ဟက်ထရစ်ဂိုးနဲ့အတူ နိုင်ငံတကာသွင်းဂိုးစံချိန်အတွက် ရှေ့တစ်လှမ်းတိုးနိုင်ခဲ့တဲ့စီရော်နယ်ဒို

photo-gettyimages

photo-gettyimages

လစ်သူရေးနီးယားကို ၆ ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ ကြာသပတေးညယူရိုခြေစစ်ပွဲမှာ တိုက်စစ်မှုးစီရော်နယ်ဒိုဟာ ပေါ်တူဂီအတွက် ဟက်ထရစ်သွင်းပေးခဲ့ကာ သူ့နိုင်ငံအသင်းကို ခြေစစ်ပွဲအောင်ဖို့ အနီးစပ်ဆုံးဖြစ်စေခဲ့ပါတယ်။ ကလပ်အသင်းမှာသာ သူ့အတွက် ဆိုးဝါးတဲ့ရက်သတ္တပတ်နဲ့ကြုံတွေ့ခဲ့ရပေမယ့် နိုင်ငံအသင်းမှာတော့ စီရော်နယ်ဒိုဟာ သွင်းဂိုးတွေနဲ့ လန်းဆန်းတက်ကြွနေဆဲဖြစ်ပါတယ်။ ပေါ်တူဂီအတွက် အစောပိုင်းကို ပင်နယ်တီကနေသာ သွင်းပေးခဲ့ပေမယ့် သူ့ရဲ့ဒုတိယဂိုးက သိပ်ကိုလှပတဲ့ဝေ့ဝိုက်ကန်ချက်နဲ့ဖြစ်ကာ ဟက်ထရစ်ဖြစ်ပေမယ့် တတိယဂိုးကိုတော့ Box ထဲမှာပဲ တည်တည်ငြိမ်ငြိမ်နဲ့သွင်းသွင်းခဲ့တာပါ။

photo-gettyimages

လစ်သူရေးနီးယားနဲ့ပွဲက ဟက်ထရစ်ကြောင့် စီရော်နယ်ဒိုဟာ အခုဆိုရင် ပေါ်တူဂီအတွက် ၁၆၃ ပွဲမှာ ၉၈ ဂိုးရှိသွားခဲ့ပါပြီ။ သူ့အနေနဲ့ အီရန်ဂန္ထဝင်အလီဒါယီတင်ထားတဲ့ နိုင်ငံတကာသွင်းဂိုး ၁၀၉ ဂိုးစံချိန်ကို လိုက်မီဖို့ ရှေ့တစ်လှမ်းတိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ လောလောဆယ်တော့ ၃၄ နှစ်အရွယ် စီရော်နယ်ဒိုဟာ ပေါ်တူဂီအတွက် ဂိုးရာပြည့်ဖို့ ၂ ဂိုးသာလိုပါတော့တယ်။

photo-gettyimages

ပေါ်တူဂီဟာ အုပ်စုနောက်ဆုံးပွဲမှာ လူဇင်ဘတ်နဲ့အဝေးကွင်းသွားကန်ရမှာဖြစ်ပြီး ခြေစစ်ပွဲအောင်ဖို့အတွက်ဆိုရင် အဲဒီပွဲမှာ မဖြစ်မနေအနိုင်ကန်ထားဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့အောက် တတိယနေရာက ဆားဘီးယားကို ၁ မှတ်သာဖြတ်ထားလို့ပါ။ ပေါ်တူဂီပါတဲ့အုပ်စုမှာ ဇယားထိပ်က ယူကရိန်းဟာ ခြေစစ်ပွဲအောင်ပြီးသားပါ။လူဇင်ဘတ်နဲ့ပွဲမှာလည်း ဂိုးသွင်းခြေစွမ်းပြနိုင်မယ်ဆိုရင် စီရော်နယ်ဒိုဟာ ဒီနှစ်ထဲမှာပဲ ဂိုးရာပြည့်ဖြစ်သွားနိုင်ပါတယ်။

[Zawgyi]

ဟက္ထရစ္ဂိုးနဲ႔အတူ ႏိုင္ငံတကာသြင္းဂိုးစံခ်ိန္အတြက္ ေရွ႕တစ္လွမ္းတိုးႏိုင္ခဲ့တဲ့စီေရာ္နယ္ဒို

လစ္သူေရးနီးယားကို ၆ ဂိုးျပတ္နဲ႔အႏိုင္ရခဲ့တဲ့ ၾကာသပေတးညယူရိုေျခစစ္ပြဲမွာ တိုက္စစ္မႈးစီေရာ္နယ္ဒိုဟာ ေပၚတူဂီအတြက္ ဟက္ထရစ္သြင္းေပးခဲ့ကာ သူ႔ႏိုင္ငံအသင္းကို ေျခစစ္ပြဲေအာင္ဖို႔ အနီးစပ္ဆုံးျဖစ္ေစခဲ့ပါတယ္။ ကလပ္အသင္းမွာသာ သူ႔အတြက္ ဆိုး၀ါးတဲ့ရက္သတၱပတ္နဲ႔ႀကဳံေတြ႕ခဲ့ရေပမယ့္ ႏိုင္ငံအသင္းမွာေတာ့ စီေရာ္နယ္ဒိုဟာ သြင္းဂိုးေတြနဲ႔ လန္းဆန္းတက္ၾကြေနဆဲျဖစ္ပါတယ္။ ေပၚတူဂီအတြက္ အေစာပိုင္းကို ပင္နယ္တီကေနသာ သြင္းေပးခဲ့ေပမယ့္ သူ႔ရဲ႕ဒုတိယဂိုးက သိပ္ကိုလွပတဲ့ေ၀့၀ုိက္ကန္ခ်က္နဲ႔ျဖစ္ကာ ဟက္ထရစ္ျဖစ္ေပမယ့္ တတိယဂိုးကိုေတာ့ Box ထဲမွာပဲ တည္တည္ၿငိမ္ၿငိမ္နဲ႔သြင္းသြင္းခဲ့တာပါ။

လစ္သူေရးနီးယားနဲ႔႔ပြဲက ဟက္ထရစ္ေၾကာင့္ စီေရာ္နယ္ဒိုဟာ အခုဆိုရင္ ေပၚတူဂီအတြက္ ၁၆၃ ပြဲမွာ ၉၈ ဂိုးရွိသြားခဲ့ပါၿပီ။ သူ႔အေနနဲ႔ အီရန္ဂႏၳ၀င္အလီဒါယီတင္ထားတဲ့ ႏိုင္ငံတကာသြင္းဂိုး ၁၀၉ ဂိုးစံခ်ိန္ကို လိုက္မီဖုိ႔ ေရွ႕တစ္လွမ္းတိုုးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ေလာေလာဆယ္ေတာ့ ၃၄ ႏွစ္အရြယ္ စီေရာ္နယ္ဒိုဟာ ေပၚတူဂီအတြက္ ဂိုးရာျပည့္ဖို႔ ၂ ဂိုးသာလိုပါေတာ့တယ္။

ေပၚတူဂီဟာ အုပ္စုေနာက္ဆုံးပြဲမွာ လူဇင္ဘတ္နဲ႔အေ၀းကြင္းသြားကန္ရမွာျဖစ္ၿပီး ေျခစစ္ပြဲေအာင္ဖို႔အတြက္ဆိုရင္ အဲဒီပြဲမွာ မျဖစ္မေနအႏိုင္ကန္ထားဖို႔ လုိအပ္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ သူတုိ႔ရဲ႕ေအာက္ တတိယေနရာက ဆားဘီးယားကို ၁ မွတ္သာျဖတ္ထားလို႔ပါ။ ေပၚတူဂီပါတဲ့အုပ္စုမွာ ဇယားထိပ္က ယူကရိန္းဟာ ေျခစစ္ပြဲေအာင္ၿပီးသားပါ။လူဇင္ဘတ္နဲ႔ပြဲမွာလည္း ဂိုးသြင္းေျခစြမ္းျပႏိုင္မယ္ဆိုရင္ စီေရာ္နယ္ဒိုဟာ ဒီႏွစ္ထဲမွာပဲ ဂိုးရာျပည့္ျဖစ္သြားႏိုင္ပါတယ္။