သူ႔ေစ်းႏႈန္းကိုေလွ်ာ႔ခ်ေပးဖို႔ မန္ယူကို လူကာကူေတာင္းဆို

မန္ယူအသင္းတိုက္စစ္မွဴ း လူကာကူကအေျပာင္းအေရႊ႕အဆင္ေျပေစဖို႔အတြက္သူ႔ရဲ႕တန္ေၾကးကို ေလွ်ာ႔ခ်ေပးဖို႔ မန္ယူအသင္းဆီေတာင္းဆိုထားတယ္လို႔ သိရပါတယ္။ သူ႔ကိုအင္တာမီလန္အသင္းကေခၚယူဖို႔ စိတ္၀င္စားေနတာပါ။

ဒါေပမယ္႔မန္ယူဟာသူ႔အတြက္ေပါင္ ၇၅ သန္းအလိုရွိေနလို႔ အသုံးစားရိတ္ကန္႔သတ္ခ်က္ရွိေနတဲ႔ အင္တာအတြက္အခက္အခဲျဖစ္ေနတာပါ။ ေပါင္ ၇၅ သန္းဆိုတာ ၂၀၁၇ ကအဲဗာတန္ကေနေျပာင္းလာတုန္းက မန္ယူေပးေခ်ခဲ့ရတဲ႔ ေစ်းႏႈန္းအတိုင္းသာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း အေျပာင္းအေရႊ႕ကအခုထိအဆင္မေျပေသးတာပါ။

နည္းျပဆိုးလ္ရွားကေတာ႔ လူကာကူကိုလာမယ္႔ ဗုဒၵဟူးေန႔ေနာက္ဆုံးထားၿပီး အသင္းေျပာင္းႏိုင္ေအာင္လုပ္ဖို႔ ရက္သတ္မွတ္ေပးထားပါတယ္။ အဲဒီရက္ေရာက္လို႔မွ မျဖစ္ဘူးဆိုရင္ေတာ႔ အသင္းကိုျပန္ေခၚၿပီး ရာသီသစ္အတြက္ေလ့က်င့္ခန္းေတြျပဳလုပ္ေစေတာ႔မွာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း လူကာကူဟာ အာရွေျခစမ္းခရီးကျပန္ေရာက္ခ်ိန္မွာ သူ႔ေအးဂ်င့္နဲ႔ေတြ႔ဆုံဖို႔ ဘယ္လ္ဂ်ီယံကိုခ်က္ျခင္းသြားေရာက္ခဲ့တာျဖစ္ပါတယ္။

ခန္႔မွန္းမႈေတြအရ ေပါင္ ၆၅ သန္းေလာက္ဆိုရင္အေျပာင္းအေရႊ႕ျဖစ္ေျမာက္ႏိုင္မွာျဖစ္ေပမယ္႔ မန္ယူဘက္ကေစ်းေလွ်ာ႔ေပးမလားဆိုတာေတာ႔ ေသခ်ာမသိရေသးပါဘူး။ မန္ယူဟာ လူကာကူအတြက္အင္တာမီလန္ကေပါင္ ၅၄ သန္းနဲ႔ကမး္လွမ္းခဲ့မႈကိုပယ္ခ်ထားၿပီးျဖစ္ပါတယ္။ ဒါေၾကာင့္လည္း လူကာကူ ကသူ႔တန္ေၾကးကိုေလွ်ာ႔ခ်ေပးဖို႔ ေတာင္းဆိုထားတာျဖစ္ပါတယ္။

လူကာကူကို ဂ်ဴ ဗင္တပ္အသင္းကလည္းေခၚယူဖို႔ စိတ္၀င္စားေနၿပီး ဒိုင္ဘာလာနဲ႔လဲလွယ္ဖို႔ စီစဥ္ထားတယ္လို႔ သတင္းေတြထြက္ေနေပမယ္႔ ဒီဘယ္လ္ဂ်ီယံသားကေတာ႔ အင္တာမီလန္ကိုဘဲ ေျပာင္းဖို႔စိတ္ကူးရွိေနပါတယ္။

Unicode

သူ့ဈေးနှုန်းကိုလျှော့ချပေးဖို့ မန်ယူကို လူကာကူတောင်းဆို
မန်ယူအသင်းတိုက်စစ်မှူ း လူကာကူကအပြောင်းအရွှေ့အဆင်ပြေစေဖို့အတွက်သူ့ရဲ့တန်ကြေးကို လျှော့ချပေးဖို့ မန်ယူအသင်းဆီတောင်းဆိုထားတယ်လို့ သိရပါတယ်။ သူ့ကိုအင်တာမီလန်အသင်းကခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။

ဒါပေမယ့်မန်ယူဟာသူ့အတွက်ပေါင် ၇၅ သန်းအလိုရှိနေလို့ အသုံးစားရိတ်ကန့်သတ်ချက်ရှိနေတဲ့ အင်တာအတွက်အခက်အခဲဖြစ်နေတာပါ။ ပေါင် ၇၅ သန်းဆိုတာ ၂၀၁၇ ကအဲဗာတန်ကနေပြောင်းလာတုန်းက မန်ယူပေးချေခဲ့ရတဲ့ ဈေးနှုန်းအတိုင်းသာဖြစ်ပါတယ်။ ဒါကြောင့်လည်း အပြောင်းအရွှေ့ကအခုထိအဆင်မပြေသေးတာပါ။

နည်းပြဆိုးလ်ရှားကတော့ လူကာကူကိုလာမယ့် ဗုဒ္ဒဟူးနေ့နောက်ဆုံးထားပြီး အသင်းပြောင်းနိုင်အောင်လုပ်ဖို့ ရက်သတ်မှတ်ပေးထားပါတယ်။ အဲဒီရက်ရောက်လို့မှ မဖြစ်ဘူးဆိုရင်တော့ အသင်းကိုပြန်ခေါ်ပြီး ရာသီသစ်အတွက်လေ့ကျင့်ခန်းတွေပြုလုပ်စေတော့မှာဖြစ်ပါတယ်။ ဒါကြောင့်လည်း လူကာကူဟာ အာရှခြေစမ်းခရီးကပြန်ရောက်ချိန်မှာ သူ့အေးဂျင့်နဲ့တွေ့ဆုံဖို့ ဘယ်လ်ဂျီယံကိုချက်ခြင်းသွားရောက်ခဲ့တာဖြစ်ပါတယ်။

ခန့်မှန်းမှုတွေအရ ပေါင် ၆၅ သန်းလောက်ဆိုရင်အပြောင်းအရွှေ့ဖြစ်မြောက်နိုင်မှာဖြစ်ပေမယ့် မန်ယူဘက်ကဈေးလျှော့ပေးမလားဆိုတာတော့ သေချာမသိရသေးပါဘူး။ မန်ယူဟာ လူကာကူအတွက်အင်တာမီလန်ကပေါင် ၅၄ သန်းနဲ့ကမ်းလှမ်းခဲ့မှုကိုပယ်ချထားပြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း လူကာကူ ကသူ့တန်ကြေးကိုလျှော့ချပေးဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။

လူကာကူကို ဂျူ ဗင်တပ်အသင်းကလည်းခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဒိုင်ဘာလာနဲ့လဲလှယ်ဖို့ စီစဉ်ထားတယ်လို့ သတင်းတွေထွက်နေပေမယ့် ဒီဘယ်လ်ဂျီယံသားကတော့ အင်တာမီလန်ကိုဘဲ ပြောင်းဖို့စိတ်ကူးရှိနေပါတယ်။