ဟင်နရီရဲ့ပရီးမီးယားလိဂ်သွင်းဂိုးစံချိန်ကိုချိုးပြီး သမိုင်းသစ်ရေးဖို့အသင့်ဖြစ်နေတဲ့ အဂူရို

photo-gettyimages

photo-sky sports

မန်စီးတီးတိုက်စစ်မှုးအဂူရိုက အာဆင်နယ်ဂန္ထဝင်ဟောင်းသီယာရီဟင်နရီရဲ့ပရီးမီးယားလိဂ်သွင်းဂိုးစံချိန်ကို ချိုးနိုင်မယ်ဆိုရင် သူ့အတွက် အံ့မခန်းဖြစ်လိမ့်မယ်လို့  ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အဲဒီအာဂျင်တီးနားသားဟာ ပရီးမီးယားလိဂ်က ဟင်နရီရဲ့စံချိန်ကိုချိုးနိုင်ဖို့ အတော်လေးကိုနီးနီးစပ်စပ်ဖြစ်နေတာပါ။ ဟင်နရီဟာ အာဆင်နယ်အတွက် ၂၅၈ ပွဲမှာ ၁၇၅ ဂိုးသွင်းခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထားတဲ့နိုင်ငံခြားသားကစားသမားအဖြစ် စံချိန်တင်ထားတာပါ။

photo-gettyimages

လောလောဆယ်တော့ အဂူရိုက မန်စီးတီးအတွက် ၂၄၉ ပွဲမှာ ၁၇၃ ဂိုးသွင်းထားလို့ ဟင်နရီရဲ့စံချိန်ကိုလိုက်မီဖို့ ၂ ဂိုးသာလိုပါတော့တယ်။ လာမယ့်ရက်သတ္တပတ်အနည်းငယ်မှာပဲ သူဟာ ဟင်နရီရဲ့စံချိန်ကိုချိုးနိုင်တော့မယ့်အလားအလာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာပရီးမီးယားလိဂ်မှာတော့ သူ့ရဲ့မန်စီးတီးဟာ လီဗာပူးနဲ့ပွဲကြီးပွဲကောင်းအတွက် အန်ဖီးလ်ကိုသွားကစားရဖု့ိရှိပါတယ်။ သူ့ရဲ့ပရီးမီးယားလိဂ်ကစားသမားဘဝက အဆုံးသတ်ချိန်နီးနေပြီဆိုတော့ ဟင်နရီလို ဂန္ထဝင်တစ်ယောက်ရဲ့စံချိန်ကိုချိုးနိုင်မယ်ဆိုရင် ဂုဏ်ယူစရာတစ်ခုဖြစ်လိမ့်မယ်လို့ အဂူရိုက ဝန်ခံခဲ့တာပါ။

photo-gettyimages

”ဂိုးပေါင်းများစွာသွင်းခဲ့ပြီး ဟင်နရီလို ကြီးကျယ်တဲ့ကစားသမားတစ်ယောက်ကိုကျော်တက်ဖို့ နီးစပ်နေလို့ ပျော်ရွှင်မိပါတယ်။ ဟင်နရီဟာ ပရီးမီးယားလိဂ်မှာ သမိုင်းရေးထိုးနိုင်ခဲ့တဲ့ မယုံကြည်နိုင်လောက်စရာ ကစားသမားတစ်ယောက်ပါ။ သူ့စံချိန်ကိုချိုုးနိုင်မယ်ဆိုရင် အဲဒါက အံ့မခန်းလို့ပြောရမယ့်တစ်စုံတစ်ခုဖြစ်ပါလိမ့်မယ်။ အဲဒီအခိုက်အတန့်ဟာ ကျွန်တော့်ရဲ့ဘဝတစ်ခုလုံးမှာ ဘယ်တော့မှ မေ့နိုင်မှာမဟုတ် ဖြစ်သွားမှာပါ။ အဲဒီစံချိန်ကိုမြန်နိုင်သမျှ အမြန်ဆုံးချိုးနိုင်ဖို့ ကျွန်တော်ဆက်လက်ကြိုးစားသွားမှာပါ။ ကျွန်တော်ဟာ ၁၈ နှစ်အရွယ်မှာ ဥရောပကိုရောက်လာပြီး အခု ၃၁ နှစ်ရှိနေပါပြီ။ နှစ်တွေကုန်သွားတာ အရမ်းမြန်ပါတယ်။ ကျွန်တော့်အတွက် အချိန်သိပ်မကျန်တော့ပါဘူး။ ဒါကြောင့် ဒီအချိန်လေးကို နှစ်သက်ခံစားနိုင်ဖို့ ကြိုးစားသွားမှာပါ”လို့ အဂူရိုက ပြောခဲ့တာပါ။ အဂူရိုဟာ ဒီရာသီပရီးမီးယားလိဂ် ၁၀ ပွဲမှာ ၉ ဂိုးသွင်းထားပြီး အခြားပြိုင်ပွဲတွေမှာလည်း ၆ ဂိုးသွင်းထားပါတယ်။

[Zawgyi]

ဟင္နရီရဲ႕ပရီးမီးယားလိဂ္သြင္းဂိုးစံခ်ိန္ကုိခ်ိဳးၿပီး သမုိင္းသစ္ေရးဖို႔အသင့္ျဖစ္ေနတဲ့ အဂူရို

မန္စီးတီးတိုက္စစ္မႈးအဂူရိုက အာဆင္နယ္ဂႏၳ၀င္ေဟာင္းသီယာရီဟင္နရီရဲ႕ပရီးမီးယားလိဂ္သြင္းဂိုးစံခ်ိန္ကို ခ်ိဳးႏုိင္မယ္ဆိုရင္ သူ႔အတြက္ အံ့မခန္းျဖစ္လိမ့္မယ္လို႔  ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ အဲဒီအာဂ်င္တီးနားသားဟာ ပရီးမီးယားလိဂ္က ဟင္နရီရဲ႕စံခ်ိန္ကုိခ်ိဳးႏိုင္ဖို႔ အေတာ္ေလးကိုနီးနီးစပ္စပ္ျဖစ္ေနတာပါ။ ဟင္နရီဟာ အာဆင္နယ္အတြက္ ၂၅၈ ပြဲမွာ ၁၇၅ ဂိုးသြင္းခဲ့ၿပီး ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံးသြင္းထားတဲ့ႏိုင္ငံျခားသားကစားသမားအျဖစ္ စံခ်ိန္တင္ထားတာပါ။

ေလာေလာဆယ္ေတာ့ အဂူရိုက မန္စီးတီးအတြက္ ၂၄၉ ပြဲမွာ ၁၇၃ ဂိုးသြင္းထားလို႔ ဟင္နရီရဲ႕စံခ်ိန္ကိုလိုက္မီဖို႔ ၂ ဂိုးသာလိုပါေတာ့တယ္။ လာမယ့္ရက္သတၱပတ္အနည္းငယ္မွာပဲ သူဟာ ဟင္နရီရဲ႕စံခ်ိန္ကိုခ်ိဳးႏိုင္ေတာ့မယ့္အလားအလာ ျဖစ္ပါတယ္။ ဒီတစ္ပတ္မွာပရီးမီးယားလိဂ္မွာေတာ့ သူ႔ရဲ႕မန္စီးတီးဟာ လီဗာပူးနဲ႔ပြဲႀကီးပြဲေကာငး္အတြက္ အန္ဖီးလ္ကိုသြားကစားရဖု႔ိရွိပါတယ္။ သူ႔ရဲ႕ပရီးမီးယားလိဂ္ကစားသမားဘ၀က အဆုံးသတ္ခ်ိန္နီးေနၿပီဆိုေတာ့ ဟင္နရီလို ဂႏၳ၀င္တစ္ေယာက္ရဲ႕စံခ်ိန္ကိုခ်ိဳးႏိုင္မယ္ဆိုရင္ ဂုဏ္ယူစရာတစ္ခုျဖစ္လိမ့္မယ္လုိ႔ အဂူရိုက ၀န္ခံခဲ့တာပါ။

”ဂိုးေပါင္းမ်ားစြာသြင္းခဲ့ၿပီး ဟင္နရီလို ႀကီးက်ယ္တဲ့ကစားသမားတစ္ေယာက္ကိုေက်ာ္တက္ဖို႔ နီးစပ္ေနလို႔ ေပ်ာ္ရႊင္မိပါတယ္။ ဟင္နရီဟာ ပရီးမီးယားလိဂ္မွာ သမိုင္းေရးထုိးႏိုင္ခဲ့တဲ့ မယုံၾကည္ႏိုင္ေလာက္စရာ ကစားသမားတစ္ေယာက္ပါ။ သူ႔စံခ်ိန္ကိုခ်ိဳုးႏို္င္မယ္ဆိုရင္ အဲဒါက အံ့မခန္းလို႔ေျပာရမယ့္တစ္စုံတစ္ခုျဖစ္ပါလိမ့္မယ္။ အဲဒီအခိုက္အတန္႔ဟာ ကၽြန္ေတာ့္ရဲ႕ဘ၀တစ္ခုလုံးမွာ ဘယ္ေတာ့မွ ေမ့ႏိုင္မွာမဟုတ္ ျဖစ္သြားမွာပါ။ အဲဒီစံခ်ိန္ကိုျမန္ႏိုင္သမွ် အျမန္ဆုံးခ်ိဳးႏိုင္ဖုိ႔ ကၽြန္ေတာ္ဆက္လက္ႀကိဳးစားသြားမွာပါ။ ကၽြန္ေတာ္ဟာ ၁၈ ႏွစ္အရြယ္မွာ ဥေရာပကိုေရာက္လာၿပီး အခု ၃၁ ႏွစ္ရွိေနပါၿပီ။ ႏွစ္ေတြကုန္သြားတာ အရမ္းျမန္ပါတယ္။ ကၽြန္ေတာ့္အတြက္ အခ်ိန္သိပ္မက်န္ေတာ့ပါဘူး။ ဒါေၾကာင့္ ဒီအခ်ိန္ေလးကို ႏွစ္သက္ခံစားႏိုင္ဖို႔ ႀကဳိးစားသြားမွာပါ”လို႔ အဂူရိုက ေျပာခဲ့တာပါ။ အဂူရိုဟာ ဒီရာသီပရီးမီးယားလိဂ္ ၁၀ ပြဲမွာ ၉ ဂိုးသြင္းထားၿပီး အျခားၿပိဳင္ပြဲေတြမွာလည္း ၆ ဂိုးသြင္းထားပါတယ္။