
Photo Credit
Photo Credit
ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴးေရာ္နယ္ဒိုဟာ မၾကာေသးခင္ကမွ နာမည္ႀကီး႐ုပ္သံအစီအစဥ္တင္ဆက္သူ ပီးယားေမာ္ဂန္နဲ႔ျပဳလုပ္ခဲ့တဲ့အင္တာဗ်ဴးမွာ သူ႕ဘ၀အေၾကာင္း အမ်ားအျပားဖြင့္ဟသြားခဲ့ပါတယ္။ အဂၤါေန႔ညေနခင္းမွာ ထုတ္လႊင့္ခဲ့တဲ့အဲဒီအင္တာဗ်ဴးမွာ ေရာ္နယ္ဒိုဟာ သူ႕မိသားစုဘ၀အေၾကာင္း၊ ငယ္ဘ၀အေၾကာင္းေတြအျပင္ ကြယ္လြန္သြားၿပီမွာၾကာၿပီျဖစ္တ့ဲ ဖခင္ျဖစ္သူအေၾကာင္းေတြပါ ေဆြးေႏြးခဲ့ပါတယ္။ သူဟာ ဖခင္ျဖစ္သူရဲ႕ဗီဒီယိုဖိုင္ ၾကည့္႐ႈခဲ့ၿပီးေနာက္ မ်က္ရည္က်လာတဲ့အထိ ၀မ္းနည္းခဲ့ရာ ပရိသတ္အမ်ားစုရဲ႕အားေပးႏွစ္သိမ့္ျခင္းခံခဲ့ရပါတယ္။
Photo Credit
ဂ်ဴဗင္တပ္စ္မွာ တစ္ပတ္လုပ္ခ ေပါင္ ၅သိန္းရရွိေနတဲ့အျပင္ စပြန္ဆာေတြကေန ရရွိေနတဲ့၀င္ေငြေတြ၊ အ၀တ္အထည္ေတြ၊ ႐ွဴးဖိနပ္ေတြနဲ႔ ေအာက္ခံေဘာင္းဘီေတြထုတ္လုပ္ေရာင္းခ်ေနတဲ့ သူ႕ရဲ႕ကိုယ္ပိုင္အမွတ္တံဆိပ္ CR 7 ကေန ၀င္ေငြအမ်ားအျပားရရွိေနတဲ့ ေရာ္နယ္ဒိုဟာ ကမၻာ့အခ်မ္းသာဆုံးအားကစားအျဖစ္ ရပ္တည္ေစၿပီး အႏိုင္ရဖို႔ အားတက္သေရာႀကိဳးစားမႈေတြေၾကာင့္ အမာခံပရိသတ္ေတြ မ်ားျပားသလုိ မုန္းတီးတဲ့ပရိသတ္ေတြလည္း ရွိေနပါတယ္။ ဒါေပမဲ့ ေအာက္မွာ ေဖာ္ျပမယ့္အေၾကာင္းအရာေတြကို ဖတ္႐ႈလုိက္ရင္ေတာ့ သူ႕အေပၚ မုန္းတီးေနတဲ့ပရိသတ္ေတြရဲ႕ သေဘာထားအျမင္ေျပာင္းလဲလာႏိုင္ပါတယ္။
Photo Credit
(၁) ဥေရာပေရႊဖိနပ္ဆု
ေရာ္နယ္ဒိုဟာ ၂၀၁၁ ခုႏွစ္မွာ ရီးရဲလ္နည္းျပ ေမာ္ရင္ညိဳရဲ႕လက္ေအာက္မွာ ဂိုး ၄၀သြင္းယူကာ ဥေရာပေရႊဖိနပ္ဆုရရွိခဲ့ပါတယ္။ ေရာ္နယ္ဒိုဟာ အဲဒီေရႊဖိနပ္ကို ဆုဖလား၊ ဆုတံဆိပ္ေတြထားတဲ့အခန္းထဲ သိမ္းမထားဘဲ လူမႈအက်ိဳးျပဳလုပ္ငန္းမွာ သုံးလုိ႔ရေအာင္ ေလလံတင္ေရာင္းခ်ခဲ့ပါတယ္။
Photo Credit
အဲဒီဖိနပ္ေရာင္းခ်ရမႈကေန ေပါင္ ၁.၂ သန္းအထိရရွိခဲ့ၿပီး စစ္ေဘးဒဏ္သင့္ ဂါဇာၿမိဳ႕မွာ စာသင္ေက်ာင္းေတြ ေဆာက္လုပ္ႏိုင္ေရးအတြက္ အကုန္လွဴဒါန္းခဲ့ပါတယ္။
Photo Credit
(၂) Ballon d’Or ဆု
ေရာ္နယ္ဒိုဟာ ေနာက္ထပ္တစ္ဦးခ်င္းဆုကိုလည္း လွဴဒါန္းဖို႔အတြက္ ေရာင္းခ်ခဲ့ပါတယ္။ သူဟာ ၂၀၁၃ ေအာက္တုိဘာလက လန္ဒန္ၿမိဳ႕မွာျပဳလုပ္ခဲ့တဲ့ ေလလံပြဲမွာ သူ႕ရဲ႕ Ballon d’Or ဆုကို ေရာင္းခ်ခဲ့ပါတယ္။
Photo Credit
အဲဒီေလလံပြဲက Make-A-Wish ေဖာင္ေဒးရွင္းအတြက္ ရည္ရြယ္ျပဳလုပ္တာျဖစ္ၿပီး အသက္အႏၱရာယ္ၿခိမ္းေျခာက္ခံေနရတဲ့ကေလးေတြနဲ႔ ေရာဂါေ၀ဒနာ ေနာက္ဆုံးအဆင့္ေရာက္ေနတဲ့ကေလးေတြအတြက္ လုပ္ေဆာင္ေနတဲ့ေဖာင္ေဒးရွင္းျဖစ္ပါတယ္။ ေရာ္နယ္ဒိုဟာ Ballon d’Or ဆုေရာင္းခ်ရေငြ ေပါင္ ၅၃၀၀၀၀ ကို အဲဒီေဖာင္ေဒးရွင္းဆီ ေပးအပ္ခဲ့ပါတယ္။
Photo Credit
(၃) သံတမန္
ေရာ္နယ္ဒိုဟာ လူမႈအဖြဲ႕အစည္းေတြျဖစ္တဲ့ Save the Children, Unicef နဲ႔ World Vision အဖြဲ႕ေတြရဲ႕ သံတမန္အျဖစ္ ေဆာင္ရြက္ေနၿပီး ၂၀၁၄ Ballon d’Or ဆုေပးပြဲအခမ္းအနားမွာ ေသြးကင္ဆာေရာဂါ ခံစားေနရတဲ့ ကေလးေတြ စိတ္အားတက္လာေအာင္ စင္ေပၚကေန အားေပးစကားေျပာခဲ့ပါတယ္။
Photo Credit
(၄) အပိုဆုေၾကးမ်ား
ေရာ္နယ္ဒိုဟာ ကြင္းတြင္းစြမ္းေဆာင္ရည္ေၾကာင့္ ရရွိလာတဲ့ အပိုဆုေၾကးေတြကိုလည္း လူမႈအက်ိဳးျပဳလုပ္ငန္းေတြဆီ လွဴဒါန္းေလ့ရွိၿပီး ၂၀၁၃ ခုႏွစ္က ယူအီးအက္္ဖ္ေအတစ္ႏွစ္တာအေကာင္းဆုံးအသင္းမွာ ပါ၀င္ခြင့္ရလုိ႔ ရရွိလာတဲ့ ဆုေၾကး ယူ႐ို ၁သိန္းကို ၾကက္ေျခနီအဖြဲ႔ထံ လွဴဒါန္းခဲ့ပါတယ္။
Photo Credit
ဒ့ါအျပင္ ရီးရဲလ္အသင္း ၁၀ႀကိမ္ေျမာက္ခ်န္ပီယံလိဂ္ဖလားရရွိလုိ႔ ရရွိလာတဲ့ ဆုေၾကး ေပါင္ ၄သိန္းခြဲကိုလည္း သူသံတမန္အျဖစ္ ေဆာင္ရြက္ေနတဲ့ Unicef, World Vision နဲ႔ Save the Children အဖြဲ႕ေတြဆီ လွဴဒါန္းခဲ့ပါတယ္။
Photo Credit
(၅) ေသြးနဲ႔ ႐ိုးတြင္းျခင္ဆီလွဴဒါန္းျခင္း
သူ႕ကိုယ္မွာ ထူးထူးျခားျခားအျဖစ္ တက္တူးေတြလုံး၀မရွိတာ အားလုံးသတိထားမိမွာပါ။ ဒါကလည္း ပုံမွန္ေသြးလွဴေနတာေၾကာင့္ျဖစ္ၿပီး တျခားလူေတြေသြးလွဴဒါန္းဖို႔ လႈံ႕ေဆာ္တဲ့ကမ္ပိန္းေတြမွာလည္း ပါ၀င္ေလ့ရွိပါတယ္။
Photo Credit
တက္တူးထိုးထားတဲ့လူေတြလည္း ေသြးလွဴဒါန္းလုိ႔ရေပမယ့္ တက္တူးထိုးၿပီးၿပီးခ်င္းမွာေတာ့ ေသြးလွဴဒါန္းလုိ႔မရပါဘူး။ ေနာက္ၿပီး သူဟာ အသင္းေဖာ္ေဟာင္း ကားလုိ႔စ္မာတင္ ႐ိုးတြင္းျခင္ဆီလိုအပ္ေနလုိ႔ သူ႕ရဲ႕႐ိုးတြင္းျခင္ဆီ လွဴဒါန္းခဲ့ပါတယ္။
Photo Credit
(၆) ေပါင္သန္းေပါင္းမ်ားစြာလွဴဒါန္းျခင္း
သူဟာ ၂၀၁၅ ဧၿပီလက ငလ်င္ဒဏ္ေၾကာင့္ ထိခုိက္ပ်က္စီးခဲ့ရတဲ့ နီေပါျပည္သူေတြ ျပန္လည္ထူေထာင္ေရးအတြက္ ေငြေၾကးအမ်ားအျပားလွဴဒါန္းခဲ့ပါတယ္။ အဲဒီငလ်င္ေၾကာင့္ လူေပါင္း ၉၀၀၀ ေသဆုံးခဲ့ရၿပီး ၂၂၀၀၀ ေက်ာ္ဒဏ္ရာရရွိခဲ့ကာ ေရာ္နယ္ဒိုက အဲဒီေဒသအတြက္ Save the Children အဖြဲ႕ဆီ ေပါင္ ၅သန္းလွဴဒန္းခဲ့ပါတယ္။
Photo Credit
(၇) ကင္ဆင္စင္တာကို ကူညီျခင္း
ေရာ္နယ္ဒုိရဲ႕မိခင္ျဖစ္သူ ဒိုလုိရက္စ္အဗီရီယိုဟာ ၂၀၀၇ ခုႏွစ္က ရင္သားကင္ဆာေရာဂါခံစားခဲ့ရပါတယ္။ အဲဒီေနာက္ ေရာ္နယ္ဒိုဟာ မိခင္ျဖစ္သူကို ေဆးကုသေပးခဲ့တဲ့ ေပၚတူဂီရွိ ကင္ဆာစင္တာကို ေက်းဇူးတင္စကားဆုိခဲ့ၿပီး ေပါင္ ၁၂၀၀၀၀ လွဴဒါန္းခဲ့ပါတယ္။
Photo Credit
(၈) မိဘမဲ့ပရိသတ္ေလးကို ဖိတ္ေခၚျခင္း
လက္ဘႏြန္ႏိုင္ငံ၊ ေဘရြတ္ၿမိဳ႕မွာ ရီးရဲလ္အသင္းပရိသတ္ျဖစ္တဲ့ ဟုိင္ဒါဟာ အေသခံဗုံးခြဲသမားေၾကာင့္ မိဘေတြကို ဆုံး႐ံႈးလုိက္ရၿပီး ေဒသတြင္းသတင္းေထာက္တစ္ဦးက ရီးရဲလ္ကို ဆက္သြယ္ခဲ့ပါတယ္။ ေရာ္နယ္ဒိုကလည္း အဲဒီကေလးေလးကို အေရးတယူလက္ခံေတြ႕ဆုံခဲ့ၿပီး ကေလးကလည္း သူ႕ရဲ႕သူရဲေကာင္းကို အျပင္မွာ ေတြ႕လုိက္လုိ႔ မ်က္ရည္က်တဲ့အထိ ၀မ္းသာခဲ့ပါတယ္။
Photo Credit
(၉) ပရိသတ္ေလးတစ္ဦးကို ကူညီျခင္း
ေရာ္နယ္ဒိုဟာ ၂၀၀၉ ခုႏွစ္က ေရာဂါကၽြမ္းေနၿပီျဖစ္တဲ့ အသက္ ၉ႏွစ္အရြယ္ရွိ ကင္ဆာေရာဂါသည္ေလး ဂူလန္ရဲ႕သတင္းကို ၾကားသိလုိက္ရၿပီးေနာက္ သူ႕ဒ႐ိုင္ဘာကို ေစလႊတ္ကာ ရီးရဲလ္အသင္းတည္းခိုတဲ့ ဟိုတယ္ကို ေခၚလာဖို႔ စီစဥ္ခဲ့ပါတယ္။
Photo Credit
သူဟာ အဲဒီကေလးကို သူ႕အတြက္ ရရွိတဲ့သီးသန္႔ေဘာက္စ္မွာ ပြဲၾကည့္ဖို႔ ဖိတ္ေခၚခဲ့ၿပီး ပြဲအၿပီးမွာ သူ႕ဂ်ာစီကို ေပးအပ္ခဲ့ပါတယ္။ သူဟာ အဲဒီကေလးအတြက္ အေမရိကန္မွာ ေဆးကုသဖို႔အတြက္လည္း ကုန္က်စရိတ္က်ခံခဲ့ၿပီး ၂၀၁၃ မတ္လက အဲဒီကေလး မကြယ္လြန္ခင္အထိ တစ္ႏွစ္ေက်ာ္ၾကာ ေဆးကုသေပးခဲ့ပါတယ္။
Photo Credit
(၁၀) ကြင္းတြင္း၀င္လာသူေတြကို အသိအမွတ္ျပဳျခင္း
ေရာ္နယ္ဒိုဟာ တစ္ခါတေလ သူနဲ႔အတူ ဓာတ္ပုံတြဲ႐ိုက္ဖို႔အတြက္ ပရိသတ္ေတြ ကြင္းထဲေျပး၀င္လာမႈေတြနဲ႔ ရင္ဆုိင္ရတတ္ပါတယ္။
Photo Credit
အဲဒီအခါမွာ သူဟာ ေရွာင္မသြားဘဲ သူတုိ႔နဲ႔အတူ ကြင္းထဲမွာ ဓာတ္ပုံ႐ုိက္ခံပါတယ္။ ေနာက္ၿပီး တစ္ခါတေလ ခပ္ၾကမ္းၾကမ္းတားဆီးတဲ့လုံၿခံဳေရးေတြရဲ႕တားဆီးမႈမခံရေအာင္လည္း သူက အဲဒီကြင္းထဲ၀င္လာတဲ့ပရိသတ္ေတြကို ကာကြယ္ေပးတတ္ပါတယ္။ ေရာ္နယ္ဒုိဟာ ပြဲအၿပီးမွာလည္း ကြင္းထဲရိွပရိသတ္ေတြနဲ႔ ေႏြးေထြးစြာေတြ႕ဆုံတတ္ၿပီး ဂ်ာစီေပးေလ့ရွိသလုိ ဓာတ္ပုံေတြလည္း အတူအ႐ိုက္ခံခဲ့ပါတယ္။
Photo Credit
(၁၁) ေနာက္ထပ္ပရိသတ္ေလးကို ကူညီျခင္း
၂၀၁၄ ခုနွစ္မွာ ၁၀လသားေလး အဲရစ္ေအာ္တစ္ဇ္ခ႐ုဇ္ရဲ႕မိခင္ျဖစ္သူက ဦးေႏွာက္အျပင္လႊာေၾကေရာဂါသည္ေလးျဖစ္တဲ့သူ႕သားအတြက္ ေရာ္နယ္ဒိုကုိ အက်ႌဂ်ာစီ ေပးႏိုင္မလားလု႔ိ ေတာင္းဆုိခဲ့ပါတယ္။ ဦးေႏွာက္ပုံမွန္မျဖစ္တာက တစ္ေန႔မွာ ေလသင္တုန္းျဖတ္တာ အႀကိမ္ ၃၀ ေက်ာ္ပါတယ္။
Photo Credit
ေရာ္နယ္ဒိုလည္း အဲဒီကေလးေလးရဲ႕အေၾကာင္း သိသြားၿပီးေနာက္ ဦးေႏွာက္ခြဲစိတ္ကုသဖို႔ ေပါင္ ၅ေသာင္းခြဲလွဴဒါန္းခဲ့ပါတယ္။ ေနာက္ၿပီး ကေလးအတြက္ ေနာက္ထပ္ေဆးကုသမႈပုိရေအာင္လည္း သူ႕လက္မွတ္ေရးထုိးထားတဲ့အက်ႌကို ေလလံတင္ေရာင္းခ်ခဲ့ပါတယ္။
Photo Credit
(၁၂) လက္ေမာင္း႐ုိးက်ိဳးသြားတဲ့ကေလးငယ္
ဘုန္းေမာက္မွာကစားခဲ့တဲ့ ရာသီႀကိဳေျခစမ္းပြဲမွာ ေရာ္နယ္ဒိုရဲ႕ျပစ္ဒဏ္ေဘာကန္ခ်က္က ပြဲၾကည့္စင္ထဲေရာက္သြားပါတယ္။ အဲဒီမွာ ကံမေကာင္းစြာနဲ႔ပဲ အဲဒီေဘာလုံးက ပြဲၾကည့္စင္မွာရွိေနတဲ့ အသက္ ၁၁ႏွစ္အရြယ္ ေဆးလ္ဗား၀ုဒ္ကို သြားမွန္ကာ ေကာင္ေလးရဲ႕လက္ေမာင္းလည္း အ႐ိုးက်ိဳးခဲ့ပါတယ္။ အသင္းဥကၠ႒ ပီရက္ဇ္က ေဆးလ္ဗား၀ုဒ္နဲ႔ ေတြ႕ဆုံခဲ့ၿပီး ေရာ္နယ္ဒိုကလည္း သူလက္မွတ္ေရးထိုးထားတဲ့ ရီးရဲလ္ဂ်ာစီေပးခဲ့ပါတယ္။
Photo Credit
(၁၃) အခင္မင္ရဆုံးသူငယ္ခ်င္း
စူပါေအးဂ်င့္ ေဂ်ာ့ခ်္မန္ဒက္စ္ဟာ ၂၀၁၅ ခုႏွစ္က ဆန္ဒရာနဲ႔ မဂၤလာေဆာင္ခဲ့ရာမွာ ေရာ္နယ္ဒိုကို လူပ်ိဳရံအျဖစ္ ပြဲထုတ္ခဲ့ပါတယ္။ ေရာ္နယ္ဒိုကလည္း မဂၤလာလက္ဖြဲ႕အျဖစ္ ဂရိကၽြန္းတစ္ကၽြန္းကို ေပးအပ္ခဲ့ၿပီး အဲဒီကၽြန္းကုိ ေပါင္ ၄သန္းနီးပါးနဲ႔ ၀ယ္ယူခဲ့တာပါ။
Photo Credit
(၁၄) ဖာနန္ဒိုကို ဖိတ္ေခၚျခင္း
ၿပီးခဲ့တဲ့ရက္ပိုင္းကမွ ကြယ္လြန္သြားခဲ့တဲ့ ရိန္းဂ်ားစ္ဂႏၳ၀င္ကစားသမား ဖာနန္ဒုိရစ္ကန္ဟာ ၂၀၁၃ ခုႏွစ္မွာ ဦးေႏွာက္နဲ႔အေၾကာအားနည္းေရာဂါ ခံစားခဲ့ရပါတယ္။ နယ္သာလန္လက္ေရြးစင္ေဟာင္း ရစ္ကန္ကို ေရာ္နယ္ဒိုက လူမႈမီဒီယာကေန ဆက္သြယ္ၿပီး ဘာေနဗ်ဴးမွာ ပြဲလာၾကည့္ဖို႔ သူနဲ႔ သူ႕မိသားစုကို ဖိတ္ခဲ့ပါတယ္။ ဒါ့အျပင္ ေရာ္နယ္ဒိုဟာ ၂၀၁၆ ေအာက္တိုဘာလက လီဂီယာ၀ါေဆာကိုအႏုိင္ရရွိခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲအၿပီးမွာလည္း ရစ္ကန္နဲ႔ ေတြ႕ဆုံခဲ့ပါတယ္။
Photo Credit
(၁၅) စူပါအသင္းေဖာ္
ရီးရဲလ္အသင္း ၁ဝႀကိမ္ေျမာက္ခ်န္ပီယံလိဂ္ဖလားရရွိခဲ့ၿပီးေနာက္ အသင္းသားေတြဟာ အသင္းဆီက အပိုဆုေၾကးအျပင္ ေရာ္နယ္ဒိုဆီကလည္း စပယ္ရွယ္လက္ေဆာင္ရရွိခဲ့ပါတယ္။ ေရာ္နယ္ဒိုဟာ တန္ဖုိးႀကီးနာရီအမွတ္တံဆိပ္ျဖစ္တဲ့ ဘူလ္ဂါရီတံဆိပ္နာရီတစ္လုံးစီ အသင္းေဖာ္ေတြကို လက္ေဆာင္ေပးခဲ့ပါတယ္။ အဲဒီနာရီတစ္လုံးရဲ႕တန္ဖိုးက ေပါင္ ၅၀၀၀ ရွိပါတယ္။
Photo Credit
(၁၆) အစ္ကို႕ကိုလည္း ၾကည့္႐ႈေစာင့္ေရွာက္ျခင္း
ေရာ္နယ္ဒိုရဲ႕ဖခင္ျဖစ္သူ ဒင္းနစ္ဟာ အရက္ေသစာအလြန္အမင္းေသာက္ခဲ့လုိ႔ ၂၀၀၅ ခုႏွစ္မွာ ကြယ္လြန္ခဲ့ရပါတယ္။ ေရာ္နယ္ဒိုရဲ႕အစ္ကိုျဖစ္သူ ဟူဂိုအဗီ႐ိုကလည္း အရက္နဲ႔ မူးယစ္ေဆးစြဲခဲ့ပါတယ္။ ဒါေပမဲ့ ဖခင္ရဲ႕အျဖစ္ဆုိးကို ႀကံဳေတြ႕ထားရတဲ့ ေရာ္နယ္ဒိုက ၾကား၀င္ေဖ်ာင္းဖ်ခဲ့ၿပီး တကယ္လုိ႔ အရက္နဲ႔မူးယစ္ေဆးျဖတ္ႏိုင္ရင္ သူနဲ႔အတူ ကြင္းထဲမွာေအာင္ပြဲခံရမယ္လုိ႔ ကတိေပးခဲ့ပါတယ္။ တကယ္လည္း အစ္ကုိျဖစ္သူ အရက္ျပတ္၊ ေဆးျပတ္သြားၿပီး ရီးရဲလ္အသင္း ၁၀ႀကိမ္ေျမာက္ခ်န္ပီယံလိဂ္ဖလားရတဲ့ႏွစ္မွာ ေရာ္နယ္ဒိုလည္း အစ္ကိုနဲ႔အတူ ကြင္းထဲမွာ ေအာင္ပြဲခံခဲ့ပါတယ္။
Photo Credit
(၁၇) အေပးအကမ္းရက္ေရာျခင္း
ေရာ္နယ္ဒိုဟာ ဂရိႏိုင္ငံေတာင္ပိုင္းရွိ ေကာ္စတာနာဗာရီႏိုဟုိတယ္မွာ တည္းခုိရတာကို အထူးသေဘာက်သူျဖစ္ၿပီး ေနာက္ဆုံး ၂ႏွစ္ဆက္ ေႏြရာသီအားလပ္ရက္အတြင္း အဲဒီမွာ တည္းခိုခဲ့ပါတယ္။ အဲဒီမွာ တည္းခုိအၿပီး အျပန္ ဟုိတယ္၀န္ထမ္းေတြကို အပိုဆုေၾကးေပါင္ ၂၀၀၀၀ ေပးခဲ့ပါတယ္။ သူဟာ ၂၀၁၈နဲ႔ ၂၀၁၉ ေႏြရာသီေတြမွာ တည္းခုိခဲ့တာျဖစ္ၿပီး ၂ႀကိမ္စလုံး ေဘာက္ဆူး ေပါင္ ၂၀၀၀၀ ေပးခဲ့တာပါ။
Photo Credit
(၁၈) ေက်းဇူးသိတတ္ျခင္း
မၾကာေသးခင္ကမွ ပီးယားစ္ေမာ္ဂန္နဲ႔ျပဳလုပ္ခဲ့တ့ဲအင္တာဗ်ဴးမွာ ေရာ္နယ္ဒိုက သူငယ္ရြယ္စဥ္ စားဖို႔ ပုိက္ဆံမရွိ ဗုိက္ဆာလြန္းခ်ိန္မွာ ဟမ္ဘာဂါေတြေကၽြးခဲ့တဲ့ မက္ေဒၚနယ္၀န္ထမ္း အမ်ိဳးသမီး ၃ဦးကို လုိက္ရွာေနေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ အဲဒီလုိရွာေတြ႕ရင္ ညစာစားဖုိ႔ ဖိတ္ေခၚၿပီး ေက်းဇူးဆပ္ခ်င္ေၾကာင္း ဆုိခဲ့ပါတယ္။
Photo Credit
Unicode
သူ့အပေါ် သဘောထားအမြင်တွေ ပြောင်းလဲသွားစေနိုင်တဲ့ရော်နယ်ဒိုရဲ့လူမှုအကျိုးပြုလုပ်ငန်းများ
ဂျူဗင်တပ်စ်တိုက်စစ်မှူးရော်နယ်ဒိုဟာ မကြာသေးခင်ကမှ နာမည်ကြီးရုပ်သံအစီအစဉ်တင်ဆက်သူ ပီးယားမော်ဂန်နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ သူ့ဘဝအကြောင်း အများအပြားဖွင့်ဟသွားခဲ့ပါတယ်။ အင်္ဂါနေ့ညနေခင်းမှာ ထုတ်လွှင့်ခဲ့တဲ့အဲဒီအင်တာဗျူးမှာ ရော်နယ်ဒိုဟာ သူ့မိသားစုဘဝအကြောင်း၊ ငယ်ဘဝအကြောင်းတွေအပြင် ကွယ်လွန်သွားပြီမှာကြာပြီဖြစ်တဲ့ ဖခင်ဖြစ်သူအကြောင်းတွေပါ ဆွေးနွေးခဲ့ပါတယ်။ သူဟာ ဖခင်ဖြစ်သူရဲ့ဗီဒီယိုဖိုင် ကြည့်ရှုခဲ့ပြီးနောက် မျက်ရည်ကျလာတဲ့အထိ ဝမ်းနည်းခဲ့ရာ ပရိသတ်အများစုရဲ့အားပေးနှစ်သိမ့်ခြင်းခံခဲ့ရပါတယ်။
ဂျူဗင်တပ်စ်မှာ တစ်ပတ်လုပ်ခ ပေါင် ၅သိန်းရရှိနေတဲ့အပြင် စပွန်ဆာတွေကနေ ရရှိနေတဲ့ဝင်ငွေတွေ၊ အဝတ်အထည်တွေ၊ ရှူးဖိနပ်တွေနဲ့ အောက်ခံဘောင်းဘီတွေထုတ်လုပ်ရောင်းချနေတဲ့ သူ့ရဲ့ကိုယ်ပိုင်အမှတ်တံဆိပ် CR 7 ကနေ ဝင်ငွေအများအပြားရရှိနေတဲ့ ရော်နယ်ဒိုဟာ ကမ္ဘာ့အချမ်းသာဆုံးအားကစားအဖြစ် ရပ်တည်စေပြီး အနိုင်ရဖို့ အားတက်သရောကြိုးစားမှုတွေကြောင့် အမာခံပရိသတ်တွေ များပြားသလို မုန်းတီးတဲ့ပရိသတ်တွေလည်း ရှိနေပါတယ်။ ဒါပေမဲ့ အောက်မှာ ဖော်ပြမယ့်အကြောင်းအရာတွေကို ဖတ်ရှုလိုက်ရင်တော့ သူ့အပေါ် မုန်းတီးနေတဲ့ပရိသတ်တွေရဲ့ သဘောထားအမြင်ပြောင်းလဲလာနိုင်ပါတယ်။
(၁) ဥရောပရွှေဖိနပ်ဆု
ရော်နယ်ဒိုဟာ ၂၀၁၁ ခုနှစ်မှာ ရီးရဲလ်နည်းပြ မော်ရင်ညိုရဲ့လက်အောက်မှာ ဂိုး ၄၀သွင်းယူကာ ဥရောပရွှေဖိနပ်ဆုရရှိခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အဲဒီရွှေဖိနပ်ကို ဆုဖလား၊ ဆုတံဆိပ်တွေထားတဲ့အခန်းထဲ သိမ်းမထားဘဲ လူမှုအကျိုးပြုလုပ်ငန်းမှာ သုံးလို့ရအောင် လေလံတင်ရောင်းချခဲ့ပါတယ်။
အဲဒီဖိနပ်ရောင်းချရမှုကနေ ပေါင် ၁.၂ သန်းအထိရရှိခဲ့ပြီး စစ်ဘေးဒဏ်သင့် ဂါဇာမြို့မှာ စာသင်ကျောင်းတွေ ဆောက်လုပ်နိုင်ရေးအတွက် အကုန်လှူဒါန်းခဲ့ပါတယ်။
(၂) Ballon d’Or ဆု
ရော်နယ်ဒိုဟာ နောက်ထပ်တစ်ဦးချင်းဆုကိုလည်း လှူဒါန်းဖို့အတွက် ရောင်းချခဲ့ပါတယ်။ သူဟာ ၂၀၁၃ အောက်တိုဘာလက လန်ဒန်မြို့မှာပြုလုပ်ခဲ့တဲ့ လေလံပွဲမှာ သူ့ရဲ့ Ballon d’Or ဆုကို ရောင်းချခဲ့ပါတယ်။
အဲဒီလေလံပွဲက Make-A-Wish ဖောင်ဒေးရှင်းအတွက် ရည်ရွယ်ပြုလုပ်တာဖြစ်ပြီး အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရတဲ့ကလေးတွေနဲ့ ရောဂါဝေဒနာ နောက်ဆုံးအဆင့်ရောက်နေတဲ့ကလေးတွေအတွက် လုပ်ဆောင်နေတဲ့ဖောင်ဒေးရှင်းဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ Ballon d’Or ဆုရောင်းချရငွေ ပေါင် ၅၃၀၀၀၀ ကို အဲဒီဖောင်ဒေးရှင်းဆီ ပေးအပ်ခဲ့ပါတယ်။
(၃) သံတမန်
ရော်နယ်ဒိုဟာ လူမှုအဖွဲ့အစည်းတွေဖြစ်တဲ့ Save the Children, Unicef နဲ့ World Vision အဖွဲ့တွေရဲ့ သံတမန်အဖြစ် ဆောင်ရွက်နေပြီး ၂၀၁၄ Ballon d’Or ဆုပေးပွဲအခမ်းအနားမှာ သွေးကင်ဆာရောဂါ ခံစားနေရတဲ့ ကလေးတွေ စိတ်အားတက်လာအောင် စင်ပေါ်ကနေ အားပေးစကားပြောခဲ့ပါတယ်။
(၄) အပိုဆုကြေးများ
ရော်နယ်ဒိုဟာ ကွင်းတွင်းစွမ်းဆောင်ရည်ကြောင့် ရရှိလာတဲ့ အပိုဆုကြေးတွေကိုလည်း လူမှုအကျိုးပြုလုပ်ငန်းတွေဆီ လှူဒါန်းလေ့ရှိပြီး ၂၀၁၃ ခုနှစ်က ယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးအသင်းမှာ ပါဝင်ခွင့်ရလို့ ရရှိလာတဲ့ ဆုကြေး ယူရို ၁သိန်းကို ကြက်ခြေနီအဖွဲ့ထံ လှူဒါန်းခဲ့ပါတယ်။
ဒ့ါအပြင် ရီးရဲလ်အသင်း ၁၀ကြိမ်မြောက်ချန်ပီယံလိဂ်ဖလားရရှိလို့ ရရှိလာတဲ့ ဆုကြေး ပေါင် ၄သိန်းခွဲကိုလည်း သူသံတမန်အဖြစ် ဆောင်ရွက်နေတဲ့ Unicef, World Vision နဲ့ Save the Children အဖွဲ့တွေဆီ လှူဒါန်းခဲ့ပါတယ်။
(၅) သွေးနဲ့ ရိုးတွင်းခြင်ဆီလှူဒါန်းခြင်း
သူ့ကိုယ်မှာ ထူးထူးခြားခြားအဖြစ် တက်တူးတွေလုံးဝမရှိတာ အားလုံးသတိထားမိမှာပါ။ ဒါကလည်း ပုံမှန်သွေးလှူနေတာကြောင့်ဖြစ်ပြီး တခြားလူတွေသွေးလှူဒါန်းဖို့ လှုံ့ဆော်တဲ့ကမ်ပိန်းတွေမှာလည်း ပါဝင်လေ့ရှိပါတယ်။
တက်တူးထိုးထားတဲ့လူတွေလည်း သွေးလှူဒါန်းလို့ရပေမယ့် တက်တူးထိုးပြီးပြီးချင်းမှာတော့ သွေးလှူဒါန်းလို့မရပါဘူး။ နောက်ပြီး သူဟာ အသင်းဖော်ဟောင်း ကားလို့စ်မာတင် ရိုးတွင်းခြင်ဆီလိုအပ်နေလို့ သူ့ရဲ့ရိုးတွင်းခြင်ဆီ လှူဒါန်းခဲ့ပါတယ်။
(၆) ပေါင်သန်းပေါင်းများစွာလှူဒါန်းခြင်း
သူဟာ ၂၀၁၅ ဧပြီလက ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ နီပေါပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် ငွေကြေးအများအပြားလှူဒါန်းခဲ့ပါတယ်။ အဲဒီငလျင်ကြောင့် လူပေါင်း ၉၀၀၀ သေဆုံးခဲ့ရပြီး ၂၂၀၀၀ ကျော်ဒဏ်ရာရရှိခဲ့ကာ ရော်နယ်ဒိုက အဲဒီဒေသအတွက် Save the Children အဖွဲ့ဆီ ပေါင် ၅သန်းလှူဒန်းခဲ့ပါတယ်။
(၇) ကင်ဆင်စင်တာကို ကူညီခြင်း
ရော်နယ်ဒိုရဲ့မိခင်ဖြစ်သူ ဒိုလိုရက်စ်အဗီရီယိုဟာ ၂၀၀၇ ခုနှစ်က ရင်သားကင်ဆာရောဂါခံစားခဲ့ရပါတယ်။ အဲဒီနောက် ရော်နယ်ဒိုဟာ မိခင်ဖြစ်သူကို ဆေးကုသပေးခဲ့တဲ့ ပေါ်တူဂီရှိ ကင်ဆာစင်တာကို ကျေးဇူးတင်စကားဆိုခဲ့ပြီး ပေါင် ၁၂၀၀၀၀ လှူဒါန်းခဲ့ပါတယ်။
(၈) မိဘမဲ့ပရိသတ်လေးကို ဖိတ်ခေါ်ခြင်း
လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့မှာ ရီးရဲလ်အသင်းပရိသတ်ဖြစ်တဲ့ ဟိုင်ဒါဟာ အသေခံဗုံးခွဲသမားကြောင့် မိဘတွေကို ဆုံးရှုံးလိုက်ရပြီး ဒေသတွင်းသတင်းထောက်တစ်ဦးက ရီးရဲလ်ကို ဆက်သွယ်ခဲ့ပါတယ်။ ရော်နယ်ဒိုကလည်း အဲဒီကလေးလေးကို အရေးတယူလက်ခံတွေ့ဆုံခဲ့ပြီး ကလေးကလည်း သူ့ရဲ့သူရဲကောင်းကို အပြင်မှာ တွေ့လိုက်လို့ မျက်ရည်ကျတဲ့အထိ ဝမ်းသာခဲ့ပါတယ်။
(၉) ပရိသတ်လေးတစ်ဦးကို ကူညီခြင်း
ရော်နယ်ဒိုဟာ ၂၀၀၉ ခုနှစ်က ရောဂါကျွမ်းနေပြီဖြစ်တဲ့ အသက် ၉နှစ်အရွယ်ရှိ ကင်ဆာရောဂါသည်လေး ဂူလန်ရဲ့သတင်းကို ကြားသိလိုက်ရပြီးနောက် သူ့ဒရိုင်ဘာကို စေလွှတ်ကာ ရီးရဲလ်အသင်းတည်းခိုတဲ့ ဟိုတယ်ကို ခေါ်လာဖို့ စီစဉ်ခဲ့ပါတယ်။
သူဟာ အဲဒီကလေးကို သူ့အတွက် ရရှိတဲ့သီးသန့်ဘောက်စ်မှာ ပွဲကြည့်ဖို့ ဖိတ်ခေါ်ခဲ့ပြီး ပွဲအပြီးမှာ သူ့ဂျာစီကို ပေးအပ်ခဲ့ပါတယ်။ သူဟာ အဲဒီကလေးအတွက် အမေရိကန်မှာ ဆေးကုသဖို့အတွက်လည်း ကုန်ကျစရိတ်ကျခံခဲ့ပြီး ၂၀၁၃ မတ်လက အဲဒီကလေး မကွယ်လွန်ခင်အထိ တစ်နှစ်ကျော်ကြာ ဆေးကုသပေးခဲ့ပါတယ်။
(၁၀) ကွင်းတွင်းဝင်လာသူတွေကို အသိအမှတ်ပြုခြင်း
ရော်နယ်ဒိုဟာ တစ်ခါတလေ သူနဲ့အတူ ဓာတ်ပုံတွဲရိုက်ဖို့အတွက် ပရိသတ်တွေ ကွင်းထဲပြေးဝင်လာမှုတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။
အဲဒီအခါမှာ သူဟာ ရှောင်မသွားဘဲ သူတို့နဲ့အတူ ကွင်းထဲမှာ ဓာတ်ပုံရိုက်ခံပါတယ်။ နောက်ပြီး တစ်ခါတလေ ခပ်ကြမ်းကြမ်းတားဆီးတဲ့လုံခြုံရေးတွေရဲ့တားဆီးမှုမခံရအောင်လည်း သူက အဲဒီကွင်းထဲဝင်လာတဲ့ပရိသတ်တွေကို ကာကွယ်ပေးတတ်ပါတယ်။ ရော်နယ်ဒိုဟာ ပွဲအပြီးမှာလည်း ကွင်းထဲရှိပရိသတ်တွေနဲ့ နွေးထွေးစွာတွေ့ဆုံတတ်ပြီး ဂျာစီပေးလေ့ရှိသလို ဓာတ်ပုံတွေလည်း အတူအရိုက်ခံခဲ့ပါတယ်။
(၁၁) နောက်ထပ်ပရိသတ်လေးကို ကူညီခြင်း
၂၀၁၄ ခုနှစ်မှာ ၁၀လသားလေး အဲရစ်အော်တစ်ဇ်ခရုဇ်ရဲ့မိခင်ဖြစ်သူက ဦးနှောက်အပြင်လွှာကြေရောဂါသည်လေးဖြစ်တဲ့သူ့သားအတွက် ရော်နယ်ဒိုကို အင်္ကျီဂျာစီ ပေးနိုင်မလားလု့ိ တောင်းဆိုခဲ့ပါတယ်။ ဦးနှောက်ပုံမှန်မဖြစ်တာက တစ်နေ့မှာ လေသင်တုန်းဖြတ်တာ အကြိမ် ၃၀ ကျော်ပါတယ်။
ရော်နယ်ဒိုလည်း အဲဒီကလေးလေးရဲ့အကြောင်း သိသွားပြီးနောက် ဦးနှောက်ခွဲစိတ်ကုသဖို့ ပေါင် ၅သောင်းခွဲလှူဒါန်းခဲ့ပါတယ်။ နောက်ပြီး ကလေးအတွက် နောက်ထပ်ဆေးကုသမှုပိုရအောင်လည်း သူ့လက်မှတ်ရေးထိုးထားတဲ့အင်္ကျီကို လေလံတင်ရောင်းချခဲ့ပါတယ်။
(၁၂) လက်မောင်းရိုးကျိုးသွားတဲ့ကလေးငယ်
ဘုန်းမောက်မှာကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ ရော်နယ်ဒိုရဲ့ပြစ်ဒဏ်ဘောကန်ချက်က ပွဲကြည့်စင်ထဲရောက်သွားပါတယ်။ အဲဒီမှာ ကံမကောင်းစွာနဲ့ပဲ အဲဒီဘောလုံးက ပွဲကြည့်စင်မှာရှိနေတဲ့ အသက် ၁၁နှစ်အရွယ် ဆေးလ်ဗားဝုဒ်ကို သွားမှန်ကာ ကောင်လေးရဲ့လက်မောင်းလည်း အရိုးကျိုးခဲ့ပါတယ်။
အသင်းဥက္ကဋ္ဌ ပီရက်ဇ်က ဆေးလ်ဗားဝုဒ်နဲ့ တွေ့ဆုံခဲ့ပြီး ရော်နယ်ဒိုကလည်း သူလက်မှတ်ရေးထိုးထားတဲ့ ရီးရဲလ်ဂျာစီပေးခဲ့ပါတယ်။
(၁၃) အခင်မင်ရဆုံးသူငယ်ချင်း
စူပါအေးဂျင့် ဂျော့ချ်မန်ဒက်စ်ဟာ ၂၀၁၅ ခုနှစ်က ဆန်ဒရာနဲ့ မင်္ဂလာဆောင်ခဲ့ရာမှာ ရော်နယ်ဒိုကို လူပျိုရံအဖြစ် ပွဲထုတ်ခဲ့ပါတယ်။ ရော်နယ်ဒိုကလည်း မင်္ဂလာလက်ဖွဲ့အဖြစ် ဂရိကျွန်းတစ်ကျွန်းကို ပေးအပ်ခဲ့ပြီး အဲဒီကျွန်းကို ပေါင် ၄သန်းနီးပါးနဲ့ ဝယ်ယူခဲ့တာပါ။
(၁၄) ဖာနန်ဒိုကို ဖိတ်ခေါ်ခြင်း
ပြီးခဲ့တဲ့ရက်ပိုင်းကမှ ကွယ်လွန်သွားခဲ့တဲ့ ရိန်းဂျားစ်ဂန္ထဝင်ကစားသမား ဖာနန်ဒိုရစ်ကန်ဟာ ၂၀၁၃ ခုနှစ်မှာ ဦးနှောက်နဲ့အကြောအားနည်းရောဂါ ခံစားခဲ့ရပါတယ်။ နယ်သာလန်လက်ရွေးစင်ဟောင်း ရစ်ကန်ကို ရော်နယ်ဒိုက လူမှုမီဒီယာကနေ ဆက်သွယ်ပြီး ဘာနေဗျူးမှာ ပွဲလာကြည့်ဖို့ သူနဲ့ သူ့မိသားစုကို ဖိတ်ခဲ့ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုဟာ ၂၀၁၆ အောက်တိုဘာလက လီဂီယာဝါဆောကိုအနိုင်ရရှိခဲ့တဲ့ချန်ပီယံလိဂ်ပွဲအပြီးမှာလည်း ရစ်ကန်နဲ့ တွေ့ဆုံခဲ့ပါတယ်။
(၁၅) စူပါအသင်းဖော်
ရီးရဲလ်အသင်း ၁ဝကြိမ်မြောက်ချန်ပီယံလိဂ်ဖလားရရှိခဲ့ပြီးနောက် အသင်းသားတွေဟာ အသင်းဆီက အပိုဆုကြေးအပြင် ရော်နယ်ဒိုဆီကလည်း စပယ်ရှယ်လက်ဆောင်ရရှိခဲ့ပါတယ်။ ရော်နယ်ဒိုဟာ တန်ဖိုးကြီးနာရီအမှတ်တံဆိပ်ဖြစ်တဲ့ ဘူလ်ဂါရီတံဆိပ်နာရီတစ်လုံးစီ အသင်းဖော်တွေကို လက်ဆောင်ပေးခဲ့ပါတယ်။ အဲဒီနာရီတစ်လုံးရဲ့တန်ဖိုးက ပေါင် ၅၀၀၀ ရှိပါတယ်။
(၁၆) အစ်ကို့ကိုလည်း ကြည့်ရှုစောင့်ရှောက်ခြင်း
ရော်နယ်ဒိုရဲ့ဖခင်ဖြစ်သူ ဒင်းနစ်ဟာ အရက်သေစာအလွန်အမင်းသောက်ခဲ့လို့ ၂၀၀၅ ခုနှစ်မှာ ကွယ်လွန်ခဲ့ရပါတယ်။ ရော်နယ်ဒိုရဲ့အစ်ကိုဖြစ်သူ ဟူဂိုအဗီရိုကလည်း အရက်နဲ့ မူးယစ်ဆေးစွဲခဲ့ပါတယ်။ ဒါပေမဲ့ ဖခင်ရဲ့အဖြစ်ဆိုးကို ကြုံတွေ့ထားရတဲ့ ရော်နယ်ဒိုက ကြားဝင်ဖျောင်းဖျခဲ့ပြီး တကယ်လို့ အရက်နဲ့မူးယစ်ဆေးဖြတ်နိုင်ရင် သူနဲ့အတူ ကွင်းထဲမှာအောင်ပွဲခံရမယ်လို့ ကတိပေးခဲ့ပါတယ်။ တကယ်လည်း အစ်ကိုဖြစ်သူ အရက်ပြတ်၊ ဆေးပြတ်သွားပြီး ရီးရဲလ်အသင်း ၁၀ကြိမ်မြောက်ချန်ပီယံလိဂ်ဖလားရတဲ့နှစ်မှာ ရော်နယ်ဒိုလည်း အစ်ကိုနဲ့အတူ ကွင်းထဲမှာ အောင်ပွဲခံခဲ့ပါတယ်။
(၁၇) အပေးအကမ်းရက်ရောခြင်း
ရော်နယ်ဒိုဟာ ဂရိနိုင်ငံတောင်ပိုင်းရှိ ကော်စတာနာဗာရီနိုဟိုတယ်မှာ တည်းခိုရတာကို အထူးသဘောကျသူဖြစ်ပြီး နောက်ဆုံး ၂နှစ်ဆက် နွေရာသီအားလပ်ရက်အတွင်း အဲဒီမှာ တည်းခိုခဲ့ပါတယ်။ အဲဒီမှာ တည်းခိုအပြီး အပြန် ဟိုတယ်ဝန်ထမ်းတွေကို အပိုဆုကြေးပေါင် ၂၀၀၀၀ ပေးခဲ့ပါတယ်။ သူဟာ ၂၀၁၈နဲ့ ၂၀၁၉ နွေရာသီတွေမှာ တည်းခိုခဲ့တာဖြစ်ပြီး ၂ကြိမ်စလုံး ဘောက်ဆူး ပေါင် ၂၀၀၀၀ ပေးခဲ့တာပါ။
(၁၈) ကျေးဇူးသိတတ်ခြင်း
မကြာသေးခင်ကမှ ပီးယားစ်မော်ဂန်နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ ရော်နယ်ဒိုက သူငယ်ရွယ်စဉ် စားဖို့ ပိုက်ဆံမရှိ ဗိုက်ဆာလွန်းချိန်မှာ ဟမ်ဘာဂါတွေကျွေးခဲ့တဲ့ မက်ဒေါ်နယ်ဝန်ထမ်း အမျိုးသမီး ၃ဦးကို လိုက်ရှာနေကြောင်း ဖွင့်ဟခဲ့ပါတယ်။ အဲဒီလိုရှာတွေ့ရင် ညစာစားဖို့ ဖိတ်ခေါ်ပြီး ကျေးဇူးဆပ်ချင်ကြောင်း ဆိုခဲ့ပါတယ်။