သေကံမရောက်လို့ အသက်မပျောက်ခဲ့တဲ့ အဂူရို

PC ; Internet

စီရော်နယ်ဒိုရဲ့ စံချိန်တင်ဝင်ငွေနဲ့သွင်းဂိုးအကြောင်းတွေ၊မက်ဆီရဲ့ ဥရောပရွှေဖိနပ်ဆုအကြောင်းတွေနဲ့ လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ ဒီသီတင်းပတ်မှာ မထင်မှတ်တဲ့ဖြစ်ရပ်တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရသူကတော့ အဂူရိုပါ။မန်စီးတီးတိုက်စစ်မှူးဟာ အသင်းရဲ့လေ့ကျင့်ကွင်းကိုအသွား ကားမတော်တဆဖြစ်ရပ်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

PC ; Internet

ဘယ်လိုဖြစ်တယ်ဆိုတာ အတိအကျမသိရသေးပေမယ့် သူ့ရဲ့ပေါင် ၁၅၀,၀၀၀တန် LUMMA CLR SV အမျိုးအစား Range Rover Sport ကားလေးဟာ ညာဘက်ရှေ့တာယာဘက်ခြမ်းမှာ ထိခိုက်ပျက်စီးမှုတွေဖြစ်ခဲ့တာတော့တွေ့ရပါတယ်။ဒါပေမဲ့ အာဂျင်တီးနားလက်ရွေးစင်ကတော့ ဘာမှထိခိုက်မှုမရှိသလို ဆေးကုသမှုခံယူဖို့လည်းမလိုအပ်ဘူးလို့ မန်စီးတီးအသင်းက တရားဝင်ကြေညာထားပါတယ်။

PC ; Internet

ဒါကြောင့် အဂုူရိုဟာ ပဲလေ့စ်နဲ့ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်ကစားဖို့ရှိနေပါတယ်။သိပ်မကြာခင်ကတော့ ခြေဖနောင့်ဒဏ်ရာကြောင့် သူဟာ နိုင်ငံလက်ရွေးစင်အသင်းအတွက် ကစားပေးနိုင်ခြင်းမရှိဘဲ မန်ချက်စတာမှာကျန်နေခဲ့ရတာပါ။အခုလို ကားမတော်တဆဖြစ်ရပ်နဲ့ကြုံရတာဟာ အဂူရိုအတွက် ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။လွန်ခဲ့တဲ့ ၂နှစ်အကြာတုန်းကလည်း အမ်စတာဒမ်ကွင်းမှာ ဂီတဖျော်ဖြေပွဲကြည့်ဖို့အသွား ကားတိုက်မှုဖြစ်ခဲ့ဖူးပါတယ်။

PC ; Internet

အဲဒီတုန်းကတော့ သူက ခရီးသည်သက်သက်ဖြစ်ပြီး အငှားကားမောင်းသူရဲ့ပေါ့ဆမှုကြောင့် ဖြစ်ခဲ့ရတာပါ။လမ်းမီးတိုင်ကိုဝင်တိုက်မိတဲ့ ဒီဖြစ်ရပ်မှာ အဂူရိုဟာ နံရိုးကျိုးသွားခဲ့ပါတယ်။ဒါပေမဲ့ ၆ပတ်လောက်ကုသမှုခံယူရလိမ့်မယ်လို့ ယူဆခဲ့ကြပေမယ့် အဂူရိုဟာ ၂ပတ်နဲ့ပြန်ကောင်းလာပြီး စကစားတဲ့ပွဲမှာပဲဂိုးသွင်းနိုင်ခဲ့ပါသတဲ့။

(zawgyi)

စီေရာ္နယ္ဒိုရဲ႕ စံခ်ိန္တင္၀င္ေငြနဲ႔သြင္းဂိုးအေၾကာင္းေတြ၊မက္ဆီရဲ႕ ဥေရာပေရႊဖိနပ္ဆုအေၾကာင္းေတြနဲ႔ လႈပ္လႈပ္ရွားရွားျဖစ္ေနတဲ့ ဒီသီတင္းပတ္မွာ မထင္မွတ္တဲ့ျဖစ္ရပ္တစ္ခုနဲ႔ ရင္ဆိုင္ခဲ့ရသူကေတာ့ အဂူရိုပါ။မန္စီးတီးတိုက္စစ္မွဴးဟာ အသင္းရဲ႕ေလ့က်င့္ကြင္းကိုအသြား ကားမေတာ္တဆျဖစ္ရပ္နဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။ဘယ္လိုျဖစ္တယ္ဆိုတာ အတိအက်မသိရေသးေပမယ့္ သူ႔ရဲ႕ေပါင္ ၁၅၀,၀၀၀တန္ LUMMA CLR SV အမ်ိဳးအစား Range Rover Sport ကားေလးဟာ ညာဘက္ေရွ႕တာယာဘက္ျခမ္းမွာ ထိခိုက္ပ်က္စီးမႈေတြျဖစ္ခဲ့တာေတာ့ေတြ႔ရပါတယ္။ဒါေပမဲ့ အာဂ်င္တီးနားလက္ေရြးစင္ကေတာ့ ဘာမွထိခိုက္မႈမရွိသလို ေဆးကုသမႈခံယူဖို႔လည္းမလိုအပ္ဘူးလို႔ မန္စီးတီးအသင္းက တရား၀င္ေၾကညာထားပါတယ္။ဒါေၾကာင့္ အဂုူရိုဟာ ပဲေလ့စ္နဲ႔ ဒီတစ္ပတ္ပရီးမီးယားလိဂ္ပြဲစဥ္မွာ ပါ၀င္ကစားဖို႔ရွိေနပါတယ္။သိပ္မၾကာခင္ကေတာ့ ေျခဖေနာင့္ဒဏ္ရာေၾကာင့္ သူဟာ ႏိုင္ငံလက္ေရြးစင္အသင္းအတြက္ ကစားေပးႏိုင္ျခင္းမရွိဘဲ မန္ခ်က္စတာမွာက်န္ေနခဲ့ရတာပါ။အခုလို ကားမေတာ္တဆျဖစ္ရပ္နဲ႔ႀကံဳရတာဟာ အဂူရိုအတြက္ ပထမဆံုးအႀကိမ္ေတာ့မဟုတ္ပါဘူး။လြန္ခဲ့တဲ့ ၂ႏွစ္အၾကာတုန္းကလည္း အမ္စတာဒမ္ကြင္းမွာ ဂီတေဖ်ာ္ေျဖပြဲၾကည့္ဖို႔အသြား ကားတိုက္မႈျဖစ္ခဲ့ဖူးပါတယ္။အဲဒီတုန္းကေတာ့ သူက ခရီးသည္သက္သက္ျဖစ္ၿပီး အငွားကားေမာင္းသူရဲ႕ေပါ့ဆမႈေၾကာင့္ ျဖစ္ခဲ့ရတာပါ။လမ္းမီးတိုင္ကို၀င္တိုက္မိတဲ့ ဒီျဖစ္ရပ္မွာ အဂူရိုဟာ နံရိုးက်ိဳးသြားခဲ့ပါတယ္။ဒါေပမဲ့ ၆ပတ္ေလာက္ကုသမႈခံယူရလိမ့္မယ္လို႔ ယူဆခဲ့ၾကေပမယ့္ အဂူရိုဟာ ၂ပတ္နဲ႔ျပန္ေကာင္းလာၿပီး စကစားတဲ့ပြဲမွာပဲဂိုးသြင္းႏိုင္ခဲ့ပါသတဲ့။