သွေးကင်ဆာရောဂါကို အံတုရတော့မယ့် ဘုန်းမောက်ကွင်းလယ်လူ ဒေးဗစ်ဘရွတ်ခ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘုန်းမောက်နဲ့ ဝေးလ် ကွင်းလယ်ကစားသမားဒေးဗစ်ဘရွတ်ခ်ဟာ လူကီးမီးယား လို့ခေါ်တဲ့

သွေးကင်ဆာရောဂါခံစားနေရပေမယ့် အံတုဖက်ပြိုင်အနိုင်ယူဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။

အသက် ၂၄နှစ်ရှိ ဒေးဗစ်ဘရွတ်ခ်ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့က ဝေးလ် အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းဆင်းနေစဉ်

ပုံမှန်မဟုတ်တဲ့မော ပန်းနွမ်းနယ်မှုခံစားခဲ့ရတာမို့ လိုအပ်တဲ့စစ်ဆေးမှုပြုလုပ်ရာမှာ

သွေးကင်ဆာဒုတိယအဆင့်ခံစားနေရကြောင်းတွေ့ရှိခဲ့တာပါ။

ဒါကြောင့် လာမယ့်အပတ်ကစပြီးကုသမှုစတင်ခံယူရမှာပါ။

အဲဒီလိုကုသရာမှာကင်ဆာဆေးသွင်းခြင်းအပြင် လိုအပ်ရင် ဓာတ်ကင်တဲ့ကုထုံးကိုပါခံယူရဖွယ်ရှိပါတယ်။

ဒေးဗစ်ဘရွတ်ခ်က ” ကျွန်တော်နဲ့ ကျွန်တော့မိသားစုအတွက် ရှော့ခ်ရစေတဲ့သတင်းဆိုးပါပဲ။

ကြားသိရပြီးပြီးချင်း တုန်လှုပ်မိပေမယ့် အမြန်ဆုံးနာလန်ထပြီး ဘောလုံးပြန်ကစားနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။

ကျွန်တော့ကို ပရော်ဖက်ရှင်နယ်ပီသစွာ၊ နွေးထွေးစွာ၊ နားလည်မှုရှိစွာကုသပေးနေတဲ့ ဆရာဝန်တွေ၊ နာ့စ်တွေ၊ ဆေးဝန်ထမ်းတွေအားလုံးကို ကျေးဇူးတင်သလို

အစစအရာရာဂရုစိုက်တဲ့ ဝေးလ် ဘောလုံးအဖွဲ့ချုပ်နဲ့ ဆေးအဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ် ” လို့ဖွင့်ဟခဲ့ပါတယ်။

သွေးကင်ဆာရောဂါဟာ စောစောစီးစီး အချိန်မီသိရင် ကုသပျောက်ကင်းဖို့အလွယ်ကူဆုံးကင်ဆာဖြစ်ပြီး

ဒေးဗစ်ဘရွတ်ခ်ရဲ့ရောဂါကလည်း အဆင့်(၂)သာရှိသေး တာမို့ပျောက်ကင်းဖို့အလားအလာရှိပါတယ်။

ဒေးဗစ်ဘရွတ်ခ်ဟာ ဒီရာသီဘုန်း မောက်အတွက် ပြိုင်ပွဲစုံ ၉ပွဲမှာ ၃ဂိုးသွင်းထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေသြးကင္ဆာေရာဂါကို အံတုရေတာ့မယ့္ ဘုန္းေမာက္ကြင္းလယ္လူ ေဒးဗစ္ဘ႐ြတ္ခ္

ဘုန္းေမာက္နဲ႔ ေဝးလ္ ကြင္းလယ္ကစားသမားေဒးဗစ္ဘ႐ြတ္ခ္ဟာ လူကီးမီးယား လို႔ေခၚတဲ့ ေသြးကင္ဆာေရာဂါခံစားေနရေပမယ့္ အံတုဖက္ၿပိဳင္အႏိုင္ယူဖို႔ စိတ္ပိုင္းျဖတ္ထားပါတယ္။

အသက္ ၂၄ႏွစ္ရွိ ေဒးဗစ္ဘ႐ြတ္ခ္ဟာ ၿပီးခဲ့တဲ့အဂၤါေန႔က ေဝးလ္ အသင္းေဖာ္ေတြနဲ႔အတူ ေလ့က်င့္ခန္းဆင္းေနစဥ္ ပုံမွန္မဟုတ္တဲ့ေမာ ပန္းႏြမ္းနယ္မႈခံစားခဲ့ရတာမို႔ လိုအပ္တဲ့စစ္ေဆးမႈျပဳလုပ္ရာမွာ ေသြးကင္ဆာဒုတိယအဆင့္ခံစားေနရေၾကာင္းေတြ႕ရွိခဲ့တာပါ။ ဒါေၾကာင့္ လာမယ့္အပတ္ကစၿပီးကုသမႈစတင္ခံယူရမွာပါ။

အဲဒီလိုကုသရာမွာကင္ဆာေဆးသြင္းျခင္းအျပင္ လိုအပ္ရင္ ဓာတ္ကင္တဲ့ကုထုံးကိုပါခံယူရဖြယ္ရွိပါတယ္။

ေဒးဗစ္ဘ႐ြတ္ခ္က ” ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့မိသားစုအတြက္ ေရွာ့ခ္ရေစတဲ့သတင္းဆိုးပါပဲ။ ၾကားသိရၿပီးၿပီးခ်င္း တုန္လႈပ္မိေပမယ့္ အျမန္ဆုံးနာလန္ထၿပီး ေဘာလုံးျပန္ကစားႏိုင္မယ္လို႔လည္း ယုံၾကည္ပါတယ္။

ကြၽန္ေတာ့ကို ပေရာ္ဖက္ရွင္နယ္ပီသစြာ၊ ေႏြးေထြးစြာ၊ နားလည္မႈရွိစြာကုသေပးေနတဲ့ ဆရာဝန္ေတြ၊ နာ့စ္ေတြ၊ ေဆးဝန္ထမ္းေတြအားလုံးကို ေက်းဇူးတင္သလို အစစအရာရာဂ႐ုစိုက္တဲ့ ေဝးလ္ ေဘာလုံးအဖြဲ႕ခ်ဳပ္နဲ႔ ေဆးအဖြဲ႕ကိုလည္း ေက်းဇူးတင္ပါတယ္ ” လို႔ဖြင့္ဟခဲ့ပါတယ္။

ေသြးကင္ဆာေရာဂါဟာ ေစာေစာစီးစီး အခ်ိန္မီသိရင္ ကုသေပ်ာက္ကင္းဖို႔အလြယ္ကူဆုံးကင္ဆာျဖစ္ၿပီး ေဒးဗစ္ဘ႐ြတ္ခ္ရဲ႕ေရာဂါကလည္း အဆင့္(၂)သာရွိေသး တာမို႔ေပ်ာက္ကင္းဖို႔အလားအလာရွိပါတယ္။

ေဒးဗစ္ဘ႐ြတ္ခ္ဟာ ဒီရာသီဘုန္း ေမာက္အတြက္ ၿပိဳင္ပြဲစုံ ၉ပြဲမွာ ၃ဂိုးသြင္းထားပါတယ္။