
Photo Credit ; Getty Images
Photo Credit
တနဂၤေႏြေန႔က ကန္ဆက္စီးတီးအသင္းကို ၇-၂ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ဂလက္ဆီအသင္းအတြက္ ဂိုးသြင္းစံခ်ိန္သစ္တင္ႏိုင္ခဲ့ၿပီးေနာက္ ၀ါရင့္တုိက္စစ္မွဴး အီဘရာဟီမိုဗစ္က သူ႕အတြက္ ဂိုးသြင္းရတာ လြယ္ကူေနေၾကာင္း ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။
Photo Credit
ဆီြဒင္အသင္းေခါင္းေဆာင္ေဟာင္း အီဘရာဟီမိုဗစ္ဟာ ကန္ဆက္စီးတီးနဲ႔ပဲြမွာ ဟက္ထရစ္သြင္းယူႏိုင္ခဲ့ၿပီးေနာက္ ယခုရာသီသြင္းဂိုးက ၂၆ ဂိုးရွိလာၿပီျဖစ္ရာ ဂလက္ဆီအသင္းသမုိင္းတစ္ေလွ်ာက္ ေမဂ်ာလိဂ္တစ္ရာသီအတြင္း ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ ကားလုိ႔စ္႐ုဇ္ကို ေက်ာ္ျဖတ္ကာ ရပ္တည္ႏိုင္ခဲ့ပါတယ္။
Photo Credit
ေနာက္ၿပီး ရာသီကုန္ဖု႔ိ ၄ပြဲသာလုိေတာ့ခ်ိန္မွာ ဂလက္ဆီအသင္းက အဲဒီလုိဂိုးျပတ္အႏိုင္ပြဲရခဲ့တာေၾကာင့္ ၀က္စ္တန္ကြန္းဖရန္႔အမွတ္ေပးဇယားၿပိဳင္ပြဲရဲ႕ အဆင့္ ၅ေနရာ တက္လွမ္းႏုိင္ခဲ့ၿပီး ရာသီအကုန္မွာ ခ်န္ပီယံဆုအတြက္ Play-off ကစားဖို႔ အခြင့္အေရးလည္း ပိုမ်ားလာပါတယ္။
Photo Credit
ပီအက္စ္ဂ်ီနဲ႔ ယူႏုိက္တက္တုိက္စစ္မွဴးေဟာင္း မုိဗစ္က ”ကၽြန္ေတာ့္အတြက္ေတာ့ ဂိုးေတြသြင္းေနတာက လြယ္ကူပါတယ္။ ခင္ဗ်ားလည္း ဇလာတန္လုိလုိက္လုပ္႐ုံပဲ။ ဒီလုိဆုိရင္ ဂုိးေတြက ခင္ဗ်ားဆီ ေရာက္လာလိမ့္မယ္။ ကၽြန္ေတာ္ဟာ အေကာင္းဆုံးနည္းလမ္းနဲ႔ အသင္းကို ကူညီႏိုင္ဖို႔ ႀကိဳးစားေနတာျဖစ္ၿပီး ဒီအတြက္ေၾကာင့္လည္း အခုလိုဂိုးေတြသြင္းယူေနတာပါ”
Photo Credit
”ကၽြန္ေတာ့္အေနနဲ႔ ဒီပုံစံအတုိင္းဆက္ကစားႏုိင္ဖို႔ပဲႀကိဳးစားေနၿပီး အားလုံးအတြက္ ပိုမိုလြယ္ကူသြားေအာင္ သြင္းဂုိးေတြနဲ႔ ကူညီေပးခ်င္ပါတယ္”လုိ႔ ေျပာၾကားခဲ့ပါတယ္။ ဂလက္ဆီဟာ ဂိုးျပတ္ေအာင္ပြဲဖန္တီးႏုိင္ခဲ့ေပမယ့္ ေနာက္ကေနလုိက္ကစားခဲ့ရတာျဖစ္ၿပီး အီဘရာဟီမိုဗစ္က ေခ်ပဂိုးလုိက္သြင္းခဲ့ရကာ ဒုတိယပိုင္းေရာက္မွ သြင္းဂိုးေတြအမ်ားအျပားသြင္းယူႏုိင္ခဲ့တာပါ။
Photo Credit
ယခုရာသီေမဂ်ာလိဂ္ၿပိဳင္ပဲြရဲ႕ဂိုးသြင္းအမ်ားဆုံးကစားသမားစာရင္းမွာ ထိပ္ဆုံးေရာက္ေနတဲ့ တိုက္စစ္မွဴး ကားလုိ႔စ္ဗီလာရဲ႕ေနာက္ ၂ဂိုးအကြာမွာ ရပ္တည္ေနတဲ့ မိုဗစ္က ”ႀကီးက်ယ္တဲ့ရလဒ္ျဖစ္သလို ပြဲေကာင္းတစ္ပြဲလည္းျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ ပထမပုိင္းမွာ အျပန္အလွန္ကစားခဲ့ရၿပီး ၿပိဳင္ဘက္က အေကာင္းဆုံးကစားႏိုင္ခဲ့ပါတယ္”လုိ႔ ေျပာၾကားခဲ့ပါတယ္။
Photo Credit
Unicode
သူ့အတွက် ဂိုးတွေသွင်းရတာ လွယ်ကူနေတယ်လို့ ဂိုးသွင်းစံချိန်ရှင်အီဘရာဟီမိုဗစ် ဖွင့်ဟ
တနင်္ဂနွေနေ့က ကန်ဆက်စီးတီးအသင်းကို ၇-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဂလက်ဆီအသင်းအတွက် ဂိုးသွင်းစံချိန်သစ်တင်နိုင်ခဲ့ပြီးနောက် ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က သူ့အတွက် ဂိုးသွင်းရတာ လွယ်ကူနေကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဆွီဒင်အသင်းခေါင်းဆောင်ဟောင်း အီဘရာဟီမိုဗစ်ဟာ ကန်ဆက်စီးတီးနဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် ယခုရာသီသွင်းဂိုးက ၂၆ ဂိုးရှိလာပြီဖြစ်ရာ ဂလက်ဆီအသင်းသမိုင်းတစ်လျှောက် မေဂျာလိဂ်တစ်ရာသီအတွင်း ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ကားလို့စ်ရုဇ်ကို ကျော်ဖြတ်ကာ ရပ်တည်နိုင်ခဲ့ပါတယ်။
နောက်ပြီး ရာသီကုန်ဖု့ိ ၄ပွဲသာလိုတော့ချိန်မှာ ဂလက်ဆီအသင်းက အဲဒီလိုဂိုးပြတ်အနိုင်ပွဲရခဲ့တာကြောင့် ဝက်စ်တန်ကွန်းဖရန့်အမှတ်ပေးဇယားပြိုင်ပွဲရဲ့ အဆင့် ၅နေရာ တက်လှမ်းနိုင်ခဲ့ပြီး ရာသီအကုန်မှာ ချန်ပီယံဆုအတွက် Play-off ကစားဖို့ အခွင့်အရေးလည်း ပိုများလာပါတယ်။
ပီအက်စ်ဂျီနဲ့ ယူနိုက်တက်တိုက်စစ်မှူးဟောင်း မိုဗစ်က ”ကျွန်တော့်အတွက်တော့ ဂိုးတွေသွင်းနေတာက လွယ်ကူပါတယ်။ ခင်ဗျားလည်း ဇလာတန်လိုလိုက်လုပ်ရုံပဲ။ ဒီလိုဆိုရင် ဂိုးတွေက ခင်ဗျားဆီ ရောက်လာလိမ့်မယ်။ ကျွန်တော်ဟာ အကောင်းဆုံးနည်းလမ်းနဲ့ အသင်းကို ကူညီနိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး ဒီအတွက်ကြောင့်လည်း အခုလိုဂိုးတွေသွင်းယူနေတာပါ”
”ကျွန်တော့်အနေနဲ့ ဒီပုံစံအတိုင်းဆက်ကစားနိုင်ဖို့ပဲကြိုးစားနေပြီး အားလုံးအတွက် ပိုမိုလွယ်ကူသွားအောင် သွင်းဂိုးတွေနဲ့ ကူညီပေးချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ဂလက်ဆီဟာ ဂိုးပြတ်အောင်ပွဲဖန်တီးနိုင်ခဲ့ပေမယ့် နောက်ကနေလိုက်ကစားခဲ့ရတာဖြစ်ပြီး အီဘရာဟီမိုဗစ်က ချေပဂိုးလိုက်သွင်းခဲ့ရကာ ဒုတိယပိုင်းရောက်မှ သွင်းဂိုးတွေအများအပြားသွင်းယူနိုင်ခဲ့တာပါ။
ယခုရာသီမေဂျာလိဂ်ပြိုင်ပွဲရဲ့ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ ထိပ်ဆုံးရောက်နေတဲ့ တိုက်စစ်မှူး ကားလို့စ်ဗီလာရဲ့နောက် ၂ဂိုးအကွာမှာ ရပ်တည်နေတဲ့ မိုဗစ်က ”ကြီးကျယ်တဲ့ရလဒ်ဖြစ်သလို ပွဲကောင်းတစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ပထမပိုင်းမှာ အပြန်အလှန်ကစားခဲ့ရပြီး ပြိုင်ဘက်က အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။