သူ႔အသင္းက ပြဲကစားတာထက္ ပင္နယ္တီအဆုံးအျဖတ္မွာပိုေကာင္းေနေၾကာင္း ဆိုးလ္ရွား၀န္ခံ

photo-reuters

photo-PA

မန္ယူနည္းျပဆုိးလ္ရွားက သူ႔အသင္းဟာ တကယ့္ပြဲေတြကစားတာထက္ ပင္နယ္တီအဆုံးအျဖတ္မွာ ပိုေကာင္းေနေၾကာင္း ၀န္ခံေျပာၾကားလုိက္ပါတယ္။  မန္ယူဟာ အိုးလ္ထရက္ဖုိ႔ဒ္မွာ ကစားခဲ့တဲ့ အဂၤလန္လိဂ္ဖလားတတိယအဆင့္ပြဲစဥ္မွာ အဂၤလန္တတိယတန္းျဖစ္တဲ့ လိဂ္-၁ က ေရာ့ခ်္ေဒးကို ၁-၁ သေရသာ ကစားႏိုင္ခဲ့ၿပီး ေနာက္တစ္ဆင့္တက္ႏိုင္ဖို႔အတြက္ ပင္နယ္တီအဆုံးအျဖတ္လုိအပ္ခဲ့ပါတယ္။ အဲဒီပြဲမွာ မန္ယူဟာ မိနစ္ ၉၀ အတြင္း ဂိုးကန္သြင္းခ်က္ အႀကိမ္ ၃၀ ရွိခဲ့ေပမယ့္ ဒုတိယပိုင္းမွာ ဂရင္း၀ုဒ္သြင္းတဲ့ ၁ ဂိုးသာရခဲ့ကာ ဦးေဆာင္ဂိုးရၿပီး ၈ မိနစ္အၾကာမွာပဲ ေအာက္တန္းအသင္းငယ္ေလးကို ေခ်ပဂိုးျပန္ေပးခဲ့ရတာပါ။

photo-gettyimages

”ပြဲစဥ္အေတာ္မ်ားမ်ားမွာ ကၽြန္ေတာ္တုိ႔ ၁-၀ နဲ႔ ဦးေဆာင္ႏုိင္ခဲ့ပါတယ္။ အခုလည္း ၁-၀ နဲ႔ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ အဲဒီေနာက္ ခင္ဗ်ားတုိ႔ေတြ႕ၾကတ့ဲအတိုင္းပါပဲ။ ဒီအခ်ိန္မွာ အဲဒါက အဓိကျဖစ္ေနတာပါ။ ကေလးေတြအတြက္လည္း သင္ယူစရာတစ္ခုပါပဲ။ ကၽြန္ေတာ္တို႔ ဒုတိယဂိုးရဖို႔ လိုအပ္ပါတယ္။ ဒီအသင္းမွာက တစ္ဂိုးနဲ႔ ေက်နပ္ေနလို႔ မရပါဘူး။ လုံေလာက္ၿပီထင္ရင္ေတာ့ ကၽြန္ေတာ္တို႔လိုခ်င္တာ အဲဒါမဟုတ္ပါဘူး။ ပင္နယ္တီကန္ဖုိ႔ ကစားသမားေတြရဲ႕ယုံၾကည္မႈကိုေတာ့ ကၽြန္ေတာ္အရမ္းေက်နပ္ပါတယ္။ ခင္ဗ်ားတုိ႔သိတဲ့အတိုင္းပဲ ကၽြန္ေတာ္တုိ႔ဟာ တကယ့္ပြဲေတြကစားတာထက္ ပင္နယ္တီအဆုံးအျဖတ္မွာ ပိုေကင္းေနပါတယ္”လို႔ ေရာ့ခ်္ေဒးနဲ႔ပြဲစဥ္အၿပီးမွာ ဆိုးလ္ရွားက ေျပာခဲ့တာပါ။

photo-gettyimages

ေရာ့ခ်္ေဒးဟာ သူတို႔လိဂ္မွာ ရလဒ္ေတြဆုိးရြားေနၿပီး အဆင့္ ၁၇ ေနရာေရာက္ေနတဲ့အသင္းပါ။ မၾကာေသးခင္ပြဲေတြမွာလည္း ပီတာဘေရာ့ရဲ႕ဂိုးဒါဇင္၀က္သြင္းျခင္းခံခဲ့ရကာ မန္စီးတီးယူ-၂၁ အသင္းကေတာင္ သာသာယာယာနဲ႔ ၂ ဂိုးျပတ္အႏိုင္ယူျခငး္ခံထားရတဲ့အသင္းျဖစ္ပါတယ္။ ဒီလုိအသင္းကိုေတာင္ ဆုိးလ္ရွားရဲ႕မန္ယူဟာ အုိးလ္ထရက္ဖို႔ဒ္မွာ ပင္နယ္တီအဆုံးအျဖတ္ထိေရာက္ခဲ့ရတာပါ။

[Unicode]

မန်ယူနည်းပြဆိုးလ်ရှားက သူ့အသင်းဟာ တကယ့်ပွဲတွေကစားတာထက် ပင်နယ်တီအဆုံးအဖြတ်မှာ ပိုကောင်းနေကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။  မန်ယူဟာ အိုးလ်ထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ အင်္ဂလန်လိဂ်ဖလားတတိယအဆင့်ပွဲစဉ်မှာ အင်္ဂလန်တတိယတန်းဖြစ်တဲ့ လိဂ်-၁ က ရော့ချ်ဒေးကို ၁-၁ သရေသာ ကစားနိုင်ခဲ့ပြီး နောက်တစ်ဆင့်တက်နိုင်ဖို့အတွက် ပင်နယ်တီအဆုံးအဖြတ်လိုအပ်ခဲ့ပါတယ်။ အဲဒီပွဲမှာ မန်ယူဟာ မိနစ် ၉၀ အတွင်း ဂိုးကန်သွင်းချက် အကြိမ် ၃၀ ရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဂရင်းဝုဒ်သွင်းတဲ့ ၁ ဂိုးသာရခဲ့ကာ ဦးဆောင်ဂိုးရပြီး ၈ မိနစ်အကြာမှာပဲ အောက်တန်းအသင်းငယ်လေးကို ချေပဂိုးပြန်ပေးခဲ့ရတာပါ။

”ပွဲစဉ်အတော်များများမှာ ကျွန်တော်တို့ ၁-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ အခုလည်း ၁-၀ နဲ့ဦးဆောင်နိုင်ခဲ့ပေမယ့် အဲဒီနောက် ခင်ဗျားတို့တွေ့ကြတဲ့အတိုင်းပါပဲ။ ဒီအချိန်မှာ အဲဒါက အဓိကဖြစ်နေတာပါ။ ကလေးတွေအတွက်လည်း သင်ယူစရာတစ်ခုပါပဲ။ ကျွန်တော်တို့ ဒုတိယဂိုးရဖို့ လိုအပ်ပါတယ်။ ဒီအသင်းမှာက တစ်ဂိုးနဲ့ ကျေနပ်နေလို့ မရပါဘူး။ လုံလောက်ပြီထင်ရင်တော့ ကျွန်တော်တို့လိုချင်တာ အဲဒါမဟုတ်ပါဘူး။ ပင်နယ်တီကန်ဖို့ ကစားသမားတွေရဲ့ယုံကြည်မှုကိုတော့ ကျွန်တော်အရမ်းကျေနပ်ပါတယ်။ ခင်ဗျားတို့သိတဲ့အတိုင်းပဲ ကျွန်တော်တို့ဟာ တကယ့်ပွဲတွေကစားတာထက် ပင်နယ်တီအဆုံးအဖြတ်မှာ ပိုကေင်းနေပါတယ်”လို့ ရော့ချ်ဒေးနဲ့ပွဲစဉ်အပြီးမှာ ဆိုးလ်ရှားက ပြောခဲ့တာပါ။

ရော့ချ်ဒေးဟာ သူတို့လိဂ်မှာ ရလဒ်တွေဆိုးရွားနေပြီး အဆင့် ၁၇ နေရာရောက်နေတဲ့အသင်းပါ။ မကြာသေးခင်ပွဲတွေမှာလည်း ပီတာဘရော့ရဲ့ဂိုးဒါဇင်ဝက်သွင်းခြင်းခံခဲ့ရကာ မန်စီးတီးယူ-၂၁ အသင်းကတောင် သာသာယာယာနဲ့ ၂ ဂိုးပြတ်အနိုင်ယူခြင်းခံထားရတဲ့အသင်းဖြစ်ပါတယ်။ ဒီလိုအသင်းကိုတောင် ဆိုးလ်ရှားရဲ့မန်ယူဟာ အိုးလ်ထရက်ဖို့ဒ်မှာ ပင်နယ်တီအဆုံးအဖြတ်ထိရောက်ခဲ့ရတာပါ။