ဟက်ထရစ်သွင်းဂိုးရှင် အမ်ဘာပေကို ကျေးဇူးတင်နေတဲ့ ဟာလန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟာလန်းက ပြီးခဲ့တဲ့ အင်္ဂါနေ့ ဘာစီလိုနာအသင်းနဲ့ ပွဲစဉ်မှာ ဟက်ထရစ်သွင်းဂိုးရယူခဲ့တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေဟာ ဆီ‌ဗီလာကို ( ၃ -၂ ) ရလာဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ သွင်းဂိုးတွေ ရယူဖို့ သူ့အတွက် ခွန်အားဖြစ်စေတယ်လို့ ဆိုခဲ့ပါတယ်။

အသက် ( ၂၀ ) အရွယ် တိုက်စစ်မှူးဟာ ဆီဗီလာ အသင်းနဲ့ ပွဲစဉ်မှာ ( ၂ ) ဂိုးသွင်းယူခဲ့ပြီး အမ်ဘာပေရဲ့ ( ၂၁ ) နှစ်ပြည့် မွေးနေ့မတိုင်ခင် ချန်ပီယံလိဂ် သွင်းဂိုးအများဆုံး စံချိန်ကို ချိုးဖျက်ဖို့နီးစပ်နေပါတယ်။ အသက် ( ၂၂ ) နှစ်အရွယ် အမ်ဘာပေက ( ၂၁ ) မပြည့်ခင် ( ၁၉ ) ဂိုး သွင်းယူခဲ့ပြီး ဟာလန်းကတော့ လက်ရှိအချိန်မှာ ( ၁၃ ) ပွဲ ကစားထားကာ ( ၁၈ ) ဂိုး သွင်းယူထားပါတယ်။

ဟာလန်းက ပြီးခဲ့တဲ့ အင်္ဂါနေ့က ဘာစီလိုနာအသင်းကို ( ၄ -၁ ) အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ( ၃ ) ဂိုး သွင်းယူခဲ့တဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေဟာ သူ့အတွက် ခွန်အားဖြစ်စေကြောင်း ထောက်ပြပြောဆိုခဲ့ပါတယ်။

ဟာလန်းက ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ “အမ်ဘာပေ ဟက်ထရစ်သွင်းယူနိုင်တာတွေ့တော့ ကျွန်တော် စိတ်ဓာတ် တက်ကြွသွားပါတယ်။ ဒါကြောင့် သူ့ကိုကျေးဇူးတင်ပါတယ်။ သူက ကောင်းမွန်တဲ့ သွင်းဂိုးတွေ ရယူခဲ့ပြီး ကျွန်တော်က သူ့ဆီကနေ ခွန်အားတွေရရှိခဲ့ပါတယ် ။ ဒါက အရမ်းကောင်းမွန်ပါတယ်” ဟု ပြောဆိုခဲ့ပါတယ်။

ဆီ‌ဗီလာအသင်းက ဆူဆိုရဲ့ သွင်းဂိုးနဲ့အတူ ဦးဆောင်နိုင်ခဲ့ပေမယ့် Dahoud က ( ၁၉ ) မိနစ်မှာ ဒေါ့မွန်အတွက် ‌ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ အ့ဒီနောက် ဟာလန်းက ပွဲကစားချိန် ( ၂၇ ) မိနစ် နှင့် ( ၄၃ ) မိနစ်တွေမှာ ဒေါ့မွန်အတွက် ဦးဆောင်ဂိုးတွေသွင်းယူးပေးခဲ့ပြီး လုခ်ဒီဂျောင်က ဆီဗီလာအတွက် နောက်ကျသွင်းဂိုးရယူပေးခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဟက္ထရစ္သြင္းဂိုးရွင္ အမ္ဘာေပကို ေက်းဇူးတင္ေနတဲ့ ဟာလန္း

ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟာလန္းက ၿပီးခဲ့တဲ့ အဂၤါေန႔ ဘာစီလိုနာအသင္းနဲ႔ ပြဲစဥ္မွာ ဟက္ထရစ္သြင္းဂိုးရယူခဲ့တဲ့ ပီအက္စ္ဂ်ီတိုက္စစ္မႉး အမ္ဘာေပဟာ ဆီ‌ဗီလာကို ( ၃ -၂ ) ရလာဒ္နဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ သြင္းဂိုးေတြ ရယူဖို႔ သူ႔အတြက္ ခြန္အားျဖစ္ေစတယ္လို႔ ဆိုခဲ့ပါတယ္။

အသက္ ( ၂၀ ) အ႐ြယ္ တိုက္စစ္မႉးဟာ ဆီဗီလာ အသင္းနဲ႔ ပြဲစဥ္မွာ ( ၂ ) ဂိုးသြင္းယူခဲ့ၿပီး အမ္ဘာေပရဲ႕ ( ၂၁ ) ႏွစ္ျပည့္ ေမြးေန႔မတိုင္ခင္ ခ်န္ပီယံလိဂ္ သြင္းဂိုးအမ်ားဆုံး စံခ်ိန္ကို ခ်ိဳးဖ်က္ဖို႔နီးစပ္ေနပါတယ္။ အသက္ ( ၂၂ ) ႏွစ္အ႐ြယ္ အမ္ဘာေပက ( ၂၁ ) မျပည့္ခင္ ( ၁၉ ) ဂိုး သြင္းယူခဲ့ၿပီး ဟာလန္းကေတာ့ လက္ရွိအခ်ိန္မွာ ( ၁၃ ) ပြဲ ကစားထားကာ ( ၁၈ ) ဂိုး သြင္းယူထားပါတယ္။

ဟာလန္းက ၿပီးခဲ့တဲ့ အဂၤါေန႔က ဘာစီလိုနာအသင္းကို ( ၄ -၁ ) အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ ( ၃ ) ဂိုး သြင္းယူခဲ့တဲ့ ပီအက္စ္ဂ်ီ တိုက္စစ္မႉး အမ္ဘာေပဟာ သူ႔အတြက္ ခြန္အားျဖစ္ေစေၾကာင္း ေထာက္ျပေျပာဆိုခဲ့ပါတယ္။

ဟာလန္းက ပြဲၿပီး သတင္းစာ ရွင္းလင္းပြဲမွာ “အမ္ဘာေပ ဟက္ထရစ္သြင္းယူႏိုင္တာေတြ႕ေတာ့ ကြၽန္ေတာ္ စိတ္ဓာတ္ တက္ႂကြသြားပါတယ္။ ဒါေၾကာင့္ သူ႔ကိုေက်းဇူးတင္ပါတယ္။ သူက ေကာင္းမြန္တဲ့ သြင္းဂိုးေတြ ရယူခဲ့ၿပီး ကြၽန္ေတာ္က သူ႔ဆီကေန ခြန္အားေတြရရွိခဲ့ပါတယ္ ။ ဒါက အရမ္းေကာင္းမြန္ပါတယ္” ဟု ေျပာဆိုခဲ့ပါတယ္။

ဆီ‌ဗီလာအသင္းက ဆူဆိုရဲ႕ သြင္းဂိုးနဲ႔အတူ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ Dahoud က ( ၁၉ ) မိနစ္မွာ ေဒါ့မြန္အတြက္ ‌ေခ်ပဂိုး သြင္းယူေပးခဲ့ပါတယ္။ အ့ဒီေနာက္ ဟာလန္းက ပြဲကစားခ်ိန္ ( ၂၇ ) မိနစ္ ႏွင့္ ( ၄၃ ) မိနစ္ေတြမွာ ေဒါ့မြန္အတြက္ ဦးေဆာင္ဂိုးေတြသြင္းယူးေပးခဲ့ၿပီး လုခ္ဒီေဂ်ာင္က ဆီဗီလာအတြက္ ေနာက္က်သြင္းဂိုးရယူေပးခဲ့ပါတယ္။