
Photo Credit
Photo Credit
ဂျူဗင်တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုက သူ့ရဲ့ ကစားသမားဘဝသွင်းဂိုး ၇၀၀ ပြည့်မြောက်သွားခဲ့ပြီဖြစ်ပြီး အနာဂတ်မှာစိန်ခေါ်မှုတွေများစွာနဲ့ တူရင်အခြေစိုက်အသင်းမှာ ဆုဖလားတွေ ထပ်မံရယူူနိုင်ဖို့ အာရုံစိုက်နေပါတယ်။
Photo Credit
Ballon d’Or ဆု ၅ ကြိမ်ရရှိထားတဲ့ ရော်နယ်ဒိုဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲအဖြစ် ယူကရိန်းအသင်းနဲ့ပွဲစဉ်မှာ ဂိုး ၇၀၀ ပြည့် သွင်းဂိုးကို ပင်နယ်တီကနေ သွင်းယူနိုင်ခဲ့ပြီး သူ့ရဲ့ကစားသမားဘဝမှာ မမေ့နိုင်စရာသမိုင်းသစ်တစ်ခုကိုစိုက်ထူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
Photo Credit
နောက်ထပ် ကြိုးစားအားထုတ်မှုတစ်ခုအဖြစ် ဂုဏ်ပြုဖို့ တနင်္ဂနွေနေ့က ဘိုလော့ဂ်နာအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာလည်း ရော်နယ်ဒိုက အသင်းအတွက် အဖွင့်ဂိုးကိုသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
Photo Credit
မနက်ဖြန် လိုကိုမိုးတစ်မော်စကိုအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ် မတိုင်ခင် ရော်နယ်ဒိုက “ကျွန်တော် သွင်းဂိုး ၇၀၀ ပြည့်တဲ့အကြောင်းကို စဉ်းစားနေမှာမဟုတ်ပါဘူး၊ ဒါကအတိတ်ကကိစ္စပါ၊ ကျွန်တော် အသင်းကိုကူညီချင်ပါတယ်၊ ဒါကပိုအရေးကြီးပါတယ်”
Photo Credit
”ကျွန်တော် ကွင်းထဲမှာရော ဂျူဗီကိုဆုဖလားတွေရရှိဖို့ ကူညီချင်ပါတယ်၊ သွင်းဂိုး ၇၀၀ ပြည့်သွားခဲ့လို့ ကျွန်တော် တကယ်ကိုဂုဏ်ယူမိပေမယ့် တကယ့်ဦးစားပေးက ဂျူဗင်တပ်စ်နဲ့အတူ အောင်ပွဲရဖို့ပါ၊ အရင်ကစံချိန်တွေထွက်ပေါ်လာတာက ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုပါပဲ“လို့ ပြောသွားခဲ့ပါတယ်။
Photo Credit
ဆက်လက်ပြီး ရော်နယ်ဒိုက “နှစ်စဉ်နှစ်တိုင်း ဘောလုံးကစိန်ခေါ်ပွဲတစ်ခုပါ၊ ကျွန်တော့်အတွက် မဟုတ်တောင် ဂျူဗင်တပ်စ်အတွက် စီးရီးအေ၊ ချန်ပီယံလိဂ်နဲ့ ကိုပါအီတာလီယာဖလားတို့ကိုအနိုင်ရရှိဖို့ လိုအပ်ပါတယ်၊ ဂျူဗင်တပ်စ်ကအများကြီးအောင်မြင်မှု ရသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်”
Photo Credit
”ဂျူဗင်တပ်စ်က ကလပ်အသင်းကြီးတစ်သင်းဖြစ်ပြီး အိပ်မက်ကြီးကြီးမက်ဖို့လိုပါတယ်။ ကျွန်တော်တို့ လိဂ်ဖလားနဲ့ ချန်ပီယံလိဂ်တို့မှာ အောင်မြင်မှု ရချင်ပါတယ်”လို့ ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။
Photo Credit ; Getty Images
Zawgyi
သြင္းဂိုး ၇၀၀ ဆိုတာကိန္းဂဏန္ေတြပဲလုိ႔ ခံယူထားတဲ့ေရာ္နယ္ဒိုက ဂ်ဴဗင္တပ္စ္နဲ႔ဆုဖလားေတြ ထပ္မံဆြတ္ခူးရယူဖို႔ ဆႏၵရွိေန
ဂ်ဴဗင္တပ္စ္တို္က္စစ္မွဴး ခရစၥတီယာႏိုေရာ္နယ္ဒိုက သူ႕ရဲ႕ ကစားသမားဘဝသြင္းဂိုး ၇၀၀ ျပည့္ေျမာက္သြားခဲ့ၿပီျဖစ္ၿပီး အနာဂတ္မွာစိန္ေခၚမႈေတြမ်ားစြာနဲ႔ တူရင္အေျခစိုက္အသင္းမွာ ဆုဖလားေတြ ထပ္မံရယူူႏိုင္ဖို႔ အာ႐ံုစိုက္ေနပါတယ္။
Ballon d’Or ဆု ၅ ႀကိမ္ရရွိထားတဲ့ ေရာ္နယ္ဒိုဟာ ယူ႐ို ၂၀၂၀ ေျခစစ္ပြဲအျဖစ္ ယူကရိန္းအသင္းနဲ႔ပြဲစဥ္မွာ ဂိုး ၇၀၀ ျပည့္ သြင္းဂိုးကို ပင္နယ္တီကေန သြင္းယူႏိုင္ခဲ့ၿပီး သူ႕ရဲ႕ကစားသမားဘဝမွာ မေမ့ႏိုင္စရာသမိုင္းသစ္တစ္ခုကိုစိုက္ထူႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။
ေနာက္ထပ္ ၾကိဳးစားအားထုတ္မႈတစ္ခုအျဖစ္ ဂုဏ္ျပဳဖို႔ တနဂၤေႏြေန႔က ဘိုေလာ့ဂ္နာအသင္းကို ၂-၁ ဂိုးနဲ႔ အႏုိင္ရရွိခဲ့တဲ့ပြဲစဥ္မွာလည္း ေရာ္နယ္ဒိုက အသင္းအတြက္ အဖြင့္ဂိုးကိုသြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။
မနက္ျဖန္ လုိကိုမိုးတစ္ေမာ္စကိုအသင္းနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္ မတိုင္ခင္ ေရာ္နယ္ဒိုက “ကၽြန္ေတာ္ သြင္းဂိုး ၇၀၀ ျပည့္တဲ့အေၾကာင္းကို စဥ္းစားေနမွာမဟုတ္ပါဘူး၊ ဒါကအတိတ္ကကိစၥပါ၊ ကၽြန္ေတာ္ အသင္းကိုကူညီခ်င္ပါတယ္၊ ဒါကပိုအေရးႀကီးပါတယ္”
”ကၽြန္ေတာ္ ကြင္းထဲမွာေရာ ဂ်ဴဗီကိုဆုဖလားေတြရရွိဖို႔ ကူညီခ်င္ပါတယ္၊ သြင္းဂိုး ၇၀၀ ျပည့္သြားခဲ့လို႔ ကၽြန္ေတာ္ တကယ္ကိုဂုဏ္ယူမိေပမယ့္ တကယ့္ဦးစားေပးက ဂ်ဴဗင္တပ္စ္နဲ႔အတူ ေအာင္ပြဲရဖို႔ပါ၊ အရင္ကစံခ်ိန္ေတြထြက္ေပၚလာတာက ျဖစ္႐ိုးျဖစ္စဥ္ ကိစၥတစ္ခုပါပဲ“လို႔ ေျပာသြားခဲ့ပါတယ္။
ဆက္လက္ၿပီး ေရာ္နယ္ဒိုက “ႏွစ္စဥ္ႏွစ္တိုင္း ေဘာလံုးကစိန္ေခၚပြဲတစ္ခုပါ၊ ကၽြန္ေတာ့္အတြက္ မဟုတ္ေတာင္ ဂ်ဴဗင္တပ္စ္အတြက္ စီးရီးေအ၊ ခ်န္ပီယံလိဂ္နဲ႔ ကိုပါအီတာလီယာဖလားတို႔ကိုအႏိုင္ရရွိဖို႔ လိုအပ္ပါတယ္၊ ဂ်ဴဗင္တပ္စ္ကအမ်ားႀကီးေအာင္ျမင္မႈ ရသင့္တယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္”
”ဂ်ဴဗင္တပ္စ္က ကလပ္အသင္းႀကီးတစ္သင္းျဖစ္ၿပီး အိပ္မက္ႀကီးႀကီးမက္ဖို႔လုိပါတယ္။ ကၽြန္ေတာ္တို႔ လိဂ္ဖလားနဲ႔ ခ်န္ပီယံလိဂ္တို႔မွာ ေအာင္ျမင္မႈ ရခ်င္ပါတယ္”လို႔ ထပ္ေလာင္းေျပာၾကားသြားခဲ့ပါတယ္။