သြင္းခဲ့တဲ့ ၆၇၁ ဂိုးထဲက ဂိုးတိုင္းကို အဖြားျဖစ္သူအတြက္ ရည္ရြယ္ခဲ့တဲ့မက္ဆီ

photo-sportbible

photo-gettyimages

ဘာစီလုိနာမွာ မက္ဆီဂိုးသြင္းၿပီးတိုင္း ေကာင္းကင္ကိုေမာ့ၾကည့္ၿပီး လက္ႏွစ္ေခ်ာင္းေထာင္ေလ့ရွိပါတယ္။ ဘာစီလုိနာမွာမွ မဟုတ္ဘဲ အာဂ်င္တီးနားအသင္းမွာလည္း မက္ဆီဟာ ဂိုးသြင္းၿပီးတိုင္း အဲဒီလိုေအာင္ပြဲခံေလ့ရွိပါတယ္။ အဲဒါဟာ မက္ဆီရဲ႕ေအာင္ပြဲခံပုံစံလို႔ေတာင္ ေျပာလုိ႔ရေပမယ့္ သူ႔အတြက္ကေတာ့ အမ်ားႀကီးပိုမိုပါတယ္။

photo-gettyimages

မက္ဆီအေနနဲ႔ ကစားသမားဘ၀မွာ ကလပ္အတြက္ေရာ ႏုိင္ငံအတြက္ပါ စုစုေပါင္း ၆၇၁ ဂိုးသြငး္ေပးထားႏိုင္ခဲ့တာပါ။ အဲဒီ ၆၇၁ ဂိုးထဲက ဂိုးတိုင္းဟာ ကြယ္လြန္သြားၿပီျဖစ္တဲ့ သူ႔အဖြားျဖစ္သူအတြက္ ရည္ရြယ္ခဲ့တာပါ။ မက္ဆီရဲ႕အဖြားျဖစ္တဲ့ဆီလီယာဟာ သူ ၁၁ ႏွစ္အရြယ္ျဖစ္တဲ့ ၁၉၉၈ ခုႏွစ္မွာ ကြယ္လြန္သြားခဲ့တာပါ။ အဖြားျဖစ္သူဟာ မက္ဆီ အရမ္းကိုငယ္ရြယ္တဲ့အခ်ိန္ကတည္းက ေဘာလုံးမွာ သူ႔အတြက္ အေရးပါဆုံးသူျဖစ္ခဲ့ပါတယ္။

photo-gettyimages

အဖြားျဖစ္သူဆီလီယာနဲ႔ပတ္သက္လုိ႔ မက္ဆီျပန္ေျပာင္းေျပာခဲ့တဲ့ဇာတ္လမ္းတစ္ပုဒ္ဟာလည္း  မၾကာေသးခင္က အြန္လိုင္းေပၚမွာ ျပန္ေပၚလာခဲ့ပါတယ္။ အဲဒီမွာ အဖြားက ပိုလူေကာင္ႀကီးတဲ့ကစားသမားေတြနဲ႔ မက္ဆီကစားခြင့္ရေအာင္ ေဒသခံကလပ္တစ္ခုရဲ႕ နည္းျပကို ဘယ္လုိစည္းရုံးတြန္းအားေပးခဲ့တယ္ဆိုတာလည္း ပါ၀င္ပါတယ္။ အဲဒီတုန္းက မက္ဆီဟာ ရြယ္တူေတြနဲ႔ယဥ္ရင္ အရမ္းကို လူေကာင္ေသးၿပီး ကလပ္မွာ လူတိုင္းခ်စ္ၾကတဲ့အဖြားျဖစ္သူက နည္းျပကိုမရမကတိုက္တြန္းမႈနဲ႔ ေနာက္ဆုံးမွာ မက္ဆီဟာ ကစားခြင့္ရသြားခဲ့တာပါ။ အဲဒီတုန္းက မက္ဆီဟာ စစခ်င္းပြဲမွာပဲ အလိမ္အေခါက္ေတြနဲ႔ေျခစြမ္းျပၿပီး ဂိုးလည္းသြင္းႏိုင္ခဲ့ပါတယ္။ ဂိုးသြင္းေတာ့ အဖြားျဖစ္သူက သူ႔နာမည္ကို ဟစ္ေၾကြးတာ မက္ဆီၾကားလိုက္ရပါတယ္။ ဒါေၾကာင့္ ပြဲၾကည့္စင္ရွိရာဘက္ကို သူလွမ္းၾကည့္တဲ့အခါ အဖြားျဖစ္သူကိုေတြ႕ေတာ့ သူၿပဳံးျပလုိက္ပါတယ္။ အဲဒီေနာက္ ဒါဟာ အဖြားအတြက္လို႔ အဓိပၸါယ္ရတဲ့ပုံစံအေနနဲ႔ လက္ႏွစ္ေခ်ာင္းကုိ ေလထဲမွာ ေထာင္ခဲ့တာပါ။ အဲဒါဟာ ပဲြတိုင္းက သူ႔ေအာင္ပြဲခံပုံစံရဲ႕အစပါပဲ။

[Unicode]

ဘာစီလိုနာမှာ မက်ဆီဂိုးသွင်းပြီးတိုင်း ကောင်းကင်ကိုမော့ကြည့်ပြီး လက်နှစ်ချောင်းထောင်လေ့ရှိပါတယ်။ ဘာစီလိုနာမှာမှ မဟုတ်ဘဲ အာဂျင်တီးနားအသင်းမှာလည်း မက်ဆီဟာ ဂိုးသွင်းပြီးတိုင်း အဲဒီလိုအောင်ပွဲခံလေ့ရှိပါတယ်။ အဲဒါဟာ မက်ဆီရဲ့အောင်ပွဲခံပုံစံလို့တောင် ပြောလို့ရပေမယ့် သူ့အတွက်ကတော့ အများကြီးပိုမိုပါတယ်။

မက်ဆီအနေနဲ့ ကစားသမားဘဝမှာ ကလပ်အတွက်ရော နိုင်ငံအတွက်ပါ စုစုပေါင်း ၆၇၁ ဂိုးသွင်းပေးထားနိုင်ခဲ့တာပါ။ အဲဒီ ၆၇၁ ဂိုးထဲက ဂိုးတိုင်းဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့အဖွားဖြစ်သူအတွက် ရည်ရွယ်ခဲ့တာပါ။ မက်ဆီရဲ့အဖွားဖြစ်တဲ့ဆီလီယာဟာ သူ ၁၁ နှစ်အရွယ်ဖြစ်တဲ့ ၁၉၉၈ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တာပါ။ အဖွားဖြစ်သူဟာ မက်ဆီ အရမ်းကိုငယ်ရွယ်တဲ့အချိန်ကတည်းက ဘောလုံးမှာ သူ့အတွက် အရေးပါဆုံးသူဖြစ်ခဲ့ပါတယ်။

အဖွားဖြစ်သူဆီလီယာနဲ့ပတ်သက်လို့ မက်ဆီပြန်ပြောင်းပြောခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ဟာလည်း  မကြာသေးခင်က အွန်လိုင်းပေါ်မှာ ပြန်ပေါ်လာခဲ့ပါတယ်။ အဲဒီမှာ အဖွားက ပိုလူကောင်ကြီးတဲ့ကစားသမားတွေနဲ့ မက်ဆီကစားခွင့်ရအောင် ဒေသခံကလပ်တစ်ခုရဲ့ နည်းပြကို ဘယ်လိုစည်းရုံးတွန်းအားပေးခဲ့တယ်ဆိုတာလည်း ပါဝင်ပါတယ်။ အဲဒီတုန်းက မက်ဆီဟာ ရွယ်တူတွေနဲ့ယဉ်ရင် အရမ်းကို လူကောင်သေးပြီး ကလပ်မှာ လူတိုင်းချစ်ကြတဲ့အဖွားဖြစ်သူက နည်းပြကိုမရမကတိုက်တွန်းမှုနဲ့ နောက်ဆုံးမှာ မက်ဆီဟာ ကစားခွင့်ရသွားခဲ့တာပါ။ အဲဒီတုန်းက မက်ဆီဟာ စစချင်းပွဲမှာပဲ အလိမ်အခေါက်တွေနဲ့ခြေစွမ်းပြပြီး ဂိုးလည်းသွင်းနိုင်ခဲ့ပါတယ်။ ဂိုးသွင်းတော့ အဖွားဖြစ်သူက သူ့နာမည်ကို ဟစ်ကြွေးတာ မက်ဆီကြားလိုက်ရပါတယ်။ ဒါကြောင့် ပွဲကြည့်စင်ရှိရာဘက်ကို သူလှမ်းကြည့်တဲ့အခါ အဖွားဖြစ်သူကိုတွေ့တော့ သူပြုံးပြလိုက်ပါတယ်။ အဲဒီနောက် ဒါဟာ အဖွားအတွက်လို့ အဓိပ္ပါယ်ရတဲ့ပုံစံအနေနဲ့ လက်နှစ်ချောင်းကို လေထဲမှာ ထောင်ခဲ့တာပါ။ အဲဒါဟာ ပွဲတိုင်းက သူ့အောင်ပွဲခံပုံစံရဲ့အစပါပဲ။