သူ႕ကို ၂ႏွစ္အငွားစာခ်ဳပ္နဲ႔ ျပန္ေခၚဖို႔ လီဗာပူးထံ ေကာ္တင္ညိဳ ဆက္သြယ္ခဲ့ဟု သတင္းထြက္

Photo Credit

Photo Credit ; PA

ဘာစီလုိနာအသင္းကြင္းလယ္လူ ေကာ္တင္ညိဳဟာ သူ႕ကို ကနဦး ၂ႏွစ္အငွားစာခ်ဳပ္၊ ၿပီးရင္ ေပါင္ ၈၈သန္းတန္အၿပီးသတ္ေခၚယူမႈနဲ႔ ေခၚယူဖုိ႔ အသင္းေဟာင္း လီဗာပူးထံ ဆက္သြယ္ခ်ဥ္းကပ္ခဲ့ေၾကာင္း သတင္းေတြက ေဖာ္ျပေနၾကပါတယ္။ အီတလီသတင္းစာ Calciomercato က ဘရာဇီးလက္ေရြးစင္ေကာ္တင္ညိဳဘက္က အထက္ပါအတုိင္းကမ္းလွမ္းခဲ့တာျဖစ္ေၾကာင္း ေရးသားေဖာ္ျပခဲ့တာျဖစ္ပါတယ္။ ေကာ္တင္ညိဳဟာ ဘာစီလုိနာအသင္းကေန ထြက္ခြာဖုိ႔ သတင္းေတြက်ယ္ျပန္႔စြာထြက္ေပၚေနၿပီး ေအးဂ်င့္ျဖစ္သူကလည္း ေကာ္တင္ညိဳအေနနဲ႔ လီဗာပူးရဲ႕အခါးသီးဆုံးၿပိဳင္ဘက္အသင္းေတြထံ ေျပာင္းေရႊ႕ဖို႔ မျဖစ္ႏိုင္ဘူးလုိ႔ ဆိုပါတယ္။

Photo Credit ; PA

”လီဗာပူးက ေကာ္တင္ညိဳရဲ႕ႏွလုံးသားထဲမွာ အေတာ္ေလးနက္နက္႐ႈိင္း႐ိႈင္းေနရာယူထားတယ္လုိ႔ ထင္ပါတယ္။ သူဟာ ၿပီးခဲ့တ့ဲရာသီတစ္ေလွ်ာက္လုံး လီဗာပူးကို အားေပးခဲ့တာျဖစ္ၿပီး အမွတ္ေပးခ်န္ပီယံျဖစ္ဖို႔လည္း ဆုေတာင္းေပးခဲ့ပါတယ္။ ဒီအတြက္ေၾကာင့္ ပုဂၢိဳလ္ေရးအရ သူ႕အေနနဲ႔ လီဗာပူးရဲ႕တုိက္႐ိုက္ၿပိဳင္ဘက္ေတြဆီ ေျပာင္းေရႊ႕ဖို႔က အေတာ္ေလးခက္ႏိုင္ပါတယ္”လုိ႔ ေအးဂ်င့္ျဖစ္သူ ေဂ်ာ္ရတ္ဂ်ိဳရက္ခ်ီယန္က ေျပာပါတယ္။

Photo Credit ; Getty Images

ေကာ္တင္ညိဳဟာ ၂၀၁၇ ဇန္န၀ါရီလက ဘာစီလုိနာအသင္းကို ေပါင္ ၁၄၂သန္းနဲ႔ ေျပာင္းေရႊ႕သြားေပမယ့္ လီဗာပူးဂႏၳ၀င္ေနာက္ခံလူ ကာေရဂါကေတာ့ သူသာ မာေဆးဆုိက္ဒ္အေျခစိုက္အသင္းထံ ျပန္လည္ေျပာင္းေရႊ႕လာရင္ ေပ်ာ္ရႊင္မိလိမ့္မယ္လုိ႔ ဆုိထားပါတယ္။ ”ကၽြန္ေတာ္တုိ႔အသင္းမွာ သူ႕လုိကစားသမားမ်ိဳးရွားပါးေနပါတယ္။ လယ္လာနာနဲ႔ရွာကီြရီတုိ႔ရွိေပမယ့္ ေကာ္တင္ညိဳနဲ႔မတူပါဘူး။ စီးတီးနဲ႔ကၽြန္ေတာ္တုိ႔အသင္းမွာ အဓိကကြာျခားခ်က္က သူတုိ႔အသင္းမွာ ဘာနာဒိုေဆးလ္ဗား၊ ေဒးဗစ္ေဆးလ္ဗားနဲ႔ ဒီဘ႐ိုင္းတုိ႔ရွိေပမယ့္ ကၽြန္ေတာ္တုိ႔အသင္းမွာ အဲဒီလုိကစားသမားမ်ိဳးေတြမရွိတာပါပဲ”လုိ႔ ကာေရဂါက ေျပာပါတယ္။

Photo Credit ; Getty Images

Unicode

သူ့ကို ၂နှစ်အငှားစာချုပ်နဲ့ ပြန်ခေါ်ဖို့ လီဗာပူးထံ ကော်တင်ညို ဆက်သွယ်ခဲ့ဟု သတင်းထွက်

ဘာစီလိုနာအသင်းကွင်းလယ်လူ ကော်တင်ညိုဟာ သူ့ကို ကနဦး ၂နှစ်အငှားစာချုပ်၊ ပြီးရင် ပေါင် ၈၈သန်းတန်အပြီးသတ်ခေါ်ယူမှုနဲ့ ခေါ်ယူဖို့ အသင်းဟောင်း လီဗာပူးထံ ဆက်သွယ်ချဉ်းကပ်ခဲ့ကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။ အီတလီသတင်းစာ Calciomercato က ဘရာဇီးလက်ရွေးစင်ကော်တင်ညိုဘက်က အထက်ပါအတိုင်းကမ်းလှမ်းခဲ့တာဖြစ်ကြောင်း ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ ကော်တင်ညိုဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ သတင်းတွေကျယ်ပြန့်စွာထွက်ပေါ်နေပြီး အေးဂျင့်ဖြစ်သူကလည်း ကော်တင်ညိုအနေနဲ့ လီဗာပူးရဲ့အခါးသီးဆုံးပြိုင်ဘက်အသင်းတွေထံ ပြောင်းရွှေ့ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
”လီဗာပူးက ကော်တင်ညိုရဲ့နှလုံးသားထဲမှာ အတော်လေးနက်နက်ရှိုင်းရှိုင်းနေရာယူထားတယ်လို့ ထင်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီတစ်လျှောက်လုံး လီဗာပူးကို အားပေးခဲ့တာဖြစ်ပြီး အမှတ်ပေးချန်ပီယံဖြစ်ဖို့လည်း ဆုတောင်းပေးခဲ့ပါတယ်။ ဒီအတွက်ကြောင့် ပုဂ္ဂိုလ်ရေးအရ သူ့အနေနဲ့ လီဗာပူးရဲ့တိုက်ရိုက်ပြိုင်ဘက်တွေဆီ ပြောင်းရွှေ့ဖို့က အတော်လေးခက်နိုင်ပါတယ်”လို့ အေးဂျင့်ဖြစ်သူ ဂျော်ရတ်ဂျိုရက်ချီယန်က ပြောပါတယ်။
ကော်တင်ညိုဟာ ၂၀၁၇ ဇန်နဝါရီလက ဘာစီလိုနာအသင်းကို ပေါင် ၁၄၂သန်းနဲ့ ပြောင်းရွှေ့သွားပေမယ့် လီဗာပူးဂန္ထဝင်နောက်ခံလူ ကာရေဂါကတော့ သူသာ မာဆေးဆိုက်ဒ်အခြေစိုက်အသင်းထံ ပြန်လည်ပြောင်းရွှေ့လာရင် ပျော်ရွှင်မိလိမ့်မယ်လို့ ဆိုထားပါတယ်။ ”ကျွန်တော်တို့အသင်းမှာ သူ့လိုကစားသမားမျိုးရှားပါးနေပါတယ်။ လယ်လာနာနဲ့ရှာကွီရီတို့ရှိပေမယ့် ကော်တင်ညိုနဲ့မတူပါဘူး။ စီးတီးနဲ့ကျွန်တော်တို့အသင်းမှာ အဓိကကွာခြားချက်က သူတို့အသင်းမှာ ဘာနာဒိုဆေးလ်ဗား၊ ဒေးဗစ်ဆေးလ်ဗားနဲ့ ဒီဘရိုင်းတို့ရှိပေမယ့် ကျွန်တော်တို့အသင်းမှာ အဲဒီလိုကစားသမားမျိုးတွေမရှိတာပါပဲ”လို့ ကာရေဂါက ပြောပါတယ်။