သွင်းဂိုး ၇၀၀ ပြည့်ရော်နယ်ဒိုရဲ့ခဲခြစ်ကောက်ကြောင်းများ

Photo Credit

Photo Credit

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ယမန်နေ့က ယူကရိန်းကို ၂-၁ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲမှာ ပင်နယ်တီကနေ တစ်လုံးတည်းသောချေပဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ကစားသမားဘဝတစ်လျှောက် သွင်းဂိုး ၇၀၀ ပြည့်သွားခဲ့ပါတယ်။

Photo Credit

သူဟာ အဲဒီသွင်းဂိုး ၇၀၀ ပြည့်ဖို့အတွက် ၉၇၃ပွဲပဲ အချိန်ယူခဲ့ရပြီး အဲဒီ၉၇၃ပွဲအနက် ဂိုးသွင်းယူနိုင်ခဲ့တာက ၄၅၈ပွဲရှိခဲ့ပါတယ်။ သူဟာ လက်ရွေးစင်အသင်းသွင်းဂိုး ၉၅ဂိုးပြည့်ခဲ့တာလည်းဖြစ်လို့ နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားအဖြစ် ၁၀၉ ဂိုးနဲ့စံချိန်တင်ထားတဲ့ အီရန်ဂန္ထဝင်တိုက်စစ်မှူး အလီဒါယီရဲ့မှတ်တမ်းကိုကျော်ဖြတ်နိုင်ဖို့လည်း ပိုမိုနီးစပ်လာပါတယ်။

Photo Credit

ရော်နယ်ဒိုဟာ အနည်းဆုံးသွင်းဂိုး ၇၀၀ သွင်းယူနိုင်တဲ့ဂန္ထဝင်စာရင်းထဲ ဝင်ရောက်လာပြီး အချက်အလက်တွေရဲ့ဖော်ပြချက်အရ ရော်နယ်ဒိုဟာ တရားဝင်ပွဲတွေမှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားတဲ့ သြစတြီးယားတိုက်စစ်မှူးဟောင်း ဂျိုးဆက်ဘီကန်ရဲ့ ၈၀၅ဂိုးစံချိန်ကို လိုက်မီနိုင်ဖို့တော့ ကြိုးစားရဦးမှာဖြစ်ပါတယ်။

Photo Credit ; Goal

ဘီကန်ရဲ့နောက်မှာ ဘရာဇီးဂန္ထဝင်တိုက်စစ်မှူး ရိုမာရီယိုက ၇၇၂ဂိုးနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး နောက်ထပ်ဘရာဇီးဂန္ထဝင်ဖြစ်တဲ့ ပီလီက ၇၆၇ ဂိုးနဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။ ဟန်ဂေရီဂန္ထဝင်တိုက်စစ်မှူး ပွက်ရှ်ကပ်စ်က ၇၄၆ဂိုး၊ ဂျာမနီဂန္ထဝင်တိုက်စစ်မှူး ဂတ်မူလာက ၇၃၅ဂိုးနဲ့အတူ ရော်နယ်ဒိုရဲ့အထက် စတုတ္ထနဲ့ ပဉ္စမနေရာတွေမှာ အသီးသီးရပ်တည်နေပါတယ်။

Photo Credit ; B/R

ရော်နယ်ဒိုဟာ ရီးရဲလ်အသင်းမှာ ကစားရင်း ဂိုးအများဆုံးသွင်းယူနိုင်ခဲ့ပြီး ဘာနေဗျူးအခြေစိုက်အသင်းအတွက် ဂိုးပေါင်း ၄၅၀၊ ယူနိုက်တက်အတွက် ၁၁၈ဂိုး၊ ပေါ်တူဂီအတွက် ၉၅ဂိုး၊ လက်ရှိကလပ် ဂျူဗင်တပ်စ်အတွက် ၃၂ဂိုး၊ စပို့တင်းလစ္စဘွန်းအတွက် ၅ဂိုး အသီးသီးသွင်းယူထားပါတယ်။

Photo Credit ; All Football

သူ စိတ်ကြိုက်အဖြစ်ဆုံးပြိုင်ဘက်ကတော့ ဆီဗီလာအသင်းဖြစ်ပြီး ဆီဗီးလ်အခြေစိုက်အသင်းဘက်ကို စုစုပေါင်း ၂၇ဂိုးသွင်းယူထားသလို အက်သလက်တီကို(၂၅ဂိုး)၊ ဂီတာဖေး(၂၃ဂိုး)၊ ဆယ်လ်တာဗီဂို(ဂိုး၂၀)၊ ဘာစီလိုနာ(၁၈ဂိုး)တို့ကလည်း ရော်နယ်ဒို ဂိုးမြူးတဲ့ပြိုင်ဘက်အသင်းတွေဖြစ်နေပါတယ်။

Photo Credit

ရော်နယ်ဒိုဟာ စံချိန်တွေချိုးဖျက်ဖို့အတွက် သိပ်ပြီးစိမ်းလှတဲ့ကစားသမားတစ်ဦးမဟုတ်ပါဘူး။ ချန်ပီယံလိဂ်ရဲ့ထာဝရဂိုးသွင်းဘုရင်၊ တစ်ရာသီအတွင်း ချန်ပီယံလိဂ်သွင်းဂိုးအများဆုံး၊ ရီးရဲလ်ရဲ့ထာဝရဂိုးသွင်းဘုရင် အစရှိတဲ့စံချိန်တွေက ရော်နယ်ဒိုရဲ့မှတ်တမ်းတွေထဲက အနည်းငယ်သောစံချိန်တွေဖြစ်ပါတယ်။

Photo Credit

Zawgyi

သြင္းဂိုး ၇၀၀ ျပည့္ေရာ္နယ္ဒိုရဲ႕ခဲျခစ္ေကာက္ေၾကာင္းမ်ား

ေပၚတူဂီအသင္းေခါင္းေဆာင္ ေရာ္နယ္ဒိုဟာ ယမန္ေန႔က ယူကရိန္းကို ၂-၁ ဂိုးနဲ႔အေရးနိမ့္ခဲ့တဲ့ ယူ႐ို ၂၀၂၀ ေျခစစ္ပြဲမွာ ပင္နယ္တီကေန တစ္လုံးတည္းေသာေခ်ပဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ကစားသမားဘ၀တစ္ေလွ်ာက္ သြင္းဂိုး ၇၀၀ ျပည့္သြားခဲ့ပါတယ္။
သူဟာ အဲဒီသြင္းဂိုး ၇၀၀ ျပည့္ဖို႔အတြက္ ၉၇၃ပဲြပဲ အခ်ိန္ယူခဲ့ရၿပီး အဲဒီ၉၇၃ပဲြအနက္ ဂိုးသြင္းယူႏိုင္ခဲ့တာက ၄၅၈ပြဲရွိခဲ့ပါတယ္။ သူဟာ လက္ေရြးစင္အသင္းသြင္းဂိုး ၉၅ဂိုးျပည့္ခဲ့တာလည္းျဖစ္လုိ႔ ႏိုင္ငံတကာသြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ ၁၀၉ ဂိုးနဲ႔စံခ်ိန္တင္ထားတဲ့ အီရန္ဂႏၳ၀င္တုိက္စစ္မွဴး အလီဒါယီရဲ႕မွတ္တမ္းကိုေက်ာ္ျဖတ္ႏိုင္ဖုိ႔လည္း ပိုမိုနီးစပ္လာပါတယ္။
ေရာ္နယ္ဒိုဟာ အနည္းဆုံးသြင္းဂိုး ၇၀၀ သြင္းယူႏိုင္တဲ့ဂႏၳ၀င္စာရင္းထဲ ၀င္ေရာက္လာၿပီး အခ်က္အလက္ေတြရဲ႕ေဖာ္ျပခ်က္အရ ေရာ္နယ္ဒိုဟာ တရား၀င္ပဲြေတြမွာ ဂုိးသြင္းအမ်ားဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ထားတဲ့ ၾသစႀတီးယားတုိက္စစ္မွဴးေဟာင္း ဂ်ိဳးဆက္ဘီကန္ရဲ႕ ၈၀၅ဂိုးစံခ်ိန္ကို လုိက္မီႏိုင္ဖုိ႔ေတာ့ ႀကိဳးစားရဦးမွာျဖစ္ပါတယ္။
ဘီကန္ရဲ႕ေနာက္မွာ ဘရာဇီးဂႏၳ၀င္တုိက္စစ္မွဴး ႐ိုမာရီယိုက ၇၇၂ဂိုးနဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနၿပီး ေနာက္ထပ္ဘရာဇီးဂႏၳ၀င္ျဖစ္တဲ့ ပီလီက ၇၆၇ ဂိုးနဲ႔ တတိယေနရာမွာ ရပ္တည္ေနပါတယ္။ ဟန္ေဂရီဂႏၳ၀င္တုိက္စစ္မွဴး ပြက္ရွ္ကပ္စ္က ၇၄၆ဂုိး၊ ဂ်ာမနီဂႏၳ၀င္တုိက္စစ္မွဴး ဂတ္မူလာက ၇၃၅ဂိုးနဲ႔အတူ ေရာ္နယ္ဒိုရဲ႕အထက္ စတုတၳနဲ႔ ပၪၥမေနရာေတြမွာ အသီးသီးရပ္တည္ေနပါတယ္။
ေရာ္နယ္ဒိုဟာ ရီးရဲလ္အသင္းမွာ ကစားရင္း ဂိုးအမ်ားဆုံးသြင္းယူႏိုင္ခဲ့ၿပီး ဘာေနဗ်ဴးအေျခစုိက္အသင္းအတြက္ ဂိုးေပါင္း ၄၅၀၊ ယူႏိုက္တက္အတြက္ ၁၁၈ဂိုး၊ ေပၚတူဂီအတြက္ ၉၅ဂိုး၊ လက္ရွိကလပ္ ဂ်ဴဗင္တပ္စ္အတြက္ ၃၂ဂိုး၊ စပို႔တင္းလစၥဘြန္းအတြက္ ၅ဂိုး အသီးသီးသြင္းယူထားပါတယ္။
သူ စိတ္ႀကိဳက္အျဖစ္ဆုံးၿပိဳင္ဘက္ကေတာ့ ဆီဗီလာအသင္းျဖစ္ၿပီး ဆီဗီးလ္အေျခစိုက္အသင္းဘက္ကို စုစုေပါင္း ၂၇ဂိုးသြင္းယူထားသလို အက္သလက္တီကို(၂၅ဂိုး)၊ ဂီတာေဖး(၂၃ဂိုး)၊ ဆယ္လ္တာဗီဂို(ဂိုး၂၀)၊ ဘာစီလုိနာ(၁၈ဂိုး)တုိ႔ကလည္း ေရာ္နယ္ဒို ဂိုးျမဴးတဲ့ၿပိဳင္ဘက္အသင္းေတြျဖစ္ေနပါတယ္။
ေရာ္နယ္ဒိုဟာ စံခ်ိန္ေတြခ်ိဳးဖ်က္ဖို႔အတြက္ သိပ္ၿပီးစိမ္းလွတဲ့ကစားသမားတစ္ဦးမဟုတ္ပါဘူး။ ခ်န္ပီယံလိဂ္ရဲ႕ထာ၀ရဂိုးသြင္းဘုရင္၊ တစ္ရာသီအတြင္း ခ်န္ပီယံလိဂ္သြင္းဂိုးအမ်ားဆုံး၊ ရီးရဲလ္ရဲ႕ထာ၀ရဂိုးသြင္းဘုရင္ အစရွိတဲ့စံခ်ိန္ေတြက ေရာ္နယ္ဒိုရဲ႕မွတ္တမ္းေတြထဲက အနည္းငယ္ေသာစံခ်ိန္ေတြျဖစ္ပါတယ္။