ဟက်ထရစ်နဲ့ အတူ မှတ်တမ်းကောင်း သိမ်းပိုက်လိုက်တဲ့ မက်ဆီ

Viber No => 09 969 710 910

Shwe Casino Facebook Page Link => https://bit.ly/3AQZRVp                                                            Shwe Casino App Download Link => https://bit.ly/3k41mc4

ကိုပါအမေရိကဖလားချန်ပီယံ အာဂျင်တီးနားဟာ အသင်းခေါင်းဆောင် မက်ဆီရဲ့ဟက်ထရစ်နဲ့အတူ ဘိုလီးဗီးယားကို ဂိုးပြတ်အနိုင်ယူပြီး ဘရာဇီးလ်နဲ့ ၆ မှတ်အကွာ အဆင့် ၂ နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

မက်ဆီဟာ အသင်းအတွက် ၁၄ မိနစ် ၊ ၆၅ မိနစ် နဲ့ ၈၉ မိနစ်တွေမှာ ဂိုးတွေသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

မက်ဆီ ဟာ တောင်အမေရိက လက်ရွေးစင် သမိုင်းမှာ ဂိုးအများဆုံး သွင်းယူတဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။

မက်ဆီဟာ လက်ရွေးစင်သွင်းဂိုး ၇၉ ဂိုးရှိလာပြီး ဘရာဇီးလ်ဂန္တဝင် ပီလီ တင်ရှိထားတဲ့ တောင်အမေရိကအသင်းတစ်သင်းအတွက် သွင်းဂိုးအများဆုံးစံချိန် ၇၇ ဂိုးကို ကျော်ဖြတ်ခဲ့ပါပြီ။

အခုဆိုလို့ရှိရင် အာဂျင်တီးနားနှင့် ၇ ကြိမ်မြောက် ဟက်ထရစ်ဖြစ်ပြီး ခြေစစ်ပွဲများတွင် ဒုတိယမြောက်ဟက်ထရစ်ဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးဟာ နိုင်ငံအသင်းအတွက် ကိုပါအမေရိကဖလားပြိုင်ပွဲကစကာ တောက်လျှောက်ခြေစွမ်းပြနေခဲ့တာလည်းဖြစ်ပါတယ်။

လက်ရွေးစင်ကစားသမားဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ကိုပါအမေရိကဖလားကို ရယူနိုင်ခဲ့ပြီး ပီလီရဲ့စံချိန်ကိုပါ ကျော်ဖြတ်နိုင်ခဲ့လို့ မက်ဆီအတွက်တော့ ၂၀၂၁ ခုနှစ်က စိတ်ကျေနပ်စရာတွေဖြစ်ခဲ့ရပြီး အောင်မြင်တဲ့နှစ်လို့လည်း ဆိုရတော့မှာပါ။

လက်ရွေးစင်သွင်းဂိုး ၇၉ ဂိုးအနက် ၁၁ ဂိုးမှာ ၈၅ မိနစ်နောက်ပိုင်း သွင်းယူခဲ့တာ ဖြစ်ပါတယ်။

မက်ဆီဟာ ၂၀၂၁ ခုနှစ်အတွင်း လက်ရွေးစင်အသင်းအတွက် ၈ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ၂၀၁၇ နောက်ပိုင်း ဂိုးအများဆုံးပြန်သွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

၂၀၁၂ မှာ အာဂျင်တီးနားအတွက် မက်ဆီက ၁၂ ဂိုးအထိ သွင်းယူပြီး ဂိုးအများဆုံးရတဲ့နှစ်ဖြစ်ခဲ့ကာ ဒီနှစ်မှာ အဆိုပါစံချိန်ကို လိုက်မီနိုင်မယ့် အခွင့်အရေးမျိုးကိုလည်း ပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။

အောက်တိုဘာလအတွင်းမှာ ပါရာဂွေး၊ ဥရုဂွေး နဲ့ ပီရူး၊ နိုဝင်ဘာလမှာ ဥရုဂွေး၊ ဘရာဇီးလ်တို့နဲ့ ကစားရဖို့ရှိနေပြီး တစ်ပွဲကိုတစ်ဂိုးနှုန်းသွင်းယူနိုင်ခဲ့မယ်ဆိုရင် အဆိုပါစံချိန်ကို လိုက်မီမှာလည်းဖြစ်ပါတယ်။

Viber No => 09 969 710 910

Shwe Casino Facebook Page Link => https://bit.ly/3AQZRVp                                                            Shwe Casino App Download Link => https://bit.ly/3k41mc4

zawgyi

ဟက္ထရစ္နဲ႔ အတူ မွတ္တမ္းေကာင္း သိမ္းပိုက္လိုက္တဲ့ မက္ဆီ

ကိုပါအေမရိကဖလားခ်န္ပီယံ အာဂ်င္တီးနားဟာ အသင္းေခါင္းေဆာင္ မက္ဆီရဲ႕ဟက္ထရစ္နဲ႔အတူ ဘိုလီးဗီးယားကို ဂိုးျပတ္အႏိုင္ယူၿပီး ဘရာဇီးလ္နဲ႔ ၆ မွတ္အကြာ အဆင့္ ၂ ေနရာမွာ ဆက္လက္ရပ္တည္ႏိုင္ခဲ့ပါတယ္။ မက္ဆီဟာ အသင္းအတြက္ ၁၄ မိနစ္ ၊ ၆၅ မိနစ္ နဲ႔ ၈၉ မိနစ္ေတြမွာ ဂိုး​​ေတြသြင္းယူေပးခဲ့တာလည္းျဖစ္ပါတယ္။

မက္ဆီ ဟာ ေတာင္အေမရိက လက္ေ႐ြးစင္ သမိုင္းမွာ ဂိုးအမ်ားဆုံး သြင္းယူတဲ့ ကစားသမား ျဖစ္လာခဲ့ပါတယ္ ။မက္ဆီဟာ လက္ေ႐ြးစင္သြင္းဂိုး ၇၉ ဂိုးရွိလာၿပီး ဘရာဇီးလ္ဂႏၲဝင္ ပီလီ တင္ရွိထားတဲ့ ေတာင္အေမရိကအသင္းတစ္သင္းအတြက္ သြင္းဂိုးအမ်ားဆုံးစံခ်ိန္ ၇၇ ဂိုးကို ေက်ာ္ျဖတ္ခဲ့ပါၿပီ။ အခုဆိုလို႔ရွိရင္ အာဂ်င္တီးနားႏွင့္ ၇ ႀကိမ္ေျမာက္ ဟက္ထရစ္ျဖစ္ၿပီး ေျခစစ္ပြဲမ်ားတြင္ ဒုတိယေျမာက္ဟက္ထရစ္ျဖစ္ပါတယ္။

အသက္ ၃၄ ႏွစ္အ႐ြယ္ အာဂ်င္တီးနားတိုက္စစ္မႉးဟာ ႏိုင္ငံအသင္းအတြက္ ကိုပါအေမရိကဖလားၿပိဳင္ပြဲကစကာ ေတာက္ေလွ်ာက္ေျခစြမ္းျပေနခဲ့တာလည္းျဖစ္ပါတယ္။ လက္ေ႐ြးစင္ကစားသမားဘဝမွာ ပထမဆုံးအႀကိမ္အျဖစ္ ကိုပါအေမရိကဖလားကို ရယူႏိုင္ခဲ့ၿပီး ပီလီရဲ႕စံခ်ိန္ကိုပါ ေက်ာ္ျဖတ္ႏိုင္ခဲ့လို႔ မက္ဆီအတြက္ေတာ့ ၂၀၂၁ ခုႏွစ္က စိတ္ေက်နပ္စရာေတြျဖစ္ခဲ့ရၿပီး ေအာင္ျမင္တဲ့ႏွစ္လို႔လည္း ဆိုရေတာ့မွာပါ။ လက္ေ႐ြးစင္သြင္းဂိုး ၇၉ ဂိုးအနက္ ၁၁ ဂိုးမွာ ၈၅ မိနစ္ေနာက္ပိုင္း သြင္းယူခဲ့တာ ျဖစ္ပါတယ္။

မက္ဆီဟာ ၂၀၂၁ ခုႏွစ္အတြင္း လက္ေ႐ြးစင္အသင္းအတြက္ ၈ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ၂၀၁၇ ေနာက္ပိုင္း ဂိုးအမ်ားဆုံးျပန္သြင္းႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ ၂၀၁၂ မွာ အာဂ်င္တီးနားအတြက္ မက္ဆီက ၁၂ ဂိုးအထိ သြင္းယူၿပီး ဂိုးအမ်ားဆုံးရတဲ့ႏွစ္ျဖစ္ခဲ့ကာ ဒီႏွစ္မွာ အဆိုပါစံခ်ိန္ကို လိုက္မီႏိုင္မယ့္ အခြင့္အေရးမ်ိဳးကိုလည္း ပိုင္ဆိုင္ခဲ့ၿပီျဖစ္ပါတယ္။

ေအာက္တိုဘာလအတြင္းမွာ ပါရာေဂြး၊ ဥ႐ုေဂြး နဲ႔ ပီ႐ူး၊ ႏိုဝင္ဘာလမွာ ဥ႐ုေဂြး၊ ဘရာဇီးလ္တို႔နဲ႔ ကစားရဖို႔ရွိေနၿပီး တစ္ပြဲကိုတစ္ဂိုးႏႈန္းသြင္းယူႏိုင္ခဲ့မယ္ဆိုရင္ အဆိုပါစံခ်ိန္ကို လိုက္မီမွာလည္းျဖစ္ပါတယ္။