သေကံမရောက်ခဲ့လို့ အသက်မပျောက်ခဲ့တဲ့ ရာအူးလ် ဂျီမီနက်ဇ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဝုဗ်အသင်းရဲ့ တိုက်စစ် ကစားသမား တစ်ဦး ဖြစ်တဲ့ ရာအူးလ်ဂျီမီနက်ဇ် ဟာ အာဆင်နယ်အသင်းနဲ့ ပွဲမှာ ရရှိခဲ့တဲ့ ဦးခေါင်းခွံပျက်စီး ဒဏ်ရာကြောင့် ခွဲစိတ်ခန်း ဝင်ခဲ့ရတယ်လို့ ဝုဗ်အသင်းဘက်ကနေ ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့ ညက အာဆင်နယ် အသင်းကို အမ်းမရိတ်မှာ သွားရောက်ရင်ဆိုင်ခဲ့တဲ့ ဝုဗ်အသင်းဟာ (၁-၂)နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဝုဗ် အသင်း ရဲ့ အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဂျီမီနက်ဇ် ကတော့ ပထမပိုင်း ပွဲကစားချိန် အစပိုင်းမှာ အာဆင်နယ်အသင်းရဲ့ ခံစစ်ကစားသမား ဒေးဗစ်လု့ဇ်နဲ့ ဘောလုံးယှဉ်လုရင်း ခေါင်းခုန်တိုက်စဉ်မှာ ထိခိုက်မိခဲ့ပါတယ်။

ပွဲကစားချိန် ၅ မိနစ်လောက်မှာ အာဆင်နယ် အသင်းဘက်ကနေ ထောင့်ကန်ဘော ရရှိခဲ့ပြီး အာဆင်နယ်ကစားသမား ဝီလျှံက ကန်တင်ခဲ့ပါတယ်။ အဲ့သည့် ထောင့်ကန် ဘောကို ဂျီမီနက်ဇ် က ခေါင်းနဲ့ ခုန် တိုက်ပြီး ဖြတ်ထုတ်ခဲ့ရာမှာ ဒေးဗစ်လု့ဇ်နဲ့ ထိခိုက်မိခဲ့တာ ဖြစ်ပါတယ်။

ဂျီမီနက်ဇ် ကို ဆေးအဖွဲ့တွေက အချိန်အတော်ကြာအောင် ကုသမှု ပေးခဲ့ရပြီး အခြေအနေ မကောင်းလာတဲ့အတွက် ဖာဘီအို ဆေးလ်ဗားနဲ့ လူစားလဲခဲ့ရပါတယ်။

ဂျီမီနက်ဇ် ရဲ့ ဦးခေါင်းမှာ ပတ်ထားတဲ့ ပတ်တီးမှာလည်း သွေးတွေ ပေကြံနေတာကို တွေ့ခဲ့ရပြီး ဝုဗ်အသင်းရဲ့ ဆေးအဖွဲ့က ကွင်းအတွင်းကနေ အရေးပေါ် ဆေးကုသမှုပေးအပြီး လန်ဒန်ရဲ့ NHS ဆေးရုံကို ချက်ချင်းပို့ဆောင် လိုက်ရပါတယ်။

ဝုဗ်အသင်းရဲ့ နည်းပြ ဖြစ်သူ နူနို အက်စ်ပီရီတို စန်တို ကလည်း ပွဲအပြီးမှာ ဂျီမီနက်ဇ် အနေနဲ့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။ ဝုဗ်အသင်းဘက်ကလည်း ဂျီမီနက်ဇ် ရဲ့ ဦးခေါင်းခွံဟာ ကွဲအပ်သွားခဲ့ပြီးခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။

အသင်း ရဲ့ တရားဝင် ဝက်ဆိုဒ် ကနေ ထုတ်ပြန်ထားတဲ့ စာမှာတော့ “ရာအူးလ်ဟာပြီးခဲ့သည့်ညကလန်ဒန်ဆေးရုံတွင်ခွဲစိတ်ကုသမှုခံယူပြီးနောက်အဆင်ပြေသည်” ဟုကလပ်၏ကြေညာချက်တွင်တနင်္လာနေ့ကပြောကြားခဲ့သည်။ အခုသူရဲ့ချစ်သူ ဒန်နီလာကလည်းသူ့ရဲ့အနားမှာအတူ ရှိနေပြီး သူ အခု ကောင်းကောင်း အနားယူနေပါတယ်။ သူ့ အနေနဲ့ ရက်အနည်းငယ်ကြာအောင်တော့ ဆေးရုံမှာ စစ်ဆေးခံရဖို့ ရှိနေပါသေးတယ်။ အာဆင်နယ်အသင်းရဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ၊ NHSက သူနာပြုတွေ၊ ဆေးရုံဝန်ထမ်းတွေနဲ့ ခွဲစိတ်ဆရာဝန်တွေ အားလုံးက အခုလို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရှိကြောင်း ကျွန်တော်တို့ အသင်းဘက်ကနေ ပြောကြားလိုပါတယ်။” ဆိုပြီး ဖော်ပြထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေသကံမေရာက္ခဲ့လို႕ အသက္မေပ်ာက္ခဲ့တဲ့ ရာအူးလ္ ဂ်ီမီနက္ဇ္

ဝုဗ္အသင္းရဲ႕ တိုက္စစ္ ကစားသမား တစ္ဦး ျဖစ္တဲ့ ရာအူးလ္ဂ်ီမီနက္ဇ္ ဟာ အာဆင္နယ္အသင္းနဲ႔ ပြဲမွာ ရရွိခဲ့တဲ့ ဦးေခါင္းခြံပ်က္စီး ဒဏ္ရာေၾကာင့္ ခြဲစိတ္ခန္း ဝင္ခဲ့ရတယ္လို႔ ဝုဗ္အသင္းဘက္ကေန ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။ တနဂၤေႏြေန႔ ညက အာဆင္နယ္ အသင္းကို အမ္းမရိတ္မွာ သြားေရာက္ရင္ဆိုင္ခဲ့တဲ့ ဝုဗ္အသင္းဟာ (၁-၂)နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ ဒါေပမယ့္ ဝုဗ္ အသင္း ရဲ႕ အဓိကတိုက္စစ္မႉးတစ္ဦးျဖစ္တဲ့ ဂ်ီမီနက္ဇ္ ကေတာ့ ပထမပိုင္း ပြဲကစားခ်ိန္ အစပိုင္းမွာ အာဆင္နယ္အသင္းရဲ႕ ခံစစ္ကစားသမား ေဒးဗစ္လု႔ဇ္နဲ႔ ေဘာလုံးယွဥ္လုရင္း ေခါင္းခုန္တိုက္စဥ္မွာ ထိခိုက္မိခဲ့ပါတယ္။

ပြဲကစားခ်ိန္ ၅ မိနစ္ေလာက္မွာ အာဆင္နယ္ အသင္းဘက္ကေန ေထာင့္ကန္ေဘာ ရရွိခဲ့ၿပီး အာဆင္နယ္ကစားသမား ဝီလွ်ံက ကန္တင္ခဲ့ပါတယ္။ အဲ့သည့္ ေထာင့္ကန္ ေဘာကို ဂ်ီမီနက္ဇ္ က ေခါင္းနဲ႔ ခုန္ တိုက္ၿပီး ျဖတ္ထုတ္ခဲ့ရာမွာ ေဒးဗစ္လု႔ဇ္နဲ႔ ထိခိုက္မိခဲ့တာ ျဖစ္ပါတယ္။ ဂ်ီမီနက္ဇ္ ကို ေဆးအဖြဲ႕ေတြက အခ်ိန္အေတာ္ၾကာေအာင္ ကုသမႈ ေပးခဲ့ရၿပီး အေျခအေန မေကာင္းလာတဲ့အတြက္ ဖာဘီအို ေဆးလ္ဗားနဲ႔ လူစားလဲခဲ့ရပါတယ္။ ဂ်ီမီနက္ဇ္ ရဲ႕ ဦးေခါင္းမွာ ပတ္ထားတဲ့ ပတ္တီးမွာလည္း ေသြးေတြ ေပႀကံေနတာကို ေတြ႕ခဲ့ရၿပီး ဝုဗ္အသင္းရဲ႕ ေဆးအဖြဲ႕က ကြင္းအတြင္းကေန အေရးေပၚ ေဆးကုသမႈေပးအၿပီး လန္ဒန္ရဲ႕ NHS ေဆး႐ုံကို ခ်က္ခ်င္းပို႔ေဆာင္ လိုက္ရပါတယ္။

ဝုဗ္အသင္းရဲ႕ နည္းျပ ျဖစ္သူ ႏူႏို အက္စ္ပီရီတို စန္တို ကလည္း ပြဲအၿပီးမွာ ဂ်ီမီနက္ဇ္ အေနနဲ႔ စိုးရိမ္ရတဲ့ အေျခအေနမွာ ရွိေနတယ္လို႔ ထုတ္ေဖာ္ ေျပာဆိုသြားခဲ့ပါတယ္။ ဝုဗ္အသင္းဘက္ကလည္း ဂ်ီမီနက္ဇ္ ရဲ႕ ဦးေခါင္းခြံဟာ ကြဲအပ္သြားခဲ့ၿပီးခြဲစိတ္ကုသမႈ ခံယူခဲ့ရေၾကာင္းထုတ္ျပန္ေၾကညာခဲ့ပါတယ္။

အသင္း ရဲ႕ တရားဝင္ ဝက္ဆိုဒ္ ကေန ထုတ္ျပန္ထားတဲ့ စာမွာေတာ့ “ရာအူးလ္ဟာၿပီးခဲ့သည့္ညကလန္ဒန္ေဆး႐ုံတြင္ခြဲစိတ္ကုသမႈခံယူၿပီးေနာက္အဆင္ေျပသည္” ဟုကလပ္၏ေၾကညာခ်က္တြင္တနလၤာေန႔ကေျပာၾကားခဲ့သည္။ အခုသူရဲ႕ခ်စ္သူ ဒန္နီလာကလည္းသူ႕ရဲ႕အနားမွာအတူ ရွိေနၿပီး သူ အခု ေကာင္းေကာင္း အနားယူေနပါတယ္။ သူ႔ အေနနဲ႔ ရက္အနည္းငယ္ၾကာေအာင္ေတာ့ ေဆးရံုမွာ စစ္ေဆးခံရဖို႔ ရွိေနပါေသးတယ္။ အာဆင္နယ္အသင္းရဲ႕ ေဆးဘက္ဆိုင္ရာ၀န္ထမ္းေတြ၊ NHSက သူနာျပဳေတြ၊ ေဆး႐ုံ၀န္ထမ္းေတြနဲ႕ ခြဲစိတ္ဆရာ၀န္ေတြ အားလံုးကို အခုလို ကူညီေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ရွိေၾကာင္း ကြၽန္ေတာ္တို႔ အသင္းဘက္ကေန ေျပာၾကားလိုပါတယ္။” ဆိုၿပီး ေဖာ္ျပထားပါတယ္။