သူ့ရဲ့အိပ်မက်ဒင်နာပါတီမှာ ဒီဘရူနီကို ဖိတ်ချင်ခဲ့တဲ့ ပူပူနွေးနွေးအော်စကာဆုရဒါရိုက်တာဘောင်ဂျွန်ဟို

photo-gettyimages

photo-gettyimages

ကိုရီးယားရဲ့ထိပ်တန်းဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ဘောင်ဂျွန်ဟိုဟာ မကြာသေးခင်ရက်ပိုင်းက ကျင်းပခဲ့တဲ့ အော်စကာဆုပေးပွဲကြီးမှာ သမိုင်းသစ်ရေးနိုင်ခဲ့ပြီး သူ့ရဲ့Parasite ဇာတ်ကားဟာ ၉၂ ကြာဆုပေးပွဲသမိုင်းမှာ အဓိကဆုကြီးဖြစ်တဲ့ အကောင်းဆုံးဇာတ်ကားဆုကို ရရှိခဲ့တဲ့ ပထမဆုံးပြည်ပဇာတ်ကားဖြစ်လာခဲ့တာပါ။ ဒါ့အပြင် Parasite ဟာ အော်စကာဆုပေးပွဲရဲ့အကောင်းဆုံးပြည်ပဇတ်ကားဆုကိုရရှိခဲ့ပြီး ဘောင်ဂျွန်ဟိုကိုယ်တိုင်လည်း အကောင်းဆုံးဒါရိုက်တာဆုနဲ့အကောင်းဆုံးဇတ်ညွန်းဆုတို့ကို ရရှိခဲ့ပါတယ်။

photo-gettyimages

ဒီလိုမျိုးအမေရိကန်ရဲ့ဂုဏ်သိက္ခာကြီးမြင့်တဲ့အော်စကာဆုပေးပွဲကြီးမှာ ဘောင်ဂျွန်ဟိုဟာ အံ့အားသင့်ဖွယ်အောင်မြင်ခဲ့သလို သူနဲ့ပတ်သက်တဲ့နောက်ထပ်အံ့အားသင့်စရာကတော့ မန်စီးတီးကွင်းလယ်လူဒီဘရူနီရဲ့အမာခံပရိသတ်တစ်ယောက်ဖြစ်နေတာပါပဲ။ ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းက အဲဒီတောင်ကိုရီးယားသားဟာ အွန်လိုင်းပေါ်မှာ အင်တာဗျူးတစ်ခုလုပ်ခဲ့ပါတယ်။

photo-gettyimages

အဲဒီမှာ ပရိသတ်တစ်ယောက်က”ခင်ဗျားရဲ့နောက်ဆုံးညစာဖြစ်မယ်ဆိုရင် ဖိတ်ချင်တဲ့ ၅ ယောက်က ဘယ်သူတွေဖြစ်မလဲ(ကွယ်လွန်ပြီးသား ဒါမှမဟုတ် သက်ရှိထင်ရှား)”လို့ မေးမြန်းခဲ့ပါတယ်။ ဒီတော့ ဘောင်ဂျွန်ဟိုရဲ့အဖြေထဲမှာ လုံးဝမမျှော်လင့်ထားတဲ့နာမည်တစ်ခုပါဝင်နေပါတယ်။ ”ဟစ်ချ်ကော့၊ယူနာကင်၊ဒီဘရူနီ၊မာတင်စကိုးဆီးနဲ့အထက်တန်းကျောင်းတုန်းက ကျွန်တော့်ရဲ့ဟီရိုးဖြစ်တဲ့ ဂျင်မီပေ့ချ်တို့ပါ”တဲ့။ အဲဒီထဲမှာ ၂ ယောက်က နာမည်ကြီးရုပ်ရှင်ဒါရိုက်တာတွေဖြစ်ကြပြီး Led Zeppelin ရော့ခ်ဂီတအဖွဲ့ရဲ့ဂီတာသမားရယ်၊တောင်ကိုရီးယားအလှပြစကိတ်စီးမယ်ရယ်နဲ့ မန်စီးတီးရဲ့သိပ်ကောင်းတဲ့ဘယ်လ်ဂျီယံကွင်းလယ်လူတု့ိဖြစ်ကြပါတယ်။ ဒီဘရူနီဟာ ဒီရာသီပြိုင်ပွဲအရပ်ရပ် ၃၁ ပွဲမှာ ၇ ဂိုးသွင်း၊ ၁၈ ဂိုးတောင်ဖန်တီးပေးထားတာဆိုတော့ ဘောင်ဂျွန်ဟိုသိပ်ကြိုက်တာဟာ အံ့သြစရာမရှိပါဘူး။

[Zawgyi]

သူ႔ရဲ႕အိပ္မက္ဒင္နာပါတီမွာ ဒီဘရူနီကို ဖိတ္ခ်င္ခဲ့တဲ့ ပူပူေႏြးေႏြးေအာ္စကာဆုရဒါရိုက္တာေဘာင္ဂၽြန္ဟို

ကိုရီးယားရဲ႕ထိပ္တန္းဒါရိုက္တာတစ္ေယာက္ျဖစ္တဲ့ ေဘာင္ဂၽြန္ဟိုဟာ မၾကာေသးခင္ရက္ပိုင္းက က်င္းပခဲ့တဲ့ ေအာ္စကာဆုေပးပြဲႀကီးမွာ သမိုင္းသစ္ေရးႏိုင္ခဲ့ၿပီး သူ႔ရဲ႕Parasite ဇာတ္ကားဟာ ၉၂ ၾကာဆုေပးပြဲသမိုင္းမွာ အဓိကဆုႀကီးျဖစ္တဲ့ အေကာင္းဆုံးဇာတ္ကားဆုကို ရရွိခဲ့တဲ့ ပထမဆုံးျပည္ပဇာတ္ကားျဖစ္လာခဲ့တာပါ။ ဒါ့အျပင္ Parasite ဟာ ေအာ္စကာဆုေပးပြဲရဲ႕အေကာင္းဆုံးျပည္ပဇတ္ကားဆုကုိရရွိခဲ့ၿပီး ေဘာင္ဂၽြန္ဟိုကိုယ္တိုင္လည္း အေကာင္းဆုံးဒါရုိက္တာဆုနဲ႔အေကာင္းဆုံးဇတ္ညြန္းဆုတုိ႔ကို ရရွိခ့ဲပါတယ္။

ဒီလိုမ်ိဳးအေမရိကန္ရဲ႕ဂုဏ္သိကၡာႀကီးျမင့္တဲ့ေအာ္စကာဆုေပးပြဲႀကီးမွာ ေဘာင္ဂၽြန္ဟိုဟာ အံ့အားသင့္ဖြယ္ေအာင္ျမင္ခဲ့သလို သူနဲ႔ပတ္သက္တဲ့ေနာက္ထပ္အံ့အားသင့္စရာကေတာ့ မန္စီးတီးကြင္းလယ္လူဒီဘရူနီရဲ႕အမာခံပရိသတ္တစ္ေယာက္ျဖစ္ေနတာပါပဲ။ ၿပီးခဲ့တ့ဲႏို၀င္ဘာလတုန္းက အဲဒီေတာင္ကိုရီးယားသားဟာ အြန္လုိင္းေပၚမွာ အင္တာဗ်ဴးတစ္ခုလုပ္ခဲ့ပါတယ္။

အဲဒီမွာ ပရိသတ္တစ္ေယာက္က”ခင္ဗ်ားရဲ႕ေနာက္ဆုံးညစာျဖစ္မယ္ဆိုရင္ ဖိတ္ခ်င္တဲ့ ၅ ေယာက္က ဘယ္သူေတြျဖစ္မလဲ(ကြယ္လြန္ၿပီးသား ဒါမွမဟုတ္ သက္ရွိထင္ရွား)”လို႔ ေမးျမန္းခ့ဲပါတယ္။ ဒီေတာ့ ေဘာင္ဂၽြန္ဟိုရဲ႕အေျဖထဲမွာ လုံး၀မေမွ်ာ္လင့္ထားတဲ့နာမည္တစ္ခုပါ၀င္ေနပါတယ္။ ”ဟစ္ခ်္ေကာ့၊ယူနာကင္၊ဒီဘရူနီ၊မာတင္စကိုးဆီးနဲ႔အထက္တန္းေက်ာင္းတုန္းက ကၽြန္ေတာ့္ရဲ႕ဟီရုိးျဖစ္တဲ့ ဂ်င္မီေပ့ခ်္တို႔ပါ”တဲ့။ အဲဒီထဲမွာ ၂ ေယာက္က နာမည္ႀကီးရုပ္ရွင္ဒါရိုက္တာေတြျဖစ္ၾကၿပီး Led Zeppelin ေရာ့ခ္ဂီတအဖြဲ႔ရဲ႕ဂီတာသမားရယ္၊ေတာင္ကိုရီးယားအလွျပစကိတ္စီးမယ္ရယ္နဲ႔ မန္စီးတီးရဲ႕သိပ္ေကာင္းတဲ့ဘယ္လ္ဂ်ီယံကြင္းလယ္လူတု႔ိျဖစ္ၾကပါတယ္။ ဒီဘရူနီဟာ ဒီရာသီၿပိဳင္ပြဲအရပ္ရပ္ ၃၁ ပြဲမွာ ၇ ဂိုးသြင္း၊ ၁၈ ဂိုးေတာင္ဖန္တီးေပးထားတာဆုိေတာ့ ေဘာင္ဂၽြန္ဟိုသိပ္ႀကိဳက္တာဟာ အံ့ၾသစရာမရွိပါဘူး။