ဟက်ထရစ် သွင်းဂိုးရှင် အူဘာမီယန်းကို အာတီတာ ချီးကျူး

မီခဲ အာတီတာက အာဆင်နယ်အသင်းရဲ့ အနာဂတ် အောင်မြင်မှုအများစုဟာ အူဘာမီယန်းရဲ့ သွင်းဂိုးတွေအပေါ် မူတည်နေကြောင်း ပြောဆိုခဲ့ပါတယ်။ အသက် ( ၃၁ ) နှစ်အရွယ် တိုက်စစ်မှူးဟာ လိဒ်အသင်းကို ( ၄ – ၂ ) အနိုင်ရရှိခဲ့တဲ့ ပွဲစဥ်မှာ ဂန်းနားတွေအတွက် ပထမဆုံး ပရီးမီးယားလိဂ် ဟက်ထရစ်ရယူပေးခဲ့ပြီး ဒုတိယပိုင်းမှာ ဂိုးဘားတန်း ထိမှန်ခဲ့တဲ့အတွက် ယခုထက် သွင်းဂိုး ပိုမိုရရှိဖို့ နစ်နာခဲ့ပါတယ်။

အာတီတာက “ အူဘာရဲ့ ခြေစွမ်းတည်ငြိမ်မှု နှင့် သွင်းဂိုးတွေက အသင်းရဲ့ အနာဂတ် အောင်မြင်မှုအတွက် ကြီးမားတဲ့ အစိတ်အပိုင်း တစ်ရပ်အနေနဲ့ ပါဝင်ပတ်သက် နေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ “ သူသာ ယခုပုံစံကို ဆက်ထိန်းထားမယ်ဆိုရင် ကျွန်တော်တို့ ဘောလုံးပွဲစဥ်တွေ အနိုင်ရရှိဖို့ နီးစပ်လာပါပြီ။ ဒါက ရှင်းပါတယ်။”

“ ကျွန်တော်တို့အနေနဲ့ သူ့ကိုပဲ မှီခိုနေလို့ မရပါဘူး။ ဒါပေမယ့် သူက အသင်းရဲ့ အဓိက အစိတ်အပိုင်း တစ်ရပ်အနေနဲ့ ပါဝင်နေပါတယ်။ ဒါကို ဒီနေ့ ပွဲစဥ်မှာ ထပ်မံ တွေ့မြင်ခဲ့ရပါတယ်။ သူသာ ပုံမှန်ခြေစွမ်း ရရှိနေမယ်ဆိုရင် ထိန်းချုပ်ဖို့ ခက်ခဲတဲ့ ကစားသမားပါ”  “ ဒီနေ့ ပွဲစဥ်မှာ သူ့အနေနဲ့ သွင်းဂိုးတွေသာမက ဘောလုံးမရှိချိန်မှာလဲ အကောင်းဆုံး လှုပ်ရှားကာ ကစားနိုင်ခဲ့ပါတယ်။ လိဒ် ခံစစ်မှူးတွေအပေါ် သက်ရောက်စေတဲ့ သူ့ရဲ့ ဖိအားက အတော်လေး ကြီးမားပါတယ်။”

အူဘာမီယန်းအနေနဲ့ ယခုနှစ်ဘောလုံးရာသီမှာ ကွင်းတွင်း ၊ ကွင်းပြင် ခက်ခဲမှုတွေ ရင်ဆိုင်ခဲ့ရပေမယ့် အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ( ၁၁ ) ဂိုး သွင်းယူပေးထားပါတယ်။

Zawgyi

ဟက္ထရစ္ သြင္းဂိုးရွင္ အူဘာမီယန္းကို အာတီတာ ခ်ီးက်ဴး

မီခဲ အာတီတာက အာဆင္နယ္အသင္းရဲ႕ အနာဂတ္ ေအာင္ျမင္မႈအမ်ားစုဟာ အူဘာမီယန္းရဲ႕ သြင္းဂိုးေတြအေပၚ မူတည္ေနေၾကာင္း ေျပာဆိုခဲ့ပါတယ္။

အသက္ ( ၃၁ ) ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ လိဒ္အသင္းကို ( ၄ – ၂ ) အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ ဂန္းနားေတြအတြက္ ပထမဆုံး ပရီးမီးယားလိဂ္ ဟက္ထရစ္ရယူေပးခဲ့ၿပီး ဒုတိယပိုင္းမွာ ဂိုးဘားတန္း ထိမွန္ခဲ့တဲ့အတြက္ ယခုထက္ သြင္းဂိုး ပိုမိုရရွိဖို႔ နစ္နာခဲ့ပါတယ္။

အာတီတာက “ အူဘာရဲ႕ ေျခစြမ္းတည္ၿငိမ္မႈ ႏွင့္ သြင္းဂိုးေတြက အသင္းရဲ႕ အနာဂတ္ ေအာင္ျမင္မႈအတြက္ ႀကီးမားတဲ့ အစိတ္အပိုင္း တစ္ရပ္အေနနဲ႔ ပါဝင္ပတ္သက္ ေနပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။ “ သူသာ ယခုပုံစံကို ဆက္ထိန္းထားမယ္ဆိုရင္ ကြၽန္ေတာ္တို႔ ေဘာလုံးပြဲစဥ္ေတြ အႏိုင္ရရွိဖို႔ နီးစပ္လာပါၿပီ။ ဒါက ရွင္းပါတယ္။”

“ ကြၽန္ေတာ္တို႔အေနနဲ႔ သူ႔ကိုပဲ မွီခိုေနလို႔ မရပါဘူး။ ဒါေပမယ့္ သူက အသင္းရဲ႕ အဓိက အစိတ္အပိုင္း တစ္ရပ္အေနနဲ႔ ပါဝင္ေနပါတယ္။ ဒါကို ဒီေန႔ ပြဲစဥ္မွာ ထပ္မံ ေတြ႕ျမင္ခဲ့ရပါတယ္။ သူသာ ပုံမွန္ေျခစြမ္း ရရွိေနမယ္ဆိုရင္ ထိန္းခ်ဳပ္ဖို႔ ခက္ခဲတဲ့ ကစားသမားပါ” “ ဒီေန႔ ပြဲစဥ္မွာ သူ႔အေနနဲ႔ သြင္းဂိုးေတြသာမက ေဘာလုံးမရွိခ်ိန္မွာလဲ အေကာင္းဆုံး လႈပ္ရွားကာ ကစားႏိုင္ခဲ့ပါတယ္။ လိဒ္ ခံစစ္မႉးေတြအေပၚ သက္ေရာက္ေစတဲ့ သူ႔ရဲ႕ ဖိအားက အေတာ္ေလး ႀကီးမားပါတယ္။”

အူဘာမီယန္းအေနနဲ႔ ယခုႏွစ္ေဘာလုံးရာသီမွာ ကြင္းတြင္း ၊ ကြင္းျပင္ ခက္ခဲမႈေတြ ရင္ဆိုင္ခဲ့ရေပမယ့္ အာဆင္နယ္အသင္းအတြက္ ၿပိဳင္ပြဲစုံ ( ၁၁ ) ဂိုး သြင္းယူေပးထားပါတယ္။