သူ႕အနာဂတ္က အခုထိ မေသခ်ာေသးဘူးလုိ႔ ေပါ့ဂ္ဘာ ၀န္ခံ

Photo Credit ; Reuters

Photo Credit ; Reuters

ယူႏုိက္တက္အသင္းကြင္းလယ္လူ ေပါ့ဂ္ဘာက ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္အျဖစ္ ခ်ဲလ္ဆီးကို ၄-၀ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ အသင္းမွာရွိတဲ့ သူ႕အနာဂတ္နဲ႔ပတ္သက္လုိ႔ အခုခ်ိန္အထိ ေသခ်ာမသိရွိေသးေၾကာင္း ၀န္ခံေျပာၾကားလုိက္ပါတယ္။

Photo Credit

ျပင္သစ္လက္ေရြးစင္ ေပ့ါဂ္ဘာဟာ ယခုေႏြရာသီအေျပာင္းအေရႊ႕ကာလအတြင္း ရီးရဲလ္ကို ေရာက္ရွိဖို႔ သတင္းေတြထြက္ေပၚခဲ့ေပမယ့္ လာလီဂါကလပ္က ယူႏုိက္တက္အသင္းသတ္မွတ္ထားတဲ့ေပါင္သန္း ၁၈၀ ေပးေခ်ဖုိ႔ အဆင္မေျပျဖစ္ေနေၾကာင္း သတင္းေတြက ေရးသားေဖာ္ျပေနပါတယ္။

Photo Credit

ခ်ဲလ္ဆီးနဲ႔ပြဲမွာ ဂိုးဖန္တီးမႈ ၂ႀကိမ္ျပဳလုပ္ေပးခဲ့တဲ့အနက္ ရက္ရွ္ဖို႔ဒ္ ဂိုးသြင္းႏိုင္ေအာင္ ကြင္းလယ္ကေန တိက်တဲ့ဖန္တီးေပးပုိ႔မႈျပဳလုပ္ေပးႏုိင္ခဲ့တဲ့ ေပါ့ဂ္ဘာဟာ ပြဲအၿပီး ျပင္သစ္ေရဒီယိုသတင္းဌာန RMC Sport နဲ႔ ျပဳလုပ္ခဲ့တဲ့အင္တာဗ်ဴးမွာ ယူႏိုက္တက္မွာ သူဆက္ရွိမလားဆိုတာ အခုထိ မေသခ်ာေသးဘူးလုိ႔ ဆုိပါတယ္။

Photo Credit

”ကၽြန္ေတာ့္အေနနဲ႔ ေဘာလုံးကစားေနရၿပီဆုိရင္ ေပ်ာ္ရႊင္ေနတတ္ပါတယ္။ ကၽြန္ေတာ့္အေနနဲ႔ ကုိယ္သေဘာက်တာ လုပ္ေဆာင္ေနသလုိ ဒါကလည္း ကၽြန္ေတာ့္အလုပ္ျဖစ္ပါတယ္။ ကြင္းထဲမွာ ကၽြန္ေတာ္ရွိေနခ်ိန္တုိင္းမွာ အသင္းအတြက္ ကိုယ့္ရဲ႕အေကာင္းဆုံးစြမ္းရည္ ရရွိေအာင္ အၿမဲတမ္းႀကိဳးစားပါတယ္”

Photo Credit

”ကၽြန္ေတာ့္အနာဂတ္နဲ႔ပတ္သက္လုိ႔လည္း ေျပာေနတာေတြ ၾကားရပါတယ္။ အဲဒီကိစၥေတြနဲ႔ပတ္သက္လုိ႔လည္း အခ်ိန္ကပဲ စကားေျပာသြားမွာပါ။ သံသယေမးခြန္းေတြကေတာ့ အၿမဲတမ္းရွိေနပါတယ္။ အခုေလာေလာဆယ္ မန္ခ်က္စတာမွာ ကၽြန္ေတာ္ရွိေနပါတယ္။ အသင္းေဖာ္ေတြနဲ႔လည္း အဆင္ေျပပါတယ္”လုိ႔ ေပါ့ဂ္ဘာက ေျပာပါတယ္။

Photo Credit

စပိန္ေဘာလုံးေလာကရဲ႕ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္က စက္တင္ဘာလ ၂ရက္ေန႔မွ ပိတ္သိမ္းမွာျဖစ္ေပမယ့္ ရီးရဲလ္ကေတာ့ ေပါ့ဂ္ဘာအစား ေအဂ်က္စ္ကြင္းလယ္လူ ဗန္ဒီဘိခ္ကို ေခၚယူႏိုင္ဖို႔ နီးစပ္ေနၿပီး ကစားသမားကိုယ္တုိင္က သူ႕အေျပာင္းအေရႊ႕အတြက္ ရီးရဲလ္နဲ႔ေအဂ်က္စ္အသင္း တာ၀န္ရွိသူေတြ ေဆြးေႏြးေနတယ္လုိ႔ ဆိုပါတယ္။

Photo Credit

Unicode

သူ့အနာဂတ်က အခုထိ မသေချာသေးဘူးလို့ ပေါ့ဂ်ဘာ ဝန်ခံ

ယူနိုက်တက်အသင်းကွင်းလယ်လူ ပေါ့ဂ်ဘာက ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ချဲလ်ဆီးကို ၄-ဝဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် အသင်းမှာရှိတဲ့ သူ့အနာဂတ်နဲ့ပတ်သက်လို့ အခုချိန်အထိ သေချာမသိရှိသေးကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။
ပြင်သစ်လက်ရွေးစင် ပေ့ါဂ်ဘာဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ရီးရဲလ်ကို ရောက်ရှိဖို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် လာလီဂါကလပ်က ယူနိုက်တက်အသင်းသတ်မှတ်ထားတဲ့ပေါင်သန်း ၁၈၀ ပေးချေဖို့ အဆင်မပြေဖြစ်နေကြောင်း သတင်းတွေက ရေးသားဖော်ပြနေပါတယ်။
ချဲလ်ဆီးနဲ့ပွဲမှာ ဂိုးဖန်တီးမှု ၂ကြိမ်ပြုလုပ်ပေးခဲ့တဲ့အနက် ရက်ရှ်ဖို့ဒ် ဂိုးသွင်းနိုင်အောင် ကွင်းလယ်ကနေ တိကျတဲ့ဖန်တီးပေးပို့မှုပြုလုပ်ပေးနိုင်ခဲ့တဲ့ ပေါ့ဂ်ဘာဟာ ပွဲအပြီး ပြင်သစ်ရေဒီယိုသတင်းဌာန RMC Sport နဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ ယူနိုက်တက်မှာ သူဆက်ရှိမလားဆိုတာ အခုထိ မသေချာသေးဘူးလို့ ဆိုပါတယ်။
”ကျွန်တော့်အနေနဲ့ ဘောလုံးကစားနေရပြီဆိုရင် ပျော်ရွှင်နေတတ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကိုယ်သဘောကျတာ လုပ်ဆောင်နေသလို ဒါကလည်း ကျွန်တော့်အလုပ်ဖြစ်ပါတယ်။ ကွင်းထဲမှာ ကျွန်တော်ရှိနေချိန်တိုင်းမှာ အသင်းအတွက် ကိုယ့်ရဲ့အကောင်းဆုံးစွမ်းရည် ရရှိအောင် အမြဲတမ်းကြိုးစားပါတယ်”
”ကျွန်တော့်အနာဂတ်နဲ့ပတ်သက်လို့လည်း ပြောနေတာတွေ ကြားရပါတယ်။ အဲဒီကိစ္စတွေနဲ့ပတ်သက်လို့လည်း အချိန်ကပဲ စကားပြောသွားမှာပါ။ သံသယမေးခွန်းတွေကတော့ အမြဲတမ်းရှိနေပါတယ်။ အခုလောလောဆယ် မန်ချက်စတာမှာ ကျွန်တော်ရှိနေပါတယ်။ အသင်းဖော်တွေနဲ့လည်း အဆင်ပြေပါတယ်”လို့ ပေါ့ဂ်ဘာက ပြောပါတယ်။
စပိန်ဘောလုံးလောကရဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်က စက်တင်ဘာလ ၂ရက်နေ့မှ ပိတ်သိမ်းမှာဖြစ်ပေမယ့် ရီးရဲလ်ကတော့ ပေါ့ဂ်ဘာအစား အေဂျက်စ်ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး ကစားသမားကိုယ်တိုင်က သူ့အပြောင်းအရွှေ့အတွက် ရီးရဲလ်နဲ့အေဂျက်စ်အသင်း တာဝန်ရှိသူတွေ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။