေတြအမ်ားဆုံးပိုင္ဆိုင္ထားၿပီး အဂၤလန္အသင္းေခါင္းေဆာင္ေတြထဲမွာ သြင္းဂိုးအမ်ားဆုံး(၃၃ဂိုး)၊ နည္းျပတစ္ဦးရဲ႕လက္ထက္မွာ သြင္းဂိုးအမ်ားဆုံး(ေဆာက္ဂိတ္ – ၃၆ဂိုး)၊ ယူ႐ိုေျခစစ္ပြဲတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံး(၁၅ဂိုး)စတဲ့စံခ်ိန္ေတြတင္ရွိခဲ့သလို ၿပီးခဲ့တဲ့ ယူ႐ို-၂၀၂၀ ေျခစစ္ပြဲတုန္းက (၁၂)ဂိုးအထိသြင္းယူခဲ့တာေၾကာင့္ ယူ႐ိုေျခစစ္ပြဲတစ္ခုတည္းမွာ သြင္းဂိုးအမ်ားဆုံးအဂၤလန္ကစားသမားအျဖစ္ စံခ်ိန္တင္ခဲ့ပါေသးတယ္။

ဒါ့အျပင္ အဓိကႏိုင္ငံတကာၿပိဳင္ပြဲႀကီးေတြမွာ ဟယ္ရီကိန္းက (၁၀)ဂိုးအထိသြင္းယူထားတာေၾကာင့္ အဂၤလန္ဂႏၴဝင္တိုက္စစ္မႉးလိုင္နီကာနဲ႔အတူ သြင္းဂိုးအမ်ားဆုံးအျဖစ္ရပ္တည္ေနၿပီး အဂၤလန္ကစားသမားေဟာင္းေဂ်ာ့ခ်္ဟီလ္စဒန္ရဲ႕ ေဘာလုံးျပကၡဒိန္တစ္ခုအတြင္း သြင္းဂိုးအမ်ားဆုံးကစားသမား(၁၂ဂိုး)မွတ္တမ္းကိုလည္း အမီလိုက္ႏိုင္ခဲ့ပါတယ္။ အဂၤလန္အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူထားတဲ့ကာလအတြင္း ဟယ္ရီကိန္းဟာ အဓိကႏိုင္ငံတကာပြဲအိမ္ကြင္းပြဲစဥ္ေတြမွာ (၂၄)ပြဲအထိအႏိုင္ရခဲ့တဲ့အတြက္ အဂၤလန္အသင္းေခါင္းေဆာင္ေတြထဲမွာ အိမ္ကြင္းႏိုင္ပြဲအမ်ားဆုံးအျဖစ္လည္း စံခ်ိန္တင္ခဲ့တာျဖစ္ပါတယ္။ ဒီရာသီပရီးမီးယားလိဂ္မွာ စပါးအသင္းအတြက္ တစ္ဂိုးမွမသြင္းႏိုင္ေသးလို႔ ေဝဖန္ခံေနရေပမယ့္လည္း ဟယ္ရီကိန္းဟာ အဂၤလန္အသင္းမွာေတာ့ ေျခစြမ္းေကာင္းေတြျပသေနၿပီး ၂၀၂၁ ခုႏွစ္အတြင္း (၁၃)ပြဲကစား၊ (၉)ဂိုးအထိသြင္းႏိုင္ခဲ့ပါတယ္။