သွင်းဂိုး ၂၀ ဆိုတာ ဟာလန်းအတွက် အသာလေးပါ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့ညက ကစားခဲ့တဲ့ ဒေါ့မွန်ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တော့ ဒေါ့မွန်အနေနဲ့ အိမ်ကွင်းမှာ ဆီဗီလာကို (၂-၂) ရလဒ်ထွက်ပေါ်ခဲ့ပြီး နှစ်ပွဲပေါင်း (၅-၄) နဲ့နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို ဒေါ့မွန်တို့ တက်ရောက်သွားနိုင်ခဲ့တာနဲ့အတူ အသင်းအတွက် ၂ဂိုးသွင်းယူပေးခဲ့တဲ့ ဟာလန်းဟာလည်း ချန်ပီယံလိဂ်မှာ ဂိုးသွင်းမှတ်တမ်းတစ်ခု ရယူနိုင်ခဲ့ပါတယ်။

အိမ်ရှင်ဒေါ့မွန်အတွက် ဂိုးတွေကိုဟာလန်းကပဲ သွင်းယူပေးခဲ့တာဖြစ်ပြီး (၃၅)မိနစ်မှာ တစ်ကြိမ်၊ (၅၄) မိနစ်မှာ ပယ်နယ်တီကနေတစ်ဆင့် တစ်ကြိမ် သွင်းယူပေးခဲ့တာပါ။ ဟာလန်းကကြိုးစားခဲ့တာတွေရှိပေမယ့် (၄၈) မိနစ်မှာ သွင်းခဲ့တဲ့ ဂိုးကို VAR နဲ့ ပယ်ဖျက်ခဲ့တာကြောင့် ဟက်ထရစ်ရမယ့်အခွင့်အရေးကို လွဲချော်ခဲ့တာဖြစ်ပါတယ်။

ဟာလန်းဟာ အဲဒီသွင်းဂိုးတွေကြောင့် ချန်ပီယံလိဂ်သွင်းဂိုး ၂၀ အထိ ပြည့်မြောက်ခဲ့တာဖြစ်ပြီးအဲဒီအတွက် ၁၄ ပွဲသာ ကစားခဲ့ရတာဖြစ်ပါတယ်။ ဒါဟာ သမိုင်းမှာ ဘယ်ကစားသမားထက်မဆို ဂိုးပေါင်း ၂၀ အမြန်ဆုံးပြည့်မြောက်ခဲ့တာလည်းဖြစ်ပါတယ်။ အရင်ကတော့ ချန်ပီယံလိဂ်သွင်းဂိုး ၂၀ အမြန်ဆုံးပြည့်မြောက်သူအဖြစ် စပါးတိုက်စစ်မှူးဟယ်ရီကိန်းက ရယူထားခဲ့တာဖြစ်ပြီး အဲဒီမှတ်တမ်းက ၂၄ ပွဲကစားအပြီးမှာ ဖြစ်ပါတယ်။

ဟာလန်းရဲ့ ပွဲစဉ်အတွင်းစွမ်းဆောင်နိုင်မှုကတော့ ၁၀၀% ကန်ချက်တိကျမှု၊ ၁၀၀% အခွင့်အရေးကို ဂိုးအဖြစ်ပြောင်းလဲမှု၊ ၁၀၀% တစ်ဦးချင်းကျော်ဖြတ်မှု၊ ထိချက် (၄၁) ကြိမ်၊ ရှင်းထုတ်မှု (၃) ကြိမ်ရှိခဲ့တာ ဖြစ်ပါတယ်။ လူငယ်ဂိုးသွင်းစက်က အနာဂတ်မှာ ပိုလို့တောက်ပမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

သြင္းဂိုး ၂၀ ဆိုတာ ဟာလန္းအတြက္ အသာေလးပါ

မေန႔ညက ကစားခဲ့တဲ့ ေဒါ့မြန္ရဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ေတာ့ ေဒါ့မြန္အေနနဲ႔ အိမ္ကြင္းမွာ ဆီဗီလာကို (၂-၂) ရလဒ္ထြက္ေပၚခဲ့ၿပီး ႏွစ္ပြဲေပါင္း (၅-၄) နဲ႔ေနာက္တစ္ဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္ကို ေဒါ့မြန္တို႔ တက္ေရာက္သြားႏိုင္ခဲ့တာနဲ႔အတူ အသင္းအတြက္ ၂ဂိုးသြင္းယူေပးခဲ့တဲ့ ဟာလန္းဟာလည္း ခ်န္ပီယံလိဂ္မွာ ဂိုးသြင္းမွတ္တမ္းတစ္ခု ရယူႏိုင္ခဲ့ပါတယ္။

အိမ္ရွင္ေဒါ့မြန္အတြက္ ဂိုးေတြကိုဟာလန္းကပဲ သြင္းယူေပးခဲ့တာျဖစ္ၿပီး (၃၅)မိနစ္မွာ တစ္ႀကိမ္၊ (၅၄) မိနစ္မွာ ပယ္နယ္တီကေနတစ္ဆင့္ တစ္ႀကိမ္ သြင္းယူေပးခဲ့တာပါ။ ဟာလန္းကႀကိဳးစားခဲ့တာေတြရွိေပမယ့္ (၄၈) မိနစ္မွာ သြင္းခဲ့တဲ့ ဂိုးကို VAR နဲ႔ ပယ္ဖ်က္ခဲ့တာေၾကာင့္ ဟက္ထရစ္ရမယ့္အခြင့္အေရးကို လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

ဟာလန္းဟာ အဲဒီသြင္းဂိုးေတြေၾကာင့္ ခ်န္ပီယံလိဂ္သြင္းဂိုး ၂၀ အထိ ျပည့္ေျမာက္ခဲ့တာျဖစ္ၿပီးအဲဒီအတြက္ ၁၄ ပြဲသာ ကစားခဲ့ရတာျဖစ္ပါတယ္။ ဒါဟာ သမိုင္းမွာ ဘယ္ကစားသမားထက္မဆို ဂိုးေပါင္း ၂၀ အျမန္ဆုံးျပည့္ေျမာက္ခဲ့တာလည္းျဖစ္ပါတယ္။အရင္ကေတာ့ ခ်န္ပီယံလိဂ္သြင္းဂိုး ၂၀ အျမန္ဆုံးျပည့္ေျမာက္သူအျဖစ္ စပါးတိုက္စစ္မႉးဟယ္ရီကိန္းက ရယူထားခဲ့တာျဖစ္ၿပီး အဲဒီမွတ္တမ္းက ၂၄ ပြဲကစားအၿပီးမွာ ျဖစ္ပါတယ္။

ဟာလန္းရဲ႕ ပြဲစဥ္အတြင္းစြမ္း​ေဆာင္ႏိုင္မႈက​ေတာ့ ၁၀၀% ကန္ခ်က္တိက်မႈ၊ ၁၀၀% အခြင့္အေရးကို ဂိုးအျဖစ္ေျပာင္းလဲမႈ၊ ၁၀၀% တစ္ဦးခ်င္းေက်ာ္ျဖတ္မႈ၊ ထိခ်က္ (၄၁) ႀကိမ္၊ ရွင္းထုတ္မႈ (၃) ႀကိမ္ရွိခဲ့တာ ျဖစ္ပါတယ္။ လူငယ္ဂိုးသြင္းစက္က အနာဂတ္မွာ ပိုလို႔​ေတာက္ပမွာျဖစ္ပါတယ္။